#World_Health
Published 4 December 2022
ဂျပန်ဇီဝနည်းပညာကုမ္ပဏီတစ်ခုက သန်ကောင်များရဲ့ အနံ့ခံစွမ်းရည်ကိုအသုံးချကာ ပန်ကရိယကင်ဆာကို စစ်ဆေးစမ်းသပ်နိုင်မယ့် ကမ္ဘာ့ပထမဆုံးနည်းပညာကို တီထွင်လိုက်ကြကြောင်း ဆိုပါတယ်။
Hirotsu Bio Science ကုမ္ပဏီဟာ N-NOSE plus Pancreas test ဆိုတဲ့စမ်းသပ်စစ်ဆေးခြင်းကို နိုဝင်ဘာလအတွင်း ထုတ်လုပ်လိုက်ပြီဖြစ်ပြီး ဂျပန်နိုင်ငံမှာ တိုက်ရိုက်ကြော်ငြာထားသလို ၂၀၂၃ ခုနှစ်မှာ အမေရိကန်ထံ ပို့ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။
စမ်းသပ်မယ့်လူက ဆီးနမူနာကို ဓာတ်ခွဲခန်းသို့ပို့ဆောင်ပေးကာ စမ်းသပ်ခွက်ငယ်ထဲမှာ နီမာတုတ်လို့ခေါ်တဲ့ ချေးပိုးကောင်တွေနဲ့ ရောထားလိုက်ပါတယ်။
သိပ္ပံနာမည် C.elegans လို့အမည်ရပြီး ဒီသန်ကောင်တွေဟာ ခွေးတွေထက် အနံ့ခံအာရုံပိုကောင်းကာ ကင်ဆာဆဲလ်တွေဆီ အနံ့ခံသွားနိုင်ပါတယ်။
၁ မီလီမီတာခန့်သာရှိတဲ့ ဒီသတ္တဝါတွေဟာ ရောဂါရှာဖွေရေးပစ္စည်းဖြစ်လာတယ်လို့ ကုမ္ပဏီတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ 'တာကာကီဟီရိုဆု'က ပြောကြားခဲ့ပါတယ်။
Hirotsu Bio ကုမ္ပဏီဟာ ၂၀၂၀ ဇန်နဝါရီလတုန်းကလည်း N-NOSE consumer စစ်ဆေးစမ်းသပ်နည်းကို ထုတ်လုပ်ခဲ့ပြီး ကင်ဆာဖြစ်နိုင်ချေရှိ/မရှိ သိရှိစေပါတယ်။
အခုနောက်ဆုံးထုတ်လုပ်မှုမှာတော့ မျိုးရိုးဗီဇပြောင်းလဲထားတဲ့ ချေးပိုးကောင်တွေအနေနဲ့ ပန်ကရိယကင်ဆာဆဲလ်တွေကနေ ဝေးရာကို ထွက်ခွာကုန်ကြတာဖြစ်ပါတယ်။
ပန်ကရိယကင်ဆာက ရောဂါရှာဖွေဖို့ခက်ခဲပြီး ပျံ့နှံ့မှုမြန်ဆန်တာကြောင့် အရင်ဆုံးသူ့အတွက် ဖန်တီးရတာဖြစ်ပါတယ်။
လာမယ့်နှစ်တွေမှာတော့ အသည်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာတို့ကို စမ်းသပ်စစ်ဆေးနိုင်မယ့်နည်းလမ်းများ ရှာဖွေနိုင်ဖို့မျှော်လင့်ထားပါတယ်။
ပန်ကရိယကင်ဆာစစ်ဆေးနည်းက ၅၀၅ ဒေါ်လာကျသင့်မှာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုလုပ်ငန်းစဉ်များ စနစ်တကျချမှတ်ထားတဲ့ ဂျပန်နိုင်ငံမှာတောင် သာမန်ရောဂါစစ်ဆေးခြင်းထက် ပိုပြီးအကုန်အကျများမှာဖြစ်ပါတယ်။
ဝယ်ယူသူတွေထံ တိုက်ရိုက်ရောင်းချဖို့ စီစဉ်နေခြင်းက ရလဒ်မှားယွင်းမှုများလာမှာကို ဆရာဝန်အချို့က ဝေဖန်နေကြပါတယ်။
N-NOSE စမ်းသပ်နည်းက အခြားရောဂါစစ်ဆေးနည်းတွေလို တိကျမှုရှိပြီး ရောဂါကိုစောစီးကာ ရှာဖွေနိုင်ကာ နောက်ထပ်စမ်းသပ်မှုများနဲ့ ကုသမှုများကို အချိန်မီဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_3 December 2022
