#World_Industry
Published 28 November 2022
အမေရိကန်မှာ ကျေးဇူးတော်နေ့ပြီး နောက်တစ်နေ့ဖြစ်တဲ့ Black Friday ဈေးဝယ်ရာသီရောက်လာပြီဖြစ်တာကြောင့် လူငယ်အများအပြားဟာ တစ်လက်သုံးပစ္စည်းများ အထူးသဖြင့် ဇိမ်ခံပစ္စည်းများကို ရွေးချယ်ဝယ်ယူဖို့ စီစဉ်လာကြပါတယ်။
#Yangon_Media_Group
Published 28 November 2022
ဆူကီယာကီနာဘေး လို့ သိကြတဲ့ ဂျပန်စတိုင် ဟော့ပေါ့ပွဲတော်ကို နိုဝင်ဘာ ၂၇ ရက်က တိုကျိုမှာ ကျင်းပခဲ့ရာမှာ အစား အသောက် သဘောကျသူတွေနှင့် ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
အဲဒီပွဲတော်ကို တိုကျိုမြို့လယ်ရှိ ပန်းခြံတစ်ခုအတွင်းမှာကျင်းပခဲ့တာဖြစ်ပြီး ဟော့ပေါ့စားသောက်ဆိုင်တွေဟာ သူတို့ရဲ့ အကောင်းဆုံး ဟင်းလျာတွေကို တည်ခင်းခဲ့ကြပါတယ်။
ဟော့ပေါ့ပွဲတော်မှာ ဟင်းတစ်ပွဲကို အမေရိကန်ဒေါ်လာ ၅.၅ မှ ၁၁ ဒေါ်လာအထိ ဈေးနှုန်းရှိပြီး နာမည်ကြီး စားသောက်ဆိုင်တွေဟာ တစ်ရက်ကို ပွဲပေါင်း နှစ်ထောင်ကျော်ရောင်းချကြရပါတယ်။
ဒါပေမယ့် လတ်တလောမှာ ပင်လယ်စာနှင့် အမဲသားတွေလိုမျိုး ဟော့ပေါ့ထဲထည့်ရတဲ့ အမယ်တွေရဲ ဈေးတွေက တက်နေလို့ ဟောပေါ့ရဲ့ဈေးနှုန်းတွေလည်း တက်သွားပါတယ်။
ဂျပန်ဒေသခံတွေဟာ အစားအသောက်ဈေးတွေတက်နေလို့ သောကတွေပွားနေကြပါတယ်။ ယခုအထိ ဂျပန်နိုင်ငံရဲ့ အကြီးဆုံးစားသောက်ဆိုင်တွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဈေးတွေတက်ကုန်ကြပါတယ်။အဲဒီထဲက ၂၀ရာခိုင်နှုန်းဆိုရင် နှစ်ခါ တောင်ဈေးတက်ခဲ့တာပါ။ ဂျပန်မိသားစုတွေဟာ တစ်နှစ်ကို ယန်းခုနှစ်သောင်း ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၅၀၀ခန့် ကို အစားအစာအတွက် ပိုသုံးနေကြရပါတယ်။
Source CCTV+
#Sukiyaki_nabe
#Japan_Hotpot_Festival
#Japan_Food_Prices_Rise
#Local_News
Published_ 28 November 2022
အငြိမ့်သဘင်လောကမှာ တစ်ချိန်တုန်းကနာမည်ကြီးခဲ့ပြီးတော့ အခုချိန်မှာနာမကျန်းဖြစ်ပြီး စားရေးနေရေး ခက်ခဲလို့အကူအညီတောင်းခံလာတဲ့အငြိမ့်မိခင်ကြီး (၄၀)နီးပါးအထိရှိလာတယ်လို့ 'နှလုံးသားကိုအလှဆင်မည့် အငြိမ့်မင်းသမီးများ ပရဟိတအဖွဲ့'ဥက္ကဌ ကျားလေးစိန်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_28 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၁၈ ရက်အထိ ရက်ပေါင်း ၂၃၀ အတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၆၀ သန်းနီးပါးရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_28 November 2022
အခြေခံစားသောက်ကုန် အမျိုးအစားထဲတွင် ပါဝင်တဲ့ အာလူးဈေးတွေ လက်ရှိမှာ မြင့်တက်နေလျှက်ရှိနေတယ်လို့ အရောင်းအဝယ်ပြုလုပ်နေတဲ့ ကုန်စည်ဒိုင်တွေနဲ့ ဈေးကွက်ထဲကတစ်ဆင့် သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 28 November 2022
၁။ ဈေးကွက်ထဲ၌ တရုတ်အာလူးများ ဈေးကောင်းပိုရနေ
၂။ ၇ လကျော်ကာလအတွင်း ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၆၀ သန်းနီးပါးရရှိ၊ ယမန်နှစ်ထက် ၈ သန်းကျော်လျော့ကျ
၃။ နာမကျန်းဖြစ်ပြီး စားရေးနေရေးခက်ခဲ၍ အကူအညီတောင်းခံလာသည့် အငြိမ့်မိခင်ကြီး(၄၀)နီးပါးရှိလာ
၄။ Black Friday ရာသီအထိမ်းအမှတ်အဖြစ် တစ်လက်သုံးပစ္စည်းများနှင့်ဇိမ်ခံပစ္စည်းများအား အမေရိကန်တွင်အထူးလျှော့ဈေးဖြင့်ရောင်းချလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_28 November 2022
