Published_4 Dec 2022
အလုပ်ထဲမှာ ပျော်ရွှင်မှုမရှိတဲ့ ဝန်ထမ်းတစ်ဦးကို ပြင်သစ်အကြံပေးကုမ္ပဏီတစ်ခုက အလုပ်မှထုတ်ပစ်လိုက်တဲ့အပေါ် ပြင်သစ်တရာရုံးက သူ့အနေနှင့် အလုပ်ထဲမှာ သူကြိုက်သလို ပျင်းခြောက်ခြောက်နေခွင့်ပြုစေလို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ပါရီအခြေစိုက် ပြင်သစ် စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီ ကျူဘစ်ပါတနာ ဟာ မစ္စတာတီ(အမည်ရင်းမဟုတ်)လို့အမည်ပေးထားတဲ့ အဲဒီဝန်ထမ်းကို သူဟာ အလုပ်လုပ်ရခက်ခဲသူ၊ နားထောင်မှုညံ့ဖျင်းသူဖြစ်ပြီး ပျင်းခြောက်ခြောက်နေသူဖြစ်တယ်လို့ စောဒကတက်ခဲ့ပါတယ်။ သူဟာ ကုမ္ပဏီရဲ့ အသင်းအဖွဲ့တည်ဆောက်ခြင်းအစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အလုပ်ချိန်ပြီးတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေနှင့် အပြင်ထွက်သွားလာခြင်း ၊ သူတို့နှင့်အတူ အရက်ကို အလွန်အကျွံသောက်ခိုင်းခြင်းစတဲ့ အစီအစဉ်မှာလည်း ပါဝင်ခဲ့ခြင်းမရှိဘူးလို့ ကုမ္ပဏီက ပြောပါတယ်။
ကျူဘစ်ပါတနာက ပရော်ဖက်ရှင်နယ်မပြည့်ဝတဲ့အတွက်ဆိုကာ သူ့ကို အလုပ်မှထုတ်ပစ်လိုက်ပြီးတဲ့နောက် မစ္စတာ တီဟာ အဆိုပါကိစ္စကို တရားရုံးတက်ခဲ့ပါတယ်။ ဝန်ထမ်းတစ်ဦးကို ပျင်းခြောက်ခြောက်နေလို့ အလုပ်ကနေထုတ် ပစ်တယ်ဆိုတာ ဥပဒေနှင့်မညီဘူးလို့ သူက စောဒကတက်ပါတယ်။ အဲဒီအမှုမှာ တရားရုံးမှာ နှစ်များစွာကြာပြီး တဲ့နောက် ယခု တရားရုံးက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားဘက်ကို အနိုင်ပေးခဲ့တာဖြစ်ပါတယ်။
အကြံပေးကုမ္ပဏီဟာ လူတစ်ဦးကို ဆီမီနာတွေ အတင်းတက်ခိုင်းတာ၊ ရုံးပိတ်ရက်အပြင်ထွက်ပြီး အရက်တွေအတူ အလွန်အကျွံ အတင်းသောက်ခိုင်းတာတွေ လုပ်ပိုင်ခွင့်မရှိဘူးလို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာဖော်ပြထားပါတယ်။
ကျူဘစ်ပါတနာဟာ ဆီမီနာအတွင်း လုပ်ဖောက်ကိုင်ဖက်တစ်ဦးနှင့်တစ်အိပ်ရာထဲအိပ်ခိုင်းတာမျိုး၊ နာမည်ပြောင်ပေးတာမျိုးစတာတွေလုပ်တာဟာလည်း ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တွေကို စော်ကားမော်ကားလုပ်တာတွေဖြစ်တယ်လို့ တရားရုံးကပြောပါတယ်။
ပါတီပွဲတွေကို မစ္စတာတီအနေနှင့် ငြင်းဆိုခွင့်ရှိတယ်လို့ ဆုံးဖြတ်တဲ့အပြင် တရားရုံးက မစ္စတာတီကို ဒေါ်လာ ၃၀၀၀ နစ်နာကြေးပေးဖို့ပါအမိန့်ချခဲ့ရာမှာ သူကနောက်ထပ် အပိုဒေါ်လာ၄၇၃,၀၀၀ ထပ်တောင်းခဲ့ပါတယ်။ အဲဒီအတွက် တရားရုံးက ဆက်ပြီးကြားနာရဦးမှာဖြစ်ပါတယ်။
Source: NYPost
#Boring_Employee_Win_in_Court_Favour
#Mr_T
#France_Workplace


Published 4 December 2022
အိန္ဒိယရုပ်သံ အမှုဆောင်တစ်ဦးဖြစ်တဲ့ အာသာ ရာရှက်ဟာ ထိပ်ပြောင်တစ်ဦးပါ။ သူဟာ ချောမောတဲ့သူတစ်ဦးလို့ဖြစ်ချင်ပြီး အိမ်ထောင်ပြုချင်ပါပြီ။ ဒါပေမယ့် အသက် ၃၀ အရွယ်သူအနေနှင့် အန္တရာယ်မရှိဘူးလို့ မြင်မိတဲ့ ဆံပင်အစားထိုးခွဲစိတ်ကုသမှုဟာ တကယ်တမ်းတော့ သေလုမျောပါးဖြစ်တဲ့အထိ မှားသွားခဲ့ပြီဆိုတာသူသိလိုက်ရပါတော့တယ်။