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်တွေပေါ်မှာ အကြမ်းဖက်လုယက်မှုတွေ မကြာခဏဖြစ်ပွားနေတာကြောင့် ယာဉ်တွေပေါ်မှာ ရဲတပ်ဖွဲ့နဲ့ တိုက်ရိုက်ချိတ်ဆက်သတင်းပေးပို့တဲ့ စနစ်ကို စတင်လုပ်ဆောင်နေတယ်လို့ YRTC က နေသိရပါတယ်။
#Yangon_Media_Group
#Local_News
Published_3 December 2022
မြန်မာနိုင်ငံကနေ တရုတ်ကို စားသောက်ကုန်ပစ္စည်းများတင်ပို့ရာတွင် GACC ထံ မှတ်ပုံတင်ရမယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#World_Archaeology
Published 3 December 2022
ရှေးဟောင်းသုတေသနပညာရှင်များဟာ စပိန်ခေတ်မတိုင်ခင်က ဒဏ္ဍာရီလာမြင်ကွင်းများကို ပုံဖော်ထားတဲ့ နံရံဆေးရေးပန်းချီကားကို ပီရူးမြောက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 3 Dec 2022
- အနာကြီးရောဂါကို တစ်ဦးချင်းစီက ကာကွယ်နိုင်ပါသလား??
#Yangon_Media_Group
#Local _News
Published_3 December 2022
ငါးပုတ်သင်ကို မျိုးထိန်းသိမ်းပြီး ငါးအရေအတွက်ထွက်ရှိမှုနှုန်း ပိုမိုများပြားအောင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်းလုပ်ဆောင်လျှက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 3 Dec 2022
- အနာကြီးရောဂါအဖြစ်အများဆုံး နံပါတ်(၁)က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံပါ။ အဲဒီအချက်ကြောင့် မြန်မာနိုင်ငံအနေနှင့် ပိုပြီးဂရုစိုက်သင့်ပါသလား??
#Yangon_Media_Group
#DailyNews
Published _ 3 December 2022
၁။ ငါးပုတ်သင်ကို မျိုးထိန်းသိမ်း၍ ထွက်ရှိနှုန်းပိုများအောင် လုပ်ဆောင်နေ
၂။ တရုတ်သို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်
၃။ YBS များအပေါ် အကြမ်းဖက်လုယက်မှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် ယာဉ်များတွင် ရဲတပ်ဖွဲ့နှင့်တိုက်ရိုက်ချိတ်ဆက်သတင်းပေးပို့သည့်စနစ် စတင်လုပ်ဆောင်နေ
၄။ ရာစုနှစ်တစ်ခုတိုင်အောင် ပျောက်ဆုံးနေသည့် ပီရူးရှေးဟောင်းနံရံဆေးရေးပန်းချီအား ရှာဖွေတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 3 Dec 2022
- ကမ္ဘာပေါ်မှာ အနာကြီးရောဂါအဖြစ်အများဆုံး(၁၀)နိုင်ငံထဲမှာ အာရှနိုင်ငံ(၄)နိုင်ငံပါ နေပါတယ်။ ဘာကြောင့်ပါလဲ??
