#Asia_Tour
Published_ 2 May 2023
ဂျပန်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများကို ၃ နှစ်ကြာပိတ်ပင်ထားရာမှ ပြန်လည်အသက်ဝင်လာစေရန် မျှော်မှန်းထားပြီး တောင်တက်လမ်းသစ်များ၊ သက်ဆိုင်ရာအခြေခံအဆောက်အအုံများ၊ နေရာများ မြှင့်တင်ရန် စီစဉ်နေပါတယ်။
#Asia_Tour #ခရီးသွားဧည့်သည်များ #ဂျပန်ခရီးသွားလုပ်ငန်း
#YMG #Yangon_Media_Group
Published 2May 2023
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး၏ ယခုကဲ့သို့ ခရီးစဉ်လာရောက်မှုမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေသည်သာမကတရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုကိုပြသခြင်းပင်ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို နေပြည်တော်သို့ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang မစ္စတာချင်ကန်ကမေလ (၂)ရက် အင်္ဂါနေ့က တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့သိရပါတယ်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang အား မေလ(၂)ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိနစက ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယင်းကဲ့သို့ပြောဆိုခဲ့တာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့မိမိအနေဖြင့် မြန်မာနိုင်ငံသို့ခရီးစဉ်လာရောက်ခြင်းမှာ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင် ပထမဆုံးအကြိမ်အဖြစ်လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ခရီးစဉ်လာရောက်မှုမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေသည်သာမကတရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုကိုပြသခြင်းပင်ဖြစ်ကြောင်း ဗိုလ်ချူပ်မှူးကြီးကို ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှုများ မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
#ymg/knl
✅Website>>>>
✅Telegram>>>
#တရုတ်နိုင်ငံခြားရေးဝန်ကြီး
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးQin Gan
#Daily_News
Published_ 2 May 2023
၁။ ကိုဗစ်ပိုးတွေ့လူနာ နှင့်ထိစပ်မိသူများ ပိုများလာ ၊မြောက်ဥက္ကလာတွင် တစ်ရက်အတွင်းကိုဗစ်သံသယရှိသူ (၂၅)ဦးအထိ ပိုဆောင်စစ်ဆေးပေးနေရ
၂။ ကဆုန်လပြည့် ဗုဒ္ဓနေ့ကိုရည်မှတ်၍ ရွှေတိဂုံစေတီတော်တွင် သံဃာတော်(၁၁၁၁၁)ပါးဖြင့်အနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကျင်းပ
၃။ နောက်နှစ်ရက်အတွင်း ရန်ကုန်အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးထစ်ချုန်းရွာနိုင်
၄။ ယခင်ကထက် ခရီးသွားဧည့်သည်များ ရောက်ရှိလာစေရန် ဂျပန်ခရီးသွားလုပ်ငန်းများ မျှော်လင့်ဆောင်ရွက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Economy
Published_ 2 May 2023
အမေရိကန်ပြည်ထောင်စုသမ္မတ'ဂျိုးဘိုင်ဒင်'က ကွန်ဂရက်ထိပ်သီးခေါင်းဆောင် ၄ ဦးနဲ့ အိမ်ဖြူတော်မှာတွေ့ဆုံဆွေးနွေးရန် မေလ ၁ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