အမျိုးသမီးတွေဟာ သူတို့ရဲ့ ရုပ်ဆင်းသွင်ပြင်နှင့် ချိန်ထိုးတန်ဖိုးဖြတ်လေ့ရှိခဲ့ကြပါတယ်။ အခုတော့ ရုပ်ဝတ္တုနောက် လိုက်ပါလာမှု တိုးပွားလာနေတဲ့ အိန္ဒိယလူမှုအဖွဲ့အစည်းမှ အမျိုးသားတွေဟာလည်း သူတို့ကိုယ်သူတို့ နုပျိုလှပဖို့ ၊ကြည့်ပျော်ရှုပျော်ရှိဖို့နှင့် သူတို့ရဲ့ လူမှုရပ်တည်နေမှုတွေ ဆုံးရှုံးမှာ စိုးရွံမှုတွေရဲ့ ဖိအားကို ခံစားနေကြရပါတယ်။
အဲဒါကြောင့် ဖြုန်းလို့ရတဲ့ ဝင်ငွေတွေမြင့်တက်လာပြီး တစ်ကိုယ်ရည်ရုပ်သွင်ကို ပိုပြီး အားကောင်းလာဖို့ အာရုံစိုက်ကြတဲ့အနေနှင့် ထိပ်ပြောင်အမျိုးသားတွေဟာပိုပြီးတော့ ဆံပင်အစားထိုးခွဲစိတ်ကုသမှုခံယူလာကြပါတယ်။
ဒါပေမယ့် အားနည်းလှတဲ့ ဥပဒေတွေနှင့် လုပ်ထုံးလုပ်နည်းတွေကြောင့် တစ်ခါတစ်ခါ အချို့ အပျော်တမ်းသမားတွေဟာ ယူကျုကနေကြည့်ပြီး ခွဲစိတ်ကုသမှုတွေလုပ်ပေးနေကြလို့ အသက်ဆုံးရှုံးမှုတွေအထိဖြစ်နေကြရပါတယ်။
ရာရှက်ဟာ မိသားစုတစ်စုလုံးကို တစ်ဦးတည်းလုပ်ကျွေးနေသူဖြစ်ပြီး အိမ်တစ်လုံးပိုင်ဆိုင်ဖို့နှင့် သူ့နှမနှစ်ဦးအိမ်ထောင်ပြုပေးဖို့ စတဲ့ ပိုကောင်းမွန်တဲ့ ဘဝကို မျှော်လင့်သူပါ။
ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့နှစ်က ဒေလီမှာရှိတဲ့ ဆံကေသာခွဲစိတ်ခန်းတစ်ခုမှာ ဆံပင်အစားထိုးခွဲစိတ်ကုသမှုလုပ်ပြီးတဲ့နောက် ပိုးဝင်သွားခဲ့ပါတယ်လို့ တုန်လှုပ်နေတဲ့ အသက် ၆၂နှစ်အရွယ်သူ့မိခင် အက်ဆီယာ ဘီဂမ်က အေအက်ဖ်ပီကိုပြောပါတယ်။
ဦးခေါင်းကစပြီး သူဟာဖူးရောင်လာပါတယ်။သူဟာ ကြောက်စရာကောင်းလောက်အောင် နာကျင်တဲ့ ဒဏ်ကိုခံစားခဲ့ရပါတယ်။
“ ကျွန်မသားလေးဟာ အလွန်နာကျင်တဲ့ဝေဒနာခံစားရပြီး ကွယ်လွန်သွားခဲ့တယ်။ သူ့ကျောက်ကပ်တွေက အလုပ်ဆက် မလုပ်တော့ဘူး။ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေလည်း ပျက်စီးကုန်တယ်” လို့ သူမက ကြေကွဲစွာပြောပါတယ်။
သေဆုံးခါနီးမှာ ရာရှက်ရဲ ရောင်ကိုင်းနေတဲ့ မျက်နှာကြီးနှင့် ခန္ဓာကိုယ်တစ်ခုလုံး အညိအမည်းစွဲနေတဲ့ ဓာတ်ပုံတွေနှင့်အတူ မိသားစုက ရဲမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။
သူ့ကို ခွဲစိတ်ပေးတဲ့သူနှစ်ဦးအပါအဝင် လူလေးဦးကို ရဲက ဖမ်းဆီးခဲ့ပြီး အမှုကိုစစ်ဆေးဖို့ စောင့်ဆိုင်းနေပါတယ်။
“ ကျွန်မသားကို ဆုံးရှုံးလိုက်ရပေမယ့် လူအချို့ရဲ့ မရိုးမသား လုပ်ဆောင်မှုတွေကြောင့် အခြားမိခင်တွေ ဒီလိုဆုံးရှုံးရတာမျိုး မဖြစ်စေချင်ဘူး” လို့ သူမကပြောပါတယ်။
