#Local_News
Published-4 November 2022
ယနေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ကျပ် ၂၀၀၀ အထက်သို့ ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
နိုဝင်ဘာလ ၄ ရက်နေ့ စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ၂၀၄၀ ကျပ် ဖြစ်ပြီး ယနေ့တွင် 92 တစ်လီတာ ၂၁၁၅ ကျပ်အထိမြင့်တက်လာကြောင်း သိရသည်။ ယင်းအပြင် 95 တစ်လီတာ ၂၁၃၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၇၀ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၆၄၅ ကျပ်ဖြစ်ပြီး ယနေ့တွင် 95 တစ်လီတာ ၂၂၃၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂၆၅၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၇၂၀ ကျပ်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် နိုင်ငံတကာစက်သုံးဆီသင်္ဘောများဆိုက်ကပ်နေပြီး ရန်ကုန်သီလဝါ ဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယင်းအပြင် နိုဝင်ဘာလအစတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း၊ ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းနှင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 5 November 2022
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရွှေအင်ဒုံကုန်းအတက်အနီးတွင် နိုဝင်ဘာလ ၅ ရက် နံနက်အစောပိုင်းက ကိုယ်ပိုင်ကားမှ တွဲကား၏ ဘေးသို့ ဝင်တိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်မှ သိရသည်။
ယနေ့ မနက်အစောပိုင်း ၅ နာရီခွဲခန့်တွင် ရွှေအင်ဒုံကုန်းတက်အနီးရှိ ကိုယ်ပိုင်ကားတစ်စီးမှ တွဲကား၏ ဘေးအားဝင်တိုက်မိခဲ့ကြောင်း သတင်းရရှိသဖြင့် ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ကိုယ်ပိုင်ကားအားမောင်းလာသည့် အမျိုးသားနှင့်လိုက်ပါလာသည့် အမျိုးသမီးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _5 November 2022
သာကေတမြို့နယ် မင်းနန္ဒာလမ်းမကြီး ၃/ရန်ပြေရပ်ကွက် ရန်ပြေမှတ်တိုင်အနီး ရန်အောင်ကန်အတွင်း ယနေ့နံနက်က လူတစ်ဦးပြုတ်ကျသေဆုံးနေကြောင်းပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်းက သိရသည်။
"မနက်က အလောင်းပေါ်လာလို့ သတင်းပို့တဲ့အတွက်သိရတာ၊ ဘယ်ကမှန်းမသိရသေးဘူး၊ ခုန်ချတာလား၊ ပြုတ်ကျတာလား၊ တခြားပယောဂကြောင့်လား မသိရသေးဘူး၊ စစ်ဆေးနေကြတုန်းပဲရှိသေးတယ်"ဟု အဆိုပါ ပရဟိတ၏တာဝန်ရှိသူက ပြောသည်။
ယင်းကြောင့် ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်းက သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့နှင့်ပူးပေါင်းဆယ်ယူပြီး Dead body ကို အောင်နိုင်သူလူမှုကူညီရေးအသင်းမှ အသင်းကားဖြင့် စံပြဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 5 November 2022
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အနောက်မြောက် ဘက်(၁၇)မိုင် ခန့်အကွာ နဘူးလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း လျာထားမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