အကြောင်းအရင်းကတော့ အမေရိကန်ဟာ ကြွေးမြီကန့်သတ်ချက် မတိုးမြှင့်ဘူးဆိုရင် ဇွန်လရောက်တာနဲ့ အစိုးရဘေလ်များအားလုံး ပေးချေဖို့ငွေသား ပြတ်လပ်သွားနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး'ဂျဲနက်ယယ်လန်'က သတိပေးထားတာကြောင့် ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အကြွေးတွေကိုဆပ်ဖို့ ရန်ပုံငွေမရှိဘူးဆိုရင် အကြွေးမဆပ်နိုင်တဲ့ပြဿနာ ရှိလာနိုင်ပါတယ်။
အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်အရ သမ္မတက မေလ ၉ ရက်နေ့မှာ အောက်လွှတ်တော်ဥက္ကဌ 'ကီဗင်မက်ကာသီ'၊ ကွန်ဂရက်ဒီမိုကရက်တစ်ခေါင်းဆောင်များနဲ့ အိမ်ဖြူတော်မှာတွေ့ဆုံဆွေးနွေးသွားဖို့ ဖိတ်ကြားလိုက်ပါတယ်။
ဘိုင်ဒင်ဟာ အောက်လွှတ်တော်ဒီမိုကရက်တစ်ခေါင်းဆောင် 'ဟာကင်မ်ဂျက်ဖရီစ်'၊ အထက်လွှတ်တော်လူများစုခေါင်းဆောင် 'ချက်ခ်ရှုမာ'၊ ရီပတ်ဘလစ်ကန်ခေါင်းဆောင်'မစ်ချ်မက်ကွန်နယ်'တို့နဲ့ ကြွေးမြီကန့်သတ်ချက်၊ ဖက်ဒရယ်အသုံးစရိတ်ကိစ္စများ ဆွေးနွေးဖို့ ဖိတ်ကြားလိုက်ကြောင်း နီးစပ်သူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
နွမ်းပါးသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ကဏ္ဍတွေမှာ ဘတ်ဂျက်ဖြတ်တောက်တဲ့ အလဲအလှယ်အနေဖြင့် ကြွေးမြီကန့်သတ်ချက်တိုးမြှင့်ပေးမယ့် ဥပဒေကြမ်းတစ်ရပ်ကို ရီပတ်ဘလစ်ကန်ဦးဆောင်တဲ့ အောက်လွှတ်တော်က ဧပြီလမှာ အတည်ပြုလိုက်ပြီးနောက် အခုလိုဆွေးနွေးပွဲဖိတ်ကြားလိုက်တာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကြောင့် ရာနဲ့ချီတဲ့ လေကြောင်းထိန်းချုပ်ရေးတာဝါတိုင်များ ပိတ်ပစ်ရနိုင်တယ်လို့ သယ်ယူပို့ဆောင်ရေးဌာနက သတိပေးထားပါတယ်။
ဒါ့အပြင် အမေရိကန်ကြွေးမြီကန့်သတ်ချက် ဒေါ်လာ ၁.၅ ထရီလီယံတိုးမြှင့်ရန် အပြန်အလှန်အနေဖြင့် အသုံးစရိတ်ဒေါ်လာ ၄.၅ ထရီလီယံဖြတ်တောက်မယ့် ရီပတ်ဘလစ်ကန်ဥပဒေမူကြမ်းကိုလည်း အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီမိုကရက်တွေချုပ်ကိုင်ထားတဲ့ အထက်လွှတ်တော်ကို ကျော်ဖြတ်ရန်မလွယ်ကူသလို သမ္မတကလည်း ဥပဒေပြုရေးကို ဗီတိုအာဏာသုံးပယ်ချနိုင်တယ်လို့ အိမ်ဖြူတော်ကပြောကြားထားပါတယ်။
ကြွေးမြီကန့်သတ်ချက် တိုးမြှင့်ခြင်းမရှိပါက ဒါမှမဟုတ် ကွန်ဂရက်မှ ဆိုင်းငံ့ထားပါက အစိုးရအနေနဲ့ အမေရိကန်စီးပွားရေးအပေါ် ငွေပေးချေရန် သိသိသာသာပျက်ကွက်စေမယ့် အန္တရာယ်ရှိနေပါတယ်။
အမေရိကန်က ဇန်နဝါရီလမှာ ဒေါ်လာ ၃၁.၄ ထရီလီယံချေးယူခွင့်ကန့်သတ်ချက်ကို ရောက်ရှိခဲ့ကာ အခုလိုထွက်ပေါ်လာတာဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားရာမှာ ကွန်ဂရက်အနေနဲ့ ဇွန်လ ၁ ရက်နေ့မတိုင်ခင် ကြွေးမြီကန့်သတ်ချက်ကို မတိုးမြှင့်နိုင်ဘူးဆိုရင် အစိုးရကြွေးမြီကို ကျေပွန်အောင်ဆက်လက်ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ အဆိုးဆုံးခန့်မှန်းရကြောင်း ဆိုပါတယ်။
Source: WION.