ကျွမ်းကျင်တဲ့ ခွဲစိတ်ပညာရှင်တွေက ခွဲစိတ်ပေးရင်တော့ ဆံပင်အစားထိုခွဲစိတ်မှုဟာ ဘဝကိုပြောင်းလဲစေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေတိုးပွားစေတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။အထူးသဖြင့် တစ်ကိုယ်ရည်နှင့်လုပ်ငန်းပိုင်းဆိုင်ရာတိုးတက်ဖို့ရှာဖွေနေသူ ငယ်ရွယ်တဲ့အိန္ဒိယအမျိုးသားတွေအတွက်ပါ။
အမျိုးသားတွေဟာ သူတို့ရဲ့တစ်ကိုယ်ရည်ကျော့ရှင်းမှုကို ဘဝဟန်ပန်ပြောင်းလဲမှုအဖြစ် ပိုပြီး အာရုံစိုက်လာကြတယ်လို့ လူမှုရေးသုံးသပ်ဝေဖန်သူ ဟာရစ်လိုင်ယာကပြောပါတယ်။
ဆံပင်အစားထိုးခွဲစိတ်ကုသမှုလုပ်ငန်းစဉ်မှာ မွေးညှင်းပေါက်တွေကို အမွှေးတွေထူထပ်နေတဲ့နေရာကနေ ခွာထုတ်ယူရပါတယ်။ အထူးသဖြင့် ဦးခေါင်းရဲ့နောက်ဘက်ဖြစ်ပါတယ်။ အဲဒီနောက် အဲဒီဆံပင်တွေကို ပြောင်နေတဲ့ ဦးရေခွံတွေနေရာမှာ ပြန်စိုက်ယူရတာပါ။
နယူးဒေလီအရပ်မှာ သူ့ရဲ့ ဈေးကြီးတဲ့ ဆေးခန်းမှာ တစ်လတစ်လကို ခွဲစိတ်ကုသမှု ၁၅ ခုလုပ်ပေးနေရပါတယ်လို့ ဒေါက်တာ မာယန့်ခ်ဆင်းက ပြောပါတယ်။ အများစုဟာ အသက် ၂၅နှစ်မှ ၃၅ နှစ်အကြား လူငယ်အမျိုးသားတွေဖြစ်ကြ ပြီး အိမ်ထောင်ပြုတော့မယ်သူတွေ ဒါမှမဟုတ် လုပ်ငန်းခွင်ထဲ တိုးတက်မှုရှာနေသူတွေလို့ ဆိုပါတယ်။
ခွဲစိတ်ကုသစရိတ်ဟာ တစ်ဦးကို ရူပီး သုံးသိန်းခွဲခန့်(ဒေါ်လာ ၄၃၀၀) ရှိနေပါတယ်။ လူသန်းပေါင်းများစွာဟာ တစ်ရက်ကို နှစ်ဒေါ်လာအောက်ပဲဝင်ငွေရှိနေတဲ့ အိန္ဒိယမှာ ဒီပိုက်ဆံဟာ နည်းနည်းနောနောတော့ မဟုတ်ပါဘူး။
ဒေါက်တာရမ်းကုတွေကြောင့် ဒီအလုပ်ဟာ အတော်နာမည်ပျက်နေပါပြီ လို့ အိန္ဒိယနိုင်ငံ ဆံပင်ပြန်ပေါက်ခွဲစိတ်ကုဆရာဝန်အသင်းရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဒေါက်တာဆင်းကပြောပါတယ်။
လူတွေက ဒီခွဲစိတ်မှုကို အသေးစားလေးလို့ထင်ကြတယ်။ တကယ်တမ်းက ခြောက်နာရီကနေ ရှစ်နာရီလောက်အထိ အချိန်ကြာတတ်တယ်လို့လည်း သူကပြောပါတယ်။
တင်းကြပ်တဲ့ လမ်းညွှန်ထိန်းကျောင်းမှုတွေ တကယ့်ကိုလိုအပ်နေပါပြီလို့လည်း သူကပြောလိုက်ပါတယ်။
Source AFP
#Hair_transplant
#Deadly_hair_tranplant_india
#India_hair_transplant
#Local_News
Published_ 4 December 2022
မြန်မာနိုင်ငံမှာ အရင်ကမသန်စွမ်းသူဦးရေ(၄.၆)သန်းကျော်ရှိရာမှ အခုဆိုရင်မသန်စွမ်းသူဦးရေ(၁၂)သန်းကျော်အထိ ရှိလာတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ သိရပါတယ်၊၊
#Yangon_Media_Group
Published 4 Dec 2022
အိုင်ယာလန်နိုင်ငံ အမျိုးသား ရထားလမ်းကွန်ယက်ဌာနမှ အိုင်းရစ်လူမျိုး ဘဏ္ဍာရေးမန်နေဂျာတစ်ဦးက သူအနေနှင့် တစ်နေ့လုံး နေ့လယ်စာစားပြီး သတင်းစာတွေဖတ်တာကလွဲလို့ ဘာမှလုပ်စရာမလိုဘဲ တစ်နှစ်ကို လစာ ဒေါ်လာ တစ်သိန်းသုံးသောင်းခန့်ရရှိနေတဲ့အတွက် သူ့ရဲ့ အလုပ်ရှင်ကို တရားစွဲလိုက်ပါတယ်။
ဘာမှလုပ်စရာမလိုဘဲ လစာရနေတယ်ဆိုရင် လူအများစုက ဒါကို တိုင်တန်းကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် အိုင်းရစ် ရထားဌာနက ဝန်ထမ်း ဒါမောာ့အက်လာစတဲယားမေးလ်ကတော့ တစ်မျိုးပါ။ သူက ဒါဟာ သူ့ကို ခွဲခြားဆက်ဆံတဲ့ သဘောဖြစ်တယ်လို့ သက်ဆိုင်ရာ အလုပ်သမားကော်မရှင်ကနေတစ်ဆင့် တိုင်တန်းလိုက်တာပါ။