စီမံကိန်းရှင်းလင်းဆောင်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးတို့က ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်ရန် နှောင့်နှေးကြန့်ကြာခဲ့ရမှု၊ စီးပွားရေးဇုန်နယ်နိမိတ်အတွင်း တည်ဆောက်ပြီး၊ တည်ဆောက် ဆဲနှင့် တည်ဆောက်ရန်ကျန် ဆိပ်ခံတံတားများ၊ စက်ရုံများ၊ အဆောက်အဦများ ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေများကို ရှင်းလင်း တင်ပြကြပါတယ်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် နိုင်ငံအတွက် အကျိုးရှိမည့် စီမံကိန်းတစ်ခု ဖြစ်သကဲ့သို နိုင်ငံတကာအတွက်လည်း အထောက်အကူ ဖြစ်စေကြောင်း၊ ဗီယက်နမ်နိုင်ငံမှ ဆိပ်ကမ်းအား အရှေ့အာရှနိုင်ငံများမှအသုံးပြု၍ ထားဝယ်ရေနက် ဆိပ်ကမ်းသိုပို့ဆောင်ပြီး တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသသို လည်းကောင်း၊ အနောက်ဘက်ဒေသနိုင်ငံများမှ ထားဝယ်ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတို့မှ အာရှအရှေ့ပိုင်းထိ ပိုဆောင်နိုင်သဖြင့် အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မှာကြားပါတယ်။
ထို့ပြင် စီမံကိန်းအတွင်း ယခင်ကတည်းက လျာထားဆောင်ရွက်ခဲ့သည့် တည်ဆောက်ပြီး အဆောက်အဦများအား ပျက်စီးမှုမရှိစေရေးနှင့် ရေရှည်တည်တံ့စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်လိုသည့် အခြေအနေများ၊ သက်ဆိုင်ရာ ကော်မတီမှတစ်ဆင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ဖြေရှင်းပြီးအောင်မြင်အောင် ဆက်လက်အကောင်အထည် ဖော်ဆောင်သွားရမည့် အခြေအနေများကို မှာကြားခဲ့ပါတယ်။
ထို့နောက် နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း လျာထားသည့် နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#World_Technology
Published 5 November 2022
နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို အကဲဖြတ်ပေးနိုင်မယ့် လူသုံးများတဲ့ကိရိယာများကို ဆေးဘက်ဆိုင်ရာပစ္စည်းထုတ်လုပ်သူများနဲ့ သိပ္ပံပညာရှင်များက နည်းပညာအသစ်များဖြင့် တိုးတက်အောင်ဖန်တီးလာကြပါပြီ။
လက်ရှိကိရိယာတွေကတော့ အသားအရည်ညိုသူတွေအတွက် လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တာတွေ့ရပါတယ်။
သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာတဲ့ အောက်ဆီမီတာစက်တွေဟာ အသားမဖြူတဲ့သူတွေမှာ တိကျမှုနည်းပါးတာကို ဆရာဝန်များသိထားကြပေမယ့် ကွာခြားချက်က သိပ်အရေးမပါဘူးလို့ ယူဆထားပါတယ်။
ဒီကိစ္စဟာ ကိုဗစ်ကပ်ရောဂါပျံ့ပွားမှုများကြောင့် ဘေးအန္တရာယ်ရောက်သည်အထိ မှားယွင်းဖော်ပြလာခဲ့ပါတယ်။
ထို့အတွက် လူနာအချို့ဟာ ကိုဗစ်ကုသမှုနှောင့်နှေးမှုများ ကြုံတွေ့ရပြီး အချို့ဆိုရင် အရေးပေါ်ကုသခံရမယ့်အစား ဆေးရုံကဆင်းခဲ့ရကြောင်း သုတေသီများက ရှာတွေ့ခဲ့ပါတယ်။
အမေရိကန် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး အကြံပေးအရာရှိများက အွန်လိုင်းမှတွေ့ဆုံကာ အောက်ဆီမီတာကိရိယာများကို အဆင့်အတန်းမြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါကိရိယာကို လက်ညှိုးထိပ်မှာညှပ်လိုက်တဲ့အခါ အရေပြားမှတဆင့် အနီရောင်နဲ့ အနီအောက်ရောင်ခြည်တို့ကို ဖြတ်သန်းသွားကာ အောက်ဆီဂျင်သယ်ဆောင်ထားတဲ့ ဟေမိုဂလိုဘင်မှ အလင်းရောင်ဘယ်လောက်စုပ်ယူသလဲဆိုတာကို တိုင်းတာတဲ့စနစ်ဖြစ်ပါတယ်။