ဝန်ကြီးဌာနကနေ ရောင်းချပေးနေတဲ့ ရွှေဒင်္ဂါးပြားဝယ်ယူသူတွေအပေါ် ၎င်းတိုရဲ့ ဝင်ငွေရလမ်းတွေကို စစ်ဆေးသွားမယ်လ့ိ သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တရားဝင်ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 28 November 2022
တပ်မတော်နှင့် AA တို့ အပစ်ရပ်ခြင်းမှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ကြားဝင်စေ့စပ်ပေးမှုကြောင့်ဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဂျပန်က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဒီကိစ္စဖြစ်ပေါ်လာတယ်လို့ ပြောလို့ရပါတယ်၊လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို သက်သာခွင့်ရစေဖို့အတွက်၊ ပြည်သူကို ရှေးရှူပြီးတော့ ဒီကိစ္စကို ကျွန်တော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
မစ္စတာဆာဆာကာဝါအနေဖြင့် တပ်မတော်နှင့် AA တို့ အပစ်ရပ်စဲရန် ယခင် ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂ဝ၂၁ ခုနှစ်တို့တွင်လည်း ကြားဝင်စေ့စပ်ညှိနှိုင်းခဲ့ပေးသေးသည်။
အပစ်ရပ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်မှစတင်၍ ရခိုင်ပြည်နယ်အတွင်း ယခင် ပိတ်ထားခဲ့ရသော ရေလမ်းကြောင်းများကို ပြန်လည် ဖွင့်ပေးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 28 November 2022
လာမည့် ဒီဇင်ဘာလအတွင်း လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်၊ မုန်တိုင်းငယ်(၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏နိုဝင် ဘာလ(၂၈) ရက်ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းဖော်ပြထားသည်၊၊
ဒီဇင်ဘာလအတွင်းရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကချင် ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်၊၊
မိုးရွာသွန်းရက်အနေဖြင့်ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် (၅)ရက်မှ (၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ရက်မှ (၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်၊၊
ညအပူချိန်ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်း (အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်မည်၊၊
မြူကျဆင်းမှုနှင့်ပတ်သက်၍စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၆)ရက်မှ (၂၅)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် (၆)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_28 November 2022
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းဆောင်ရွက်နေသည့် ဩစတေးလျအခြေစိုက် ANZ ဘဏ်လုပ်ငန်းသည် မြန်မာနိုင်ငံမှ ထွက်ခွာရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း တရားဝင် အသိပေး ထုတ်ပြန်ထားသည်။
လာမည့် ၂၀၂၃ ခုနှစ်ဆန်းပိုင်းတွင် လုပ်ငန်းများ ရပ်ဆိုင်းကာ ထွက်ခွာတော့မည်ဖြစ်ကြောင်း အသိပေး ကြေညာထားပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း ဘဏ်လုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးလာခြင်းကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဩစတေးလျနှင့် နယူးဇီလန်ဘဏ်လုပ်ငန်း ANZ သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံက ပြည်တွင်း၌ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိခဲ့သည့် နိုင်ငံတကာဘဏ်များထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။