သူဟာ ၂၀၁၄ခုနှစ်က ကုမ္ပဏီရဲ့ ငွေစာရင်းကိစ္စတွေ အများသိအောင် ဖွင့်ထုတ်ပြောဆိုပြီးနောက်ပိုင်းမှာ သူ့ရဲ့ အလုပ် တာဝန်တွေ ဖြည်းဖြည်းချင်း လျှော့ချခံလာရတယ်လို့ ဘဏ္ဍာရေးမန်နေဂျာဖြစ်တဲ့သူက ပြောပါတယ်။
အခုဆိုရင် သူ့မှာ ရုံးအလုပ်ဘာတစ်ခုမှလုပ်စရာမလိုတော့ဘဲ သူ့ရဲ့တစ်နေ့တာအချိန်အများစုကို နေ့လယ်စာစားတာ နှင့် သတင်းစာဖတ်တာတွေနှင့်ပဲ အချိန်ကုန်စေရတော့တယ်လို့ သူကညည်းညူပါတယ်။
“ ကျွန်တော် သတင်းစာနှစ်စောင် နေ့တိုင်းဝယ်တယ်။ သည်တိုင်းနှင့် အင်ဒီပင်းဒင့် သတင်းစာနှစ်စောင်ပါ။ ပြီးတော့ အသားညှပ်ပေါင်မုန့် ဝယ်တယ်။ကျွန်တော့် အလုပ်စားပွဲရောက်ရင် ကွန်ပျူတာဖွင့်တယ်။ အီးမေလ်ကြည့်တယ်။အလုပ်နှင့်ပတ်သက်တဲ့ အီးမေးလ်တစ်စောင်မှမလာဘူး။ ဘာမက်ဆေချ်မှမလာဘူး။ ဘယ်သူမှ မဆက်သွယ်ဘူး။ ဘယ်လုပ်ဖော်ကိုင်ဖက်မှ လာစကားမပြောဘူး” လို့ မေးလ်က အိုင်ယာလန်ရဲ့ လုပ်ငန်းခွင်ဆက်ဆံရေး ကော်မရှင်ကို ပြောပါတယ်။

“ ကျွန်တော်တစ်နေ့လုံးထိုင်နေရပြီး သတင်းစာတွေ ထိုင်ဖတ်ရတယ်။အသားညှပ်ပေါင်မုန့်စားရတယ်။ ပြန်ဖြေဖို့လိုတဲ့ အီးမေးလ်ရှိရင် ပြန်ဖြေတယ်။ အလုပ်နှင့်ဆိုင်ရင် လုပ်ပေးတယ်။ ဒါပေမယ့် အလုပ်နှင့်ဆိုင်တာက တစ်ပတ်မှာ တစ်ခု လောက်ပဲမို့ စိတ်လှုပ်ရှားရတယ်” လို့ သူကပြောပါတယ်။
သူဟာ ၂၀၀၀ပြည့်နှစ်ကနေ ဘဏ္ဍာရေးပြိုလဲမှုဖြစ်တဲ့ ၂၀၀၇ခုနှစ်အထိ တန်ဖိုး ဒေါ်လာ ၂၆၁သန်းခန့်ရှိတဲ့ အရင်းအနှီး ဘတ်ဂျက်ကိစ္စလုပ်ပေးရတယ်လို့ သူကပြောပါတယ်။ အဲဒီနောက်သူဟာ ၂၀၁၀ မှာ ရာထူးတိုးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်က စပြီး သူဟာအနိုင်ကျင့်ခံရတယ်။ ဖျားနာခွင့် (၃)လ အတင်းအကျပ်ယူခိုင်းတယ်။ အဲဒါတွေကလွဲလို့ အခုထက်ထိ လစာကပုံမှန်ရနေတာဖြစ်ပါတယ်။
သူခွင့်ကပြန်လာတဲ့အခါ မြီစားတွေနှင့် ပတ်သက်တဲ့ ပြဿနာရှိနေတာသတိပြုမိပြီးနောက် သယ်ယူပို့ဆောင်ရေးဝန်ကြီးထံ အခြေအနေတွေဖွင့်မချခင် သူဟာ အိုင်းရစ် ရထားဌာန အကြီးအကဲထံ ၂၀၁၄ခုနှစ်မတ်လမှာ စေတနာအရင်းခံနှင့် အစီရင်ခံစာတစ်ခုရေးတင်လိုက်ပါတယ်။ အဲဒီကစပြီး သူဟာ လုပ်ငန်းတာဝန်တွေ ဖြတ်တောက်ခံရတာဖြစ်ပါတယ်။
သူဟာ သူ့ကိုယ်သူ အထီးကျန်အောင်လုပ်တာခံရတယ်လို့ ခံစားနေရတယ်။ သူဟာကုမ္ပဏီရဲ့ အစည်းအဝေးတွေ လည်းမတက်ရတော့တဲ့အပြင် သင်တန်းတက်ခွင့်လည်းမရတော့ဘူးလို့ မေးလ်ကပြောပါတယ်။
ဒီလိုထူးခြားပြီးပုံမှမဟုတ်တဲ့ တိုင်တန်းမှုကို လာမယ့်နှစ်ဆန်းပိုင်းမှာ ဆက်လက်ကြားနာပေးဦးမှာဖြစ်ပါတယ်။
Source:
#Dermot_Alastair_Mills
#Irish_Employee_Sues_Boss_for_getting_Pay_doing_nothing
#Odd_News


#Local_News
Published_ 4 December 2022
