#Local_News
Published_ 1 December 2022
ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါအစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich နှင့် ကော်မတီဝင်ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြပါတယ်။
ဦးစွာ ပထမအကြိမ် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲ ဥက္ကဌများဖြစ်ကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယကြည်းတပ် ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich တိုက နှုတ်ခွန်းဆက် စကားများပြောကြားကြပါတယ်။
ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီပူးတွဲဥက္ကဋ္ဌ နှစ်ဦးက အစည်း အဝေးအစီအစဉ်အားအတည်ပြုကြပြီး အစည်းအဝေးတက်ရောက်လာသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။
အစည်းအဝေးတွင်မြန်မာ-ရုရှားအကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် အပြန်အလှန်ဆွေးနွေး ကြကြောင်း သတင်းရရှိပါတယ်။

ygm_mnn
#Yangon_Media_Group
#Local_News
Published _30 November 2022
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ကစလို့ တပ်မတော်နဲ့ AA အဖွဲ့တို့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်လည်လည်ပတ်လာပါတယ်။
#Yangon_Media_Group
#World_Innovation
Published 30 November 2022
အဏ္ဏဝါအပင်များမှ ဇီဝချေဖျက်ခြင်းထုပ်ပိုးမှုများ ဖန်တီးနေတဲ့ ဗြိတိန်လုပ်ငန်းတစ်ခုကို ပြင်သစ်နဲ့စပိန်မှ ကျောင်းသားဟောင်းနှစ်ဦးက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 30 Nov 2022
ရုရှားလေတပ်နှင့် တရုတ်လေတပ်တို့ဟာ အာရှပစိဖိတ်မှာ ပူးတွဲ လေ့ကျင့်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပူးတွဲ လေ့ကျင့်မှုတွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ (၃၀)ရက်မှာ ထုတ်ပြန်ခဲ့ ပါတယ်။ “ ရုရှား လေတပ်ရဲ့ Tu-95ms မဟာဗျူဟာမြောက် ဒုံးကျည်တင် လေယာဉ်တွေနှင့် တရုတ်လွတ်မြောက်ရေး တပ်မတော်ရဲ့ Xian-6k အပါအဝင် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေပါဝင်တဲ့ လေယာဉ်အုပ်စုဟာ ဂျပန်နှင့် အရှေ့ တရုတ်ပင်လယ်အပေါ်ကနေ ကင်းထောက်ပျံသန်းမှုတွေပြုလုပ်ခဲ့ကြတယ်”လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
Source: AFP
#Joint_air_patrols_Strategic_Planes
#Russia_China_Joint_Air_Patrols
#Asia_Pacific_Politics
#Local_News
Published_ 30 November 2022
အခုဆောင်းတွင်းကာလမှာ ဝေးလံခေါင်သီတဲ့ကချင် ပြည်နယ်ကကျေးလက်နေပြည်သူတွေအတွက် အနွေးထည်၊ စောင်နဲ့ကျောင်းသုံးစာအုပ်တွေအပါ အဝင်စာအုပ်စာပေတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_30 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခုနှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၅ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 30 November 2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာမှာ တီဗွီအဟောင်းအကျွမ်းတွေကို အုတ်အစားအသုံးပြုကာ စေတီတည်ထားကိုကွယ်ရန် ပြုလုပ်နေပြီး လိုအပ်တဲ့ တီဗွီအဟောင်းတွေကို အလှူခံနေတယ်လို့ တီဗွီစေတီတည်ထားဖို့ ဆောင်ရွက်နေသူထံက အခုလိုပဲ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 30 November 2022
၁။ အုတ်အစား တီဗွီအဟောင်းများအစားထိုး၍ စေတီတည်ထားကိုးကွယ်မည်
၂။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ရရှိထား၊ ယမန်နှစ်ထက် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ပိုမိုတင်ပို့နိုင်
၃။ ကချင်ကျေးလက်နေပြည်သူများအတွက် ဆောင်းတွင်းကာလအနွေးထည်နှင့် စာအုပ်စာပေများလိုအပ်နေ
၄။ ရေညှိအခြေပြုထုတ်လုပ်ထားသည့် ထုပ်ပိုးမှုစနစ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆုရရှိရန် ယူကေကုမ္ပဏီမျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 30 November 2022
ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယအပတ်ကနေစပြီး မတ်ပဲဈေးနှုန်းတွေက တစ်တင်းကို ကျပ် ၆၀၀၀၀ ဝန်းကျင်နဲ့ ဈေးငြိမ်နေခဲ့ပြီး အခု နိုဝင်ဘာလ တတိယအပတ်တွင် ၅သောင်း၇ထောင်ကျပ်နဲ့ ဒီကနေ့ နိုဝင်ဘာလ နောက်ဆုံးရက်ဖြစ်တဲ့ ၃၀ရက်နေ့မှာတော့ ငွေကျပ် ၅သောင်း၅ထောင်အထိကျဆင်းခဲ့တယ်လို့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Published 30 Nov 2022
✅ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းဟာ နိုဝင်ဘာ (၃၀)ရက် ဗုဒ္ဓဟူးနေ့မှာ ကွယ်လွန်ခဲ့
✅ သူဟာ သွေးကင်ဆာနှင့် အခြားသော ကိုယ်တွင်းအင်္ဂါတွေချို့ယွင်းမှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးချိန်မှာ (၉၆)နှစ်ရှိပြီဖြစ်ကြောင်း တရုတ်မီဒီယာကသတင်းထုတ်ပြန်
✅ ကျန်ဟာ မွန်းလွဲ ၁၂နာရီ ၁၃မိနစ်မှာ သူ့ဇာတိရှန်ဟိုင်းမြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူကွယ်လွန်ကြောင်းကို တရုတ်ကွန်မြူနစ်ပါတီ၊ ပါလီမန်၊အစိုးရအဖွဲ့နှင့် တပ်တို့က ပြည်သူများထံကြေညာခဲ့
✅ “ ရဲဘော်ကျန်ဇီမင်းကွယ်လွန်ခြင်းဟာ ကျွန်ုပ်တို့ပါတီ၊ စစ်တပ်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ကြီးမားပြီး နှိုင်းဆမရသော ဆုံးရှုံးမှုကြီးဖြစ်ပါတယ်” လို့ စာထဲမှာဖော်ပြပြီး အလွန်ကြေကွဲဝမ်းနည်းရတယ်လို့ထုတ်ပြန်
✅ “ ကျွန်ုပ်တို့၏ ချစ်လှစွာသော ရဲဘော်ကြီး ကျန်ဇီမင်းသည် အလွန်ထူးချွန်ပြောင်မြောက်ပြီး ဂုဏ်မြင့်မားသော ခေါင်းဆောင်တစ်ဦး၊ ကြီးမြတ်သော မက်စ်ဝါဒီတစ်ဦး၊ နိုင်ငံအရေးသမားတစ်ဦး၊စစ်မဟာဗျူဟာသမားတစ်ဦးနှင့် ရေရှည်အစမ်းသပ်ခံသည့် ကွန်မြူနစ်တိုက်ပွဲဝင်သူတစ်ဦး” လို့လည်းဖော်ပြထား
Source Reuters
#Jiang_Zemin_Dies
#Jiang_Zemin
#China_Politics
#Local_News
Published_30 November 2022
နိုဝင်ဘာလအတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ အတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယနေ့(နိုဝင်ဘာ ၃၀ ရက်)တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၇၅၄ ဖြစ်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းမှာလည်း သိန်း ၂၀ အထက်တွင်ရှိကြောင်း သိရသည်။
ပြင်ပရွှေဈေးကွက်အတွင်းမှာလည်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ၂၆ သိန်းအထက်တွင် ရှိနေပြီး ဈေးကွက်အတွင်းရောင်းအဝယ်မရှိအေးနေကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်အားလုံးကို ၂၅ သိန်း ၃ သောင်းဖြင့်ရောင်းချရန် အသင်းမှထုတ်ပြန်ထားပြီး လက်ရှိတွင် ငွေလဲနှုန်းမှာ ကျနေသည့်အတွက် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း အကျဘက်သို့ ဦးတည်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကို ပြောသည်။
ရွှေကုန်သည်နှင့် ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုး လိုင်စင်လျှောက်ထားခြင်း နှင့် ရွှေတုံး ရွှေခဲလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းအကြီး၊ အလတ်၊ အသေး အမျိုးအစားခွဲခြားဖော်ပြပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းသို့တင်ပြ၍ ထောက်ခံချက်ရယူရမည်ဖြစ်ကြောင်း၊ အသင်းအနေဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 30 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်ဘုရားအနီးတွင် ယနေ့နိုဝင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီ ၄၅ အချိန်က ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ လူလေးဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်ဘုရားအနီးတွင် မသင်္ကာသူ ၄ ဦးကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရန်ခေါ်ဆောင်စဉ် ပြန်လည်ရန်ပြုတိုက်ခိုက်သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းတို့နှင့်အတူ ကီးပက်ဖုန်း၊ ဓာတ်ခဲတို့ ချိတ်ဆက်ထားသည့် ဖောက်ခွဲရန်အသင့်ပြင်ထားသော လက်လုပ်ဗုံး ၂ လုံးကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1428 of 1949