ANZ သည် မြန်မာနိုင်ငံမှ ထွက်ခွာမည့် တတိယမြောက် ဩစတြေးလျနိုင်ငံအခြေစိုက်လုပ်ငန်းဖြစ်လာပြီး အစောပိုင်းကာလတွင်လည်း ရေနံနှင့် စွမ်းအင်ကုမ္ပဏီ Woodside နှင့် သတ္တုတူးဖော်ရေးကုမ္ပဏီ Myanmar Metals တို့သည် ၎င်းတို့၏ လုပ်ငန်းများကို ရပ်နားပြီး ပြန်လည်ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 28 November 2022
ပြင်ဦးလွင်မြို့နယ်အတွင်း မောင်းနှင်လာသည့် အုတ်သယ်ယာဉ်တစ်စီးသည် လမ်းတွင်သွားလာနေသည့် နွားအုပ်အား ရှောင်တိမ်းရာ၌ အရှိန်လွန်၍ ယာဉ်တိမ်းမှောက်ပြီး နွားကျောင်းသားနှင့်ခရီးသည်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသနေ လူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာလ ၂၈ရက် နံနက်ပိုင်းအချိန်ခန့်တွင် ပြင်ဦးလွင်မြို့နယ်ရှိ ကျိုင်းထောင်းရွာနှင့် သင်္ဂတုံရွာအကြား၌ အုတ်သယ်ယာဉ်တစ်စီးဟာ နွားအုပ်ကို ရှောင်စဉ်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် နွားကျောင်းသားတစ်ဦးနှင့် ယာဉ်ပေါ်ပါလာသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၃ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ ဆိုသည်။
ဖြစ်စဉ်အတွင်း နွား ၂ကောင်ပါ သေဆုံးခဲ့ပြီးသေဆုံးသူများ၏ ရုပ်အလောင်းများအား ပြင်ဦးလွင်ဆေးရုံသို့ အသင်းမှ လူနာတင်ယာဉ်နှစ်စီးဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_28 November 2022
၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ရွှေဆိုင်ဖွင့်လှစ်ရန် လိုင်စင်အသစ်လျှောက်ထားသူ ၁၀၀ ကျော်ရှိပြီး နေ့ချင်းပြီးဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။
ရွှေကုန်သည် နှင့် ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားခြင်း ၊ သက်တမ်းတိုး လိုင်စင်လျှောက်ထားခြင်းနှင့် ရွှေတုံး ရွှေခဲ လိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းအကြီး၊ အလတ်၊ အသေး အမျိုးအစား ခွဲခြားဖော်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းသို့တင်ပြ၍ ထောက်ခံချက် ရယူရမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဆိုင်လုပ်ငန်း တစ်သောင်းကျော်ရှိပြီး နှစ်စဉ် ဒီဇင်ဘာလကုန်၌ သက်တမ်းကုန်ဆုံးပြီး လာမည့် နှစ်အတွက် ရွှေလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းကိုလည်း ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ထားခြင်းမရှိသော ရွှေဆိုင်များ၊ ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ကြရန်၊ မီးလင်းရွှေ အတုံးအခဲ အရောင်းအဝယ်ပြုလုပ်သူများ လိုင်စင်ပြုလုပ်ထားကြရန်နှင့် ဆိုရှယ်မီဒီယာများ၊ အွန်လိုင်းများမှ တစ်ဆင့် ရွှေအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့်လည်း လိုင်စင်ပြုလုပ်ထားရန်ပြီး ပြီးခဲ့သည့် မေလတွင် အသိပေးကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
Page 1432 of 1949