#Yangon_Media_Group
#Local_News
Published_ 3 December 2022
ပြည်တွင်း ဒေသ(၇)ခုဖြစ်သော တောင်ငူလေကြောင်းမိုးလေဝသ၊ ဧလာလေဆိပ်၊ ရမည်းသင်း၊ ပခုက္ကူ၊ ပျဉ်းမနား၊ နေပြည်တော်ဥတ္တရသီရိ နှင့် မင်းကင်းစခန်းတို့တွင် စခန်းဖွင့်ခဲ့သည့်နှစ်ကစ၍ ဒီဇင်ဘာလ ၂ ရက်ထိ ကာလအတွင်း တိုင်းတာရရှိသော အမြင့်ဆုံးအပူချိန်များ စံချိန်သစ် တင်ခဲ့ကြကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သည်၊၊
တောင်ငူတွင် လွန်ခဲ့သော(၂၃)နှစ်က အမြင့်ဆုံးအပူချိန် (၃၅ ဒသမ ၈)ဒီဂရီစင်တီဂရိတ်မှ ယခုအခါ စံချိန်သစ်အဖြစ် (၃၆ ဒသမ ၈)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော် ဧလာလေဆိပ်တွင် လွန်ခဲ့သော(၁၇)နှစ်က အမြင့်ဆုံးအပူချိန် (၃၅ ဒသမ ဝ)ဒီဂရီစင်တီဂရိတ်မှ ယခုအခါ စံချိန်သစ်အဖြစ် (၃၆ ဒသမ ဝ)ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းတွင် လွန်ခဲ့သော(၅၈)နှစ်က အမြင့်ဆုံးအပူချိန် (၃၅ ဒသမ ၅)ဒီဂရီစင်တီဂရိတ်ရာမှ ယခုအခါ စံချိန်သစ်အဖြစ် (၃၅ ဒသမ ၆)ဒီဂရီစင်တီဂရိတ်၊ပခုက္ကူတွင် လွန်ခဲ့သော(၅၆)နှစ်က အမြင့်ဆုံးအပူချိန် (၃၅ ဒသမ ဝ)ဒီဂရီစင်တီဂရိတ်မှ ယခုအခါ စံချိန်သစ်အဖြစ် (၃၅ ဒသမ ၅)ဒီဂရီစင်တီဂရိတ်၊ ပျဉ်းမနားတွင်လွန်ခဲ့သော(၅၉)နှစ်က အမြင့်ဆုံးအပူချိန် (၃၅ ဒသမ ၂) ဒီဂရီစင်တီဂရိတ်မှ ယခုအခါ စံချိန်သစ်အဖြစ်(၃၅ ဒသမ ၄)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်ဥတ္တရသီရိမြို့နယ်တွင် လွန်ခဲ့သော(၁၀)နှစ်က အမြင့်ဆုံးအပူချိန် (၃၄ ဒသမ ၅)ဒီဂရီစင်တီဂရိတ်မှ ယခုအခါစံချိန်သစ်အဖြစ် (၃၅ ဒသမ ဝ)ဒီဂရီစင်တီဂရိတ်နှင့် ၊မင်းကင်းတွင် လွန်ခဲ့သော(၅၁)နှစ်က အမြင့်ဆုံးအပူချိန် (၃၀ ဒသမ ၅)ဒီဂရီစင်တီဂရိတ်မှ ယခုအခါ စံချိန်သစ်အဖြစ် (၃၁ ဒသမ ၇)ဒီဂရီစင်တီဂရိတ် အသီးသီးရှိခဲ့ကြကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 3 December 2022
ဒီဇင်ဘာလ (၃)ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကသာမြို့အနီးအင်အား(၃.၉)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှသိရသည်၊၊
ကသာမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၁)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကသာမြို့၏ အရှေ့တောင်ဘက် မိုင် (၂၀)ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၉၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်၊၊
မြေငလျင်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းတွင် လှုပ်ခတ်မှုများနေပြီး စစ်ကိုင်းတိုင်းအပါအဝင်စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိမန္တလေး၊မိထ္တီလာ၊ ရမည်းသင်း၊ ပျဉ်းမနားနှင့်ပဲခူးဒေသများတွင် မြေငလျင်အန္တရာယ်သတိပြုဖို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးကလည်း အကြံပြုပြောကြားထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Publushed_3 December 2022
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆ ခုကို ထပ်မံခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ကြေညာထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၁/ ၂၀၂၂) အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် CMP စနစ်နှင့် အဝတ်အထည်၊ ခြေအိတ်၊ ဖိနပ်အမျိုးမျိုး ချုပ်လုပ်သည့်လုပ်ငန်းအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းနှင့် သံမဏိပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ ပါဝင်ကြောင်းသိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏသည် မြန်မာကျပ် သန်း ၁၆၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၇ ဒဿမ ၁၄၈ သန်းရှိပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၈၈၅ ခုကျော်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့်အောက်တိုဘာလတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခုခွင့်ပြုပေးခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်လုပ်ငန်းတွေအပါအဝင် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာ အဆောက်အဦကဏ္ဍတွေပါဝင်ကြောင်း သိရသည်။
ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအများဆုံးမှာ အာဆီယံနိုင်ငံများနှင့် ဟောင်ကောင်၊ တရုတ်တို့ဖြစ်ပြီး တရုတ်သည် တတိယနေရာတွင် ရှိနေကြောင်း အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် ၅၄ ရာခိုင်နှုန်းအထိရှိပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုသည် ၁၃ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1423 of 1949