#World_Economy #အမေရိကန်ကြွေးမြီကိစ္စ #အောက်လွှတ်တော်ဥက္ကဌ #လွှတ်တော်ခေါင်းဆောင်များ #ဂျိုးဘိုင်ဒင်ဖိတ်ကြား
#YMG #Yangon_Media_Group
#World_Health
Published_ 2 May 2023
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ ယူကေနဲ့ အမေရိကန်တို့မှာ လည်ချောင်းကင်ဆာဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းဖြစ်လာပါတယ်။
ထိုနှစ်နိုင်ငံမှာ အရင်က သားအိမ်ခေါင်းကင်ဆာက အဖြစ်အများဆုံးကင်ဆာဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်း လည်ချောင်းကင်ဆာ အဖြစ်များလာကြောင်း ပညာရှင်များက ပြောကြားလိုက်ပါတယ်။
ဒါဟာ သားအိမ်ခေါင်းကင်ဆာ အဓိကဖြစ်ပွားရခြင်း အကြောင်းအရင်းဖြစ်တဲ့ HPV ဗိုင်းရပ်စ်ကြောင့်လို့ ဘာမင်ဂမ်တက္ကသိုလ်မှ ဒေါက်တာ'ဟီရှမ်မဲဟန်နာ'က ဖော်ပြခဲ့ပါတယ်။
ဒီဗိုင်းရပ်စ်က ရောဂါပိုးရှိသူအမျိုးသမီးနဲ့ ယောနိ၊ စအို၊ ပါးစပ်မှတဆင့် လိင်ဆက်ဆံခြင်းတို့ကနေ ကူးစက်လေ့ရှိပါတယ်။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကြောင့် အဖြစ်များလာတဲ့ လည်ချောင်းကင်ဆာဟာ အာသီးနဲ့ လည်ချောင်း အနောက်ဘက်တို့မှာ ကင်ဆာဖြစ်ပွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်း အနောက်နိုင်ငံတွေမှာ လည်ချောင်းကင်ဆာအဖြစ်များလာပြီး ကပ်ရောဂါလို့တောင် သတ်မှတ်လာကြပါတယ်။
ဒီရောဂါဖြစ်ပွားရခြင်းမှာ HPV ကူးစက်မှုက အဓိကအန္တရာယ်ဖြစ်နေတယ်လို့ အရင်လေ့လာမှုတွေမှာလည်း တွေ့ရှိရပါတယ်။
"HPV က လိင်ကြောင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး လည်ချောင်းကင်ဆာအတွက် အဓိကဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့ ပါးစပ်ဖြင့်လိင်ဆက်ဆံတဲ့ လက်တွဲဖော်အရေအတွက်ကြောင့်ဖြစ်တယ်" လို့ ဖော်ပြခဲ့ပါတယ်။
ပါးစပ်ဖြင့် မဆက်ဆံတဲ့လူတွေထက်စာရင် လက်တွဲဖော် ၆ ယောက်နဲ့အထက်ကို ပါးစပ်ဖြင့်လိင်ဆက်ဆံတဲ့လူတွေဟာ လည်ချောင်းကင်ဆာဖြစ်နိုင်ချေ ၈.၅ ဆပိုများကြောင်းလည်း ဖော်ပြထားပါတယ်။
ဒီကူးစက်မှုတွေက များသောအားဖြင့် အလိုလိုပျောက်ကင်းသွားတတ်ပေမယ့် တစ်ခါတစ်ရံရောဂါပိုးကျန်ရှိပြီး ကင်ဆာဖြစ်စေပါတယ်။
HPV ကာကွယ်ဆေးက ၈၀ ရာခိုင်နှုန်းထိရောက်မှုရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံအများအပြားမှာ ရရှိနိုင်ပါတယ်။
Source: India Today
#World_Health #ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း #ယူကေနှင့်အမေရိကန် #လည်ချောင်းကင်ဆာ #အဓိကအကြောင်းအရင်း
#YMG #Yangon_Media_Group
#World_Health
Published_ 2 May 2023
မှောင်မည်းနေတဲ့ မိုးတိမ်တွေက ဆေးယဉ်ပါးဘက်တီးရီးယားတွေကို အကွာအဝေးတော်တော်များများအထိ သယ်ဆောင်လာနိုင်တယ်လို့ ကနေဒါနဲ့ ပြင်သစ်သုတေသီအဖွဲ့က တွေ့ရှိထားပါတယ်။