ဆရာများနှင့်လူငယ်များအတွက် UNESCO Myanmar က "မီဒီယာ၊ သတင်းအချက် အလက်နှင့် ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှုကို မြှင့်တင်ပေးခြင်း" ခေါင်းစဥ်ဖြင့် ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီခွဲအထိ ဟောပြောသွားမှာဖြစ်ကြောင်း သိရပါတယ်။
ပညာရေးနယ်ပယ်အသီးသီး၌ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ဒစ်ဂျစ်တယ်သိနားလည်မှုအား မည်သို့မြှင့်တင်ဖော်ဆောင်သင့်ကြောင်းကိုလည်း ဆွေးနွေးဖော်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။
ပြည်တွင်းနှင့်နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက မြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့် ဟောပြောပေးသွားမှာဖြစ်ပြီး တက်ရောက်သူများက မေးလိုတဲ့မေးခွန်းများကို ဟောပြောပွဲ၏ အမေးအဖြေကဏ္ဍနှင့်ဟောပြောပွဲအပြီး စစ်တမ်းကောက်ယူမှုပုံစံမှဖြစ်စေ မေးမြန်းနိုင်ကြောင်း သိရပါတယ်။
ဟောပြောပွဲ တက်ရောက်လိုသူများအနေဖြင့် ယူနက်စကို(မြန်မာရုံး) မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group
Published 4 December 2022
ဂျိုနက်သန်သည် ဆေချဲလ်လို့ ခေါ်တဲ့ လိပ်ကြီးဟာ နပိုလီယံသေဆုံးပြီးသိပ်မကြာခင်မှာ မွေးဖွားခဲ့တာပါ။ အခုသူဟာ ဂြိုဟ်ကြီးပေါ်မှာ အသက်အရှည်ဆုံး သက်ရှိကုန်းသတ္တဝါတစ်ကောင်ဖြစ်လာခဲ့ပါပြီ။ သူဟာ အခု သူ့ရဲ့ အသက် ၁၉၀ပြည့် မွေးနေ့ကို ဆင်ယင်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။
သူဟာ ၁၈၂၁ခုနှစ်တုန်းက စစ်ရှုံးခဲ့တဲ့ ပြင်သစ်ဧကရာဇ် ပြည်ပြေးဘဝနှင့် နေရင်း သေဆုံးခဲ့ရတဲ့ တောင်အတ္တလန်တစ်က စိန့်ဟယ်လီနာမှာ လိပ်ကြီးရဲ့ ၁၉၀နှစ်ပြည့် မွေးနေ့ကို ကျင်းပနိုင်တာပါ။
ဂျိုနက်သန်ကို ၁၈၃၂ခုနှစ်ခန့်မှာ ဥပေါက်လာခဲ့တယ်လို့ ယုံကြည်ရပြီး ဆေးချဲလ်ကနေ နောင်နှစ်၅၀အကြာမှာ နိုင်ငံရပ်ခြား ယူကေကို ရွှေ့ပြောင်းသယ်ယူခဲ့ပါတယ်။
သူဟာ စိန့်ဟယ်လီနာ အုပ်ချုပ်ရေးမှူးအိမ်တော်ဖြစ်တဲ့ ပလန်တေးရှင်းဟောက်စ်မှာ သက်သောင့်သက်သာ အနားယူခဲ့ပါတယ်။ အဲဒီမှာ သူဟာ အဲဒီမှာ ရက်သတ္တတစ်ပတ်လုံးမွေးနေ့ကျင်းပမှာဖြစ်ပြီး အဲဒီအထဲမှာ မွေးနေ့အထိမ်းအမှတ် တံဆိပ်ခေါင်းထုတ်တာလည်းပါဝင်ပါတယ်။
Source: AFP
#Jonathan_the_Seychelles_Giant_Tortoise
#Oldest_known_living_land_animal
#Jonathan_Giant_Tortoise_ 190th_birthday
#Local_News
Published _ 4 december 2022
နေပြည်တော်မြို့ အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိအနေအထားအရ အဝယ်အနည်းငယ် ပြန်လိုက်လာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 4 December 2022
ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ကို ပြီးခဲ့သည့် မေလက စတင်၍ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားရာမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နေရပ်ပြန်ဝင်လာကြသည့် ဒေသခံပြည်သူ တစ်ထောင်ခန့် ရှိပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဒေသခံများနေရပ်ပြန်လာနိုင်ရေးအတွက် တယ်လီဖုန်း၊ အသံချဲ့စက်များဖြင့် မြန်မာ၊ကရင်ဘာသာ စကား နှစ်မျိုးဖြင့် အသိပေးနှိုးဆော်၍ပြန်လည်ဖိတ်ခေါ်သောကြောင့် ခေတ္တ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံတိုင်ရင်းသားများ ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်ကြာင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ ၃ ရက်က သေဘောဘိုးကျေးရွာသို့ အမျိုးသား ၁၈၉ ဦး၊ အမျိုးသမီး ၁၉၉ ဦး၊ ဘလက်ဒိုကျေးရွာသို့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ထပ်မံဝင်ရောက်လာခဲ့သောကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က စ၍ သေဘောဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား အမျိုးသား ၄၈၃ ဦး၊ အမျိုးသမီး ၅၁၃ ဦး၊ စုစုပေါင်း ၉၉၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 4 December 2022
ညောင်နှစ်ပင်စက်မှုဇုန် (၁) မှော်ဘီ - လှည်းကူးနယ်စပ် M-4 C5 လမ်းဆုံတွင် ဗမာလူမျိုး အမျိုးသား (၂) ဦးမောင်းနှင်သည့် ဂျင်းအိတ်များသယ်ဆောင်လာသော (၁၂) ဘီးယာဉ် (အရောင် - အဖြူကျား) ယာဉ်အမှတ် SHN 1B/9658 Nissan Disel သည် လမ်းဘေးမြောင်းအတွင်းထိုးကျတိမ်းမှောက်မှု နိုဝင်ဘာလ ၂၇ ရက်က ဖြစ်ပွားခဲ့ရာ ယင်းယာဉ်ပေါ်တွင် ဘင်္ဂါလီလူမျိုးများတွေ့ရှိခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ပူးပေါင်းအဖွဲ့၏ စစ်ဆေးချက်အရ ဘင်္ဂါလီများမှာ ဂျင်းအိတ်များ အောက်ရှိ အံဝှက်ပြုလုပ်ထားသည့်နေရာ၌ အထောက်အထားမဲ့ ပုန်းခိုလိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း၊ ဝင်ရောက်လာသူအရေအတွက်မှာ ဘင်္ဂါလီလူမျိုး အမျိုးသား ၅၄ ဦး နှင့် အမျိုးသမီး ၁၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ယင်းတို့အား လှည်းကူးမြို့မရဲစခန်းသို့ပို့ဆောင်ထားကာ ယင်းနေရာအနီး နောက်ထပ် အသက် ၁၈ နှစ်အရွယ် ဘင်္ဂါလီ အမျိုးသားတစ်ဦးကို ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။
၎င်းအပြင် နောက်ထပ် နိုဝင်ဘာလ ၊ နိုဝင်ဘာလ ၂၉ ရက်တွင် အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့်နေရာနှင့် တစ်မိုင်ခန့်အကွာ၌ နောက်ထပ် အသက် ၁၆ နှစ် နှင့် ၁၉ နှစ်အရွယ် ဘင်္ဂါလီ အမျိုးသား နှစ်ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်း ၊ စုစုပေါင်း ဖမ်းဆီးရမိသော ဘင်္ဂါလီ ၇၁ ဦး ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားနေ ဘင်္ဂါလီလူမျိုးအမျိုးသားတစ်ဦးပါဝင်ကြောင်း၊ ပွဲစားပါ မပါကို မူမသိရှိရဘဲ ယာဉ်မောင်း ၂ ဦးမှာ ယာဉ်တိမ်းမှောက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းတို့၏ အချက်အလက်များကို လှည်ကူးမြို့မရဲစခန်းမှ စုံစမ်းဖော်ထုတ်ဆဲဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအား လဝကအက် ၃(၁)/၁၃(၁)ဖြင့် အရေးယူမည်ဖြစ်ပြီး ကျန်ဘင်္ဂါလီများကိုလည်း အရေးယူနိုင်ရန် နိုင်ငံသားနှင့် ဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ရေး စစ်ဆေးမေးမြန်း ဖော်ထုတ်ဆဲဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 4 December 2022
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ကို ပန်းမြို့တော်အဖြစ် ယခုလအတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က သိရသည်။
ပန်းမြို့တော်လုပ်ဆောင်ရန် မြစ်ကြီးနားမြို့၏ ပြည်ထောင်စုလမ်းမကြီး ၊ ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက်နှင့် အဓိကလမ်းမကြီးများရှိလမ်းလယ်ကျွန်းများ ၊ လမ်းစုံအဝိုင်းနှင့် တြိဂံမြေနေရာများစသည့် လမ်းဘေးလက်ဝဲလက်ယာ နေရာ ၁၆ ခုကို ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရည်ရွယ်ချက်မှာ ခရီးသွားများအား ဆွဲဆောင်နိုင်ရန်ဖြစ်ပြီး အကောင်အထည်ဖော်ရန် နိုဝင်ဘာလ နောက်ဆုံးပတ်ကစ၍ စီမံချက်တွေရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအကောင်အထည်ဖော်မှုများအတွက် မြစ်ကြီးနားမြို့ရှိ အောင်စေရန်အောင်ဘုရားအနီး ၊ ပြည်ထောင်စုလမ်းမကြီးဘေးတြိဂံနေရာ၌စိုက်ပျိုးလုပ်ဆောင်ထားသော မြေယာရှုခင်းနှင့် အလှပန်းပင်များ စိုက်ပျိုးထားရှိမှုကိုတိုးချဲ့လုပ်ဆောင်ကာ "Welcome to Myitkyina"အလှဆိုင်းဘုတ် တပ်ဆင်ဆောင်ရွက်ခြင်း လမ်းဘေးလက်ဝဲ လက်ယာတွင် မြေယာအလှပြုပြင်ဆောင်ရွက်ခြင်း၊နှစ်ရှည်အရိပ်ရပန်းပင်များပြုစုပျိုးထောင်၍ထပ်မံတိုးချဲ့စိုက်ပျိုးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Local_news
Published_ 4 December 2022
နိုင်ငံတော်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ် ၃ ဘီလီယံကို ထုတ်ပေးထားကြောင်း သိရပါတယ်။
အဆိုပါမတည်ငွေကို မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများကို ထိထိရောက်ရောက်ပံ့ပိုးပြီး တိုးပွားလာတဲ့ရန်ပုံငွေကို မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်မသန်စွမ်းသူများအတွက် အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိအောင်အသုံးပြုရန် နစက ဒုဥက္ကဌက မှာကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်တွင် နေပြည်တော်၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားတွင် ထည့်သွင်းမှာကြားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ “အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့၊ အားလုံး လက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့် ဆောင်ရွက်ပေး” ပင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။