အသားညိုတဲ့သူတွေမှာ မယ်လာနင်ရောင်ခြယ်ပစ္စည်းက အလင်းရောင်စုပ်ယူပေမယ့် လက်ရှိကိရိယာတွေက ထိုအချက်ကို ထိန်းညှိနိုင်စွမ်းမရှိသေးပါဘူး။
ဒီပြဿနာကိုဖြေရှင်းရန် မယ်လာနင်မဟုတ်တဲ့ အခြားအလင်းတိုင်းတာပစ္စည်းများဖြင့် စမ်းသပ်နေကြပါတယ်။
ထုတ်လုပ်မှုတွေထဲမှာ ရှေ့အရောက်ဆုံးပစ္စည်းကတော့ Rockley Photonics Holdings မှ အာရုံခံကိရိယာဖြစ်ပြီး သွေးတွင်းအောက်ဆီဂျင်ကိုသာမက ရေဓာတ်၊ သွေးပေါင်ချိန်၊ အခြားဖြစ်စဉ်အမှတ်အသားများကိုပါ တိကျစွာ တိုင်းတာနိုင်မယ်လို့ ကုမ္ပဏီကဆိုပါတယ်။
Rockley အမှုဆောင်အရာရှိချုပ်'အန်ဒရူးရစ်ခ်မန်း'က သူ့ကုမ္ပဏီဟာ နောက်တစ်လမှာ ကုန်ပစ္စည်းများကိုတင်ပို့သွားမှာဖြစ်ပြီး တပ်ဆင်အသုံးပြုလို့ရတဲ့ပစ္စည်းဖြစ်အောင် ထုပ်ပိုးပေးတဲ့ကုမ္ပဏီများထံ ပေးပို့မှာဖြစ်ပါတယ်။
ဝယ်ယူမယ့်သူတွေထဲမှာ အောက်ဆီမီတာအဓိကထုတ်လုပ်သူ 'Medtronic Plc'ပါဝင်ပြီး ဘယ်အချိန်မှရမလဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
တက်ဖ်တက္ကသိုလ်မှလည်း ကိရိယာတစ်မျိုးထုတ်လုပ်နေပြီး လူနာရဲ့အသားအရည်အရောင်နဲ့ မယ်လာနင်ပါဝင်မှုကို တိုင်းတာကာ အောက်ဆီဂျင်ပမာဏကို ကောင်းစွာခန့်မှန်းနိုင်အောင် ထုတ်လုပ်နေပါတယ်။
ပိုမိုတိကျတဲ့ အောက်ဆီမီတာတွေထွက်ပေါ်ဖို့ရာ အချိန်ကြာလွန်းနေပြီလို့ အားလုံးကသဘောတူနေကြပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 5 November 2022
အမျိုးသမီးတွေမှာ မီးယပ်သွေးဆုံးတာကို သိကြပေမယ့် အမျိုးသားတွေရော ရှိကြလားဆိုတာကို မသိကြပါဘူး။
MenAlive ကျန်းမာရေးအစီအစဉ်မှ ဒါရိုက်တာ'ဂျက်ဒိုင်းမွန်း'က အမျိုးသားတွေ နောက်ပိုင်းအသက်အရွယ်မှာ တက်စ်တိုစတီရုန်းဆိုတဲ့ ကျားဟော်မုန်းနည်းပါးသွားပြီးတော့ ပြောင်းလဲမှုကြီးဖြစ်လာနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
အသက် ၄၀ အထက်ယောက်ျားတွေမှာ ကျားဆန္ဒယုတ်လျော့လာတာမျိုးဖြစ်တတ်ပြီး တက်စ်တိုစတီရုန်းက အသက်အရွယ်ကြီးလာတာနဲ့အမျှ လျော့နည်းလာတာကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်များ ပြောင်းလဲလာပါတယ်။
အမျိုးသားများအရွယ်လွန်ခြင်းအခြေအနေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုများရှိနေကာ အမျိုးသမီးတွေကဲ့သို့ မျိုးပွားအင်္ဂါတစ်ခုလုံး အလုပ်မလုပ်တော့တာမျိုး မဟုတ်ကြောင်း နှိုင်းယှဉ်ပြထားပါတယ်။
အမျိုးသားများအရွယ်လွန်ခြင်းဟာ အားလုံးမှာဖြစ်တာမျိုးမဟုတ်သလို တက်စ်တိုစတီရုန်းရုတ်တရက် ကျဆင်းသွားတာမျိုးမဟုတ်ပါဘူး။
ဒီအခြေအနေကို ကျားဟော်မုန်းချို့တဲ့ခြင်းရောဂါလို့ အရင်ကသတ်မှတ်ခဲ့ကြပါတယ်။
"အချို့လူတွေက အသက်ကြီးလာပြီး ကျားဟော်မုန်းလျော့ပါးသွားကြပေမယ့် ပြောင်းလဲမှုတွေကို သတိမထားမိတတ်ကြပါဘူး၊ ဒါပေမဲ့အချို့လူတွေကတော့ သူတို့ရဲ့ လိင်စိတ်ဆန္ဒ၊ ကြွက်သား၊ ကျန်းမာရေးတို့မှာ အပြောင်းအလဲဖြစ်လာတာကို သတိထားမိကြပါတယ်" လို့ နယူးယော့ခ်မှ ဒေါက်တာ'စတီဗင်လမ်း'က ပြောကြားလိုက်ပါတယ်။
အရွယ်လွန်လာခြင်းရဲ့လက္ခဏာတွေကတော့ လိင်စိတ်မပါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆံပင်အမွှေးအမျှင်ကျွတ်ခြင်း၊ ဆတ်ဆတ်ထိမခံခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်းတို့ဖြစ်တတ်ပါတယ်။
ကျားဟော်မုန်းနည်းလာတဲ့အခြေအနေကို စိုးရိမ်ပူပန်နေမယ့်အစား သတိမူမိဖို့က အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
ဆရာဝန်နဲ့လည်း ပြသတိုင်ပင်ကြည့်သင့်ပြီး ကျားဟော်မုန်းလျော့နည်းလာတဲ့ အခြေအနေမှာ ဟော်မုန်းအစားထိုးကုသပေးသင့်ရင် ကုသပေးပါတယ်။
ဒါပေမဲ့ တက်စ်တိုစတီရုန်းအစားထိုးခြင်းရဲ့ အကျိုးကျေးဇူးတွေကို သေချာမသိရှိကြသေးသလို ဘေးအန္တရာယ်လည်း ဖြစ်လာနိုင်ပါသေးတယ်။
အဆိုပါကုသနည်းအသုံးပြုခြင်းဖြင့် အကျိတ်၊ ရင်သားကင်ဆာ၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ သွေးကြောထဲသွေးခဲခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
ထိုအစား ပိုမိုကျန်းမာစေတဲ့ အစားအသောက်ပုံစံ၊ လေ့ကျင့်ခန်း၊ ပုံမှန်အိပ်စက်ခြင်းတို့ဖြင့် သက်သာစေနိုင်ပါတယ်။
Source: SCMP
#Yangon_Media_Group
#Local_News
Published_ 4 November 2022
နိုင်ငံရပ်ခြားက ကျောင်းတွေမှာ ပညာသွားသင်ကြမယ့် မြန်မာကျောင်းသားတွေအနေနဲ့ Volunteer Skillထောက်ခံချက်ရရှိဖို့ မသန်စွမ်းကျောင်းတွေမှာ သွားရောက်ဆောင်ရွက်ရလေ့ရှိပါတယ်၊၊
#Yangon_Media_Group
#World_Auction
Published 4 November 2022
၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်ဘက်ကို အာဂျင်တီးနားဂန္တဝင်ကစားသမား မာရာဒိုနာဂိုးသွင်းခဲ့စဉ်က ဘုရားပေးတဲ့လက်ဖြင့် ပုတ်သွင်းခဲ့တဲ့ဘောလုံးကို နိုဝင်ဘာလအတွင်း လေလံတင်သွားမှာဖြစ်ပြီး ယူရိုငွေ ၃ သန်းခန့်ရရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
#Yangon_Media_Group
Published 4 Nov 2022
ရုရှားသမ္မတ ဗလက်ဒီမာ ပူတင်က မော်စကိုက သိမ်းပိုက်ထားတဲ့ ယူကရိန်းတောင်ပိုင်း ခါဆွန်မြို့ကနေ အရပ်သားတွေကို ဆွဲထုတ်သင့်တယ်လို့ နိုဝင်ဘာ (၄)ရက်ကပြောလိုက်ပါတယ်။ ကိဗ်ရဲ့ တပ်တွေ တိုးဝင်လာနေတဲ့ အလျောက် အောက်တိုဘာလလယ်ကတည်းက ရုရှားတပ်တွေက လူတွေကိုကယ်ထုတ်နေခဲ့တာဖြစ်ပါတယ်။
}အခုဆို ခါဆွန်မှာ နေကြတဲ့သူတွေကို အန္တရာယ်ရှိတဲ့ တိုက်ပွဲဇုံတွေကနေ ဖယ်ထုတ်သင့်တယ်” လို့ မော်စကိုမြို့ ရင်ပြင်နီမှာ နိုဝင်ဘာ(၄)ရက်ဒီကနေ့မှာကျင်းပတဲ့ ညီညွတ်မှုနေ့ Unity Day ကို ပူတင်က တက်ရောက်ရင်း သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ လုပ်အားပေးနေကြတဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Source: AFP
#Vladimir_Putin
#Kherson
#Russia_Ukraine
#Local_News
Published _ 4 October 2022
ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်နဲ့ ယခုလ နိုဝင်ဘာလ ၄ရက်နေ့အထိ ကြ က်သွန်နီဈေးကွက်အနေအထားဟာ အနည်းငယ်အေးစက်နေတယ်လို့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 4 November 2022
လတ်တလောမှာ အင်းလေးရေပေါ်ဈေး မရှိသေးပေမယ့် ပြည်တွင်း၊ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အင်းလေးရေပေါ်ဈေး ပြန်ဖွင့်နိုင်အောင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_4 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခုနှစ်လတာနီးပါးကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ ဘီလီယံကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Page 1436 of 1913