ဒီဘက်တီးရီးယားတွေက မြေကြီး အရွက် စတဲ့မျက်နှာပြင်တွေမှာ နေတတ်ကြပြီး လေတိုက်ရာကနေ လေထုထဲသို့သယ်ဆောင်သွားကာ မိုးတိမ်အမြင့်လောက်ကနေ ကမ္ဘာတဝှမ်း အဝေးကြီးအထိ ရောက်ရှိသွားနိုင်ကြောင်း ဦးဆောင်စာတမ်းပြုစုသူ 'ဖလော်ရန့်ရော့စီ'က AFP နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အဆိုပါတွေ့ရှိမှုကို ပြီးခဲ့တဲ့လက Science of The Total Environment ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
တိမ်ကောင်းကင်နမူနာမှာတွေ့ရတဲ့ ဘက်တီးရီးယားတွေကနေ ပဋိဇီဝယဉ်ပါးမျိုးဗီဇတွေကို ပြင်သစ်အလယ်ပိုင်း လေဗယ်တက္ကသိုလ်မှသုတေသီများက ရှာဖွေခဲ့ကြပါတယ်။
ပင်လယ်ရေမျက်မှာပြင်အထက် ၁.၄၆၅ မီတာရှိ လေထုသုတေသီစခန်းကနေ နမူနာများရယူခဲ့ပါတယ်။
မိုးတိမ်ရေ ၁ မီလီမီတာမှာ ဘက်တီးရီးယားပေါင်း ၃၃၀ ကနေ ၃ သောင်းကျော်ပါဝင်ကာ ပျမ်းမျှအားဖြင့် ဘက်တီးရီးယား ၈ ထောင်ဝန်းကျင် ဖြစ်ပါတယ်။
ဘက်တီးရီးယားတွေက ပဋိဇီဝဆေးတွေကို ထိတွေ့မိပြီး မျိုးဆက်ပြောင်းလဲကာ ဆေးတွေကို ခံနိုင်ရည်ရှိလာတာပဲဖြစ်ပါတယ်။
ဒီပြဿနာက ကမ္ဘာတဝှမ်းမှာ အဓိကပြဿနာကြီးဖြစ်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက အကြိမ်ကြိမ်သတိပေးထားပြီး အချို့ဖြစ်ရပ်တွေမှာ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတို့မှာ ပဋိဇီဝဆေးအသုံးပြုခြင်းရှိနေသေးတာကြောင့် ကုသလို့မဖြစ်နိုင်တော့ပါဘူး။
လေထုအတွင်း ပဋိဇီဝယဉ်ပါးဆေးဘက်တီးရီးယားများရဲ့ ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး ကျန်းမာရေးအကျိုးကျေးဇူးသက်ရောက်မှုများအပေါ် ကောက်ချက်မချနိုင်သေးပါဘူး။
ရောဂါပိုးမွှားတွေရဲ့ ၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကသာ အသက်ရှင်လှုပ်ရှားနေနိုင်တာကြောင့် ဖြစ်ပါတယ်။
လေထုက ဘက်တီးရီးယားတွေအတွက် အလွန်ဖိအားများပြီး တွေ့ရတဲ့ဘက်တီးရီးယားအများစုက လူသားတွေကို ဘေးအန္တရာယ်သိပ်မပြုနိုင်ပေမယ့် မိုးရေထဲလျှောက်သွားတာမျိုး မလုပ်သင့်ဘူးလို့ ရှင်းပြထားပါတယ်။
လေထုစောင့်ကြည့်ခြင်းနည်းလမ်းဖြင့် ဆေးယဉ်ပါးဘက်တီးရီးယားပေါ်ပေါက်ရာ အရင်းအမြစ်ကို ထောက်ပြနိုင်မှာဖြစ်ပါတယ်။
Source: India Today
#World_Health #ဆေးယဉ်ပါးဘက်တီးရီးယား #ဝေးလံသောနေရာများအထိသယ်ဆောင်
#YMG #Yangon_Media_Group
#World_Politics
Published_ 1 May 2023
နာမကျန်းဖြစ်သဖြင့် အများပြည်သူရှေ့ ၂ ရက်ကြာမထွက်ခဲ့ရတဲ့ တူရကီသမ္မတ'ရီဆပ်တာယစ်အာဒိုဂန်'ဟာ ကြာသပတေးနေ့က ပြန်လည်ရောက်ရှိလာပြီး ရုရှားနိုင်ငံဆောက် နျူကလီးယားဓာတ်အားပေးစက်ရုံအကြောင်း ဖော်ပြတဲ့အွန်လိုင်းအခမ်းအနားမှာ ရုရှားသမ္မတ'ဗလာဒီမာပူတင်'နဲ့ စကားပြောဆိုခဲ့ပါတယ်။
#World_Politics #နာမကျန်းဖြစ်နေသည့်တူရကီသမ္မတ #ဗီဒီယိုရုပ်သံ
#YMG #Yangon_Media_Group
Page 531 of 944