#LocalNews
Published_ 11 March 2022
မြန်မာ့အာမခံလုပ်ငန်းမှာ ရှိတဲ့ ကျန်းမာရေးအာမခံ အမျိုးအစားတွေထဲက ထပ် ဆောင်း ကျန်းမာရေးအာမခံအဖြစ် လုပ်ထားတဲ့ ကိုဗစ်အာမခံ ကို စိတ်ဝင်စားသူ များနေတယ်လို မြန်မာ့ အာမခံလုပ်ငန်းက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 11 March 2022
ကျိုက်ထီးရိုးတောင်တန်းဒေသသို့ ခရီးသွားဝင်ရောက်မှုတွေဟာ ယခုကာလမှာ ပုံမှန်ထက်ကျဆင်းနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 11 Mar 2022
၁။ ကျိုက်ထီးရိုးတောင်တန်းဒေသသို့ ခရီးသွားဝင်ရောက်မှု ပုံမှန်ထက်ကျဆင်းနေ
၂။ ကိုဗစ်အာမခံ စိတ်ဝင်စားသူများပြား
၃။ မိုးလေဝသ သတင်း
၄။ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်ကြုံတွေ့နေရသော ကင်ညာနိုင်ငံမှဘွန်ဂိုတောဆိတ်များအား စောင့်ရှောက်ကယ်ဆယ်ပေးလျက်ရှိ.......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 10 March 2022
ယူကရိန်းအကျပ်အတည်းကြောင့် ရုရှားကို စွမ်းအင် အရေးယူပိတ်ဆို့မှုလုပ်လိုက်တာဟာ ဥရောပအတွက် နောက်ပြန် ထိခိုက်မှုဖြစ်စေလိမ့်မယ်လို့ ဗြိတိန်ပညာရှင်တစ်ဦးက သတိပေးလိုက်ပါတယ်။ the consultancy Energy Aspects အဖွဲ့ရဲ့ ဥရောပ သဘာဝဓာတ်ငွေ့သုတေသနအဖွဲ့ကို ဦးဆောင်တဲ့ ပညာရှင် ဂျိမ်းစ်ဝက်ဒဲလ်က ရုရှားနှင့်ယူကရိန်း ပဋိပက္ခမဖြစ်ခင်ကတည်းက ဥရောပမှာ စွမ်းအင်မလုံလောက်မှုရှိခဲ့တယ်လို့ ပြောပါတယ်၊အဲဒါကြောင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ မူလထုတ်လုပ်မှုအစီအစဉ်တွေကိုအတင်းအကြပ်ပြောင်းလဲခဲ့ရတယ်လို့ သူကပြောပါတယ်။အချိန်တစ်ခုရောက်ရင် ဒီလုပ်ငန်းတွေဟာ ခက်ခဲမှုတွေ ပိုကြုံရဖွယ်ရှိနေပါတယ်လို့ သူကသုံးသပ်ပါတယ်။
Source CMG
#WorldEnvironment
Published 10 March 2022
ဂါဇာကမ်းမြောင်ဒေသရှိ အမှိုက်ပုံတစ်ခုမှာ ဘတ်ထရီအဟောင်းအပျက်တွေ တောင်လိုပုံနေပြီး ပါလက်စ်တိုင်းလူနည်းစုနေထိုင်ရာဒေသရှိလူတွေကို ကျန်းမာရေးထိခိုက်စေလျက်ရှိပါတယ်။
#Yangon_Media_Group
#LocalNews
Published_10 March 2022
ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာမုနိရင်ပြင်မှာတွေ့တဲ့ ရှေးဟောင်းနတ်ညီနောင်ရုပ်တုကို မဟာမုနိပြတိုက်မှာ ထိန်းသိမ်းထားမယ်လို့ ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခဲ)ရဲ့ ညွှန်ကြားရေးမှူး ဦးကြည်ခင်က YMG ကို ပြောပါတယ်။
#Yangon_Media_Group
Published 10 March 2022
ပိုလန်က ယူကရိန်းအတွက် တိုက်လေယာဉ်တွေ ပို့ပေးမယ့်ကမ်းလှမ်းချက်ကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပယ်ချလိုက်ပါတယ်။ဒီလိုလုပ်ဆောင်မယ်ဆိုရင် အရှိန်မြှင့်လုပ်ဆောင်တယ်လို့ အဓိပ္ပါယ်သက်ရောက်သွားနိုင်လို့ အန္တရာယ်ကြီးမားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျွန်ကီဘီက ပြောပါတယ်။ အဲသလို လေယာဉ်တွေပေးမယ့်အစား လက်နက်တွေနှင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပံ့ပိုးတာကပိုကောင်းတယ်လို့ သူကဆက်ပြောပါတယ်။
Source AFP
Page 1055 of 1096