ထို့ပြင်မြန်မာနိုင်ငံသည် အာရှပစိဖိတ် ဒေသတွင်းနိုင်ငံဖြစ်သည့်အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည့်အတွက် အာရှနှင့်ပစိဖိတ်ဒေသ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အင်ချွန်း မဟာဗျူဟာ (၂၀၁၃-၂၀၃၃) နှင့် ASEAN Enabling Master Plan (2025) တို့ကို လိုက်နာအကောင် အထည်ဖော်လျက်ရှိပါတယ်။
အင်ချွန်းမဟာဗျူဟာအရ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦးစီမံကိန်း နယ်မြေ (၄) ခုဖြစ်တဲ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို (၁၉၉၄) ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၉) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group

#World_Health
Published 4 December 2022
ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်လာရတဲ့ စိတ်ဖိစီးမှုတွေကနေ ဆယ်ကကျော်သက်လူငယ်တွေရဲ့ ဦးနှောက်ရုပ်ပိုင်းဆိုင်ရာဟာ ပြောင်းလဲလာကြောင်း စတန်းဖို့ဒ်တက္ကသိုလ်မှ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ကပ်ရောဂါက လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတယ်လို့ သိထားကြပေမယ့် ဦးနှောက်ကို ရုပ်ပိုင်းဆိုင်ရာအရပါ ထိခိုက်တယ်ဆိုတာကိုတော့ မသိခဲ့ကြပါဘူး။
ကလေး ၁၆၃ ယောက်ကို ကပ်ရောဂါမတိုင်ခင်နဲ့ ကပ်ရောဂါကာလအတွင်း MRI scan ရိုက်ခဲ့ရာ ဦးနှောက်က လျင်မြန်စွာဖွံ့ဖြိုးရင့်ကျက်လာကြောင်းကို ဖော်ပြခဲ့ကြပါတယ်။
ဒါဟာ အချိန်ကြာမြင့်စွာ ဘေးအန္တရာယ်ဆိုး ကြုံတွေ့ရတာကြောင့်ဖြစ်တယ်လို့ စိတ်ကျန်းမာရေးပရော်ဖက်ဆာက ပြောကြားခဲ့ပါတယ်။
ဘေးအန္တရာယ်ဆိုးကြုံတွေ့ရခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ဆက်စပ်နေတယ်ဆိုပေမယ့် ဦးနှောက်ပြောင်းလဲလာခြင်းက စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေလားဆိုတာကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် ကပ်ရောဂါဟာ ဆယ်ကျော်သက်တွေရဲ့ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်ရုံမက ဦးနှောက်ထဲရှိ အစိတ်အပိုင်းများပါ ပြောင်းလဲသွားကြပါတယ်။
လူတိုင်းက ရောဂါဆိုးကြီးကြောင့် နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာ အနှောင့်အယှက်ဖြစ်ရတာမျိုး ကြုံနေရကာ အခု ၁၆ ၊ ၁၇ နှစ်အရွယ်တွေရဲ့ ဦးနှောက်ကို အရင်နှစ်တွေက အခြေအနေနဲ့ နှိုင်းယှဉ်လို့မရတော့ပါဘူးလို့ သုတေသီများက ဆိုပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 1422 of 1949