Published: 20 Aug 2022
အိန္ဒိယရဲ့ ဖျော်ဖြေရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမှာ ရာစုနှစ်တစ်စုနီးပါးမျှ လန်ဒန်စတိုင် နှစ်ထပ်ဘတ်စ်ကားတွေကို တိုးချဲ့ပြေးဆွဲလာခဲ့ရာမှာ ယခုတစ်ခါတိုးချဲ့လိုက်တာကတော့ ယခင်နှင့်မတူလှပါဘူး။ ဒီတစ်ခါနှစ်ထပ်ဘတ်စ်ကားတွေကို လျှပ်စစ်ကားတွေအဖြစ် ထပ်မံတိုးချဲ့လိုက်တာဖြစ်ပါတယ်။
ဒီဇင်ဘာလကစပြီး ပထမဆုံး လျှပ်စစ် နှစ်ထပ်ဘတ်စ်ကားကြီး အစင်းရေ ၂၀၀ဟာ မမ်ဘိုင်းရဲ့ အလုပ်များလှတဲ့ လမ်းတွေ အပေါ် ပြေးဆွဲတော့မှာပါ။ အဲဒီကားကြီးတွေဟာ လောလောဆယ်ပြေးဆွဲနေတဲ့ လျှပ်စစ် တစ်ထပ်ဘတ်စ်ကား အစီးရေ ၄၀၀ နှင့်အတူ ပူးပေါင်းကြ ပါလိမ့်မယ်။
လူဦးရေ၁.၄ဘီလျံရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာဘွန်အထုတ်လုပ်မှု တတိယမြောက် အများဆုံးနိုင်ငံဖြစ်နေလို့ အစိုးရဟာ ၂၀၇၀ အရောက်မှာ ကာဘွန်ထုတ်လုပ်မှုလုံးဝမရှိစေရေးလျှော့ချဆောင်ရွက်နိုင်ဖို့ ကြိုးစားနေရပါတယ်။
ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံးမြို့တွေထဲမှာ ပါဝင်နေတဲ့ အိန္ဒိယရဲ့ အချို့မြို့တွေဟာ လေထုညစ်ညမ်းမှုကိုလျှော့ချဖို့ လိုအပ်နေတဲ့အတွက် လျှပ်စစ်သုံး အများပြည်သူသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ဆောင်ရွက်နေရတာဖြစ်ပါတယ်။
ယခုလျှပ်စစ်ဘတ်စ်ကားတွေကို အိန္ဒိယကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ အာရှော့လေးလန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆွစ် မိုဘီလတီ Switch Mobility က ဖန်တီးထုတ်လုပ်တာပါ။
ကုမ္ပဏီက ထုတ်လုပ်တဲ့ အလားတူ နှစ်ထပ်လျှပ်စစ်ဘတ်စ်ကားတွေကို ၂၀၁၄ခုနှစ်ကတည်းက လန်ဒန်မှာ ပြေးဆွဲနေပြီ ဖြစ်ပါတယ်။
“ လျှပ်စစ်ဓာတ်အားသုံးယာဉ်တွေကို သာမာန်ပြည်သူတွေသုံးစွဲလာစေချင်ပါတယ်။ ဒါမှ နက်ဇီးရိုးဆိုတဲ့ ရည်မှန်းချက်ကို ရရှိမှာဖြစ်ပါတယ်။ဘတ်စ်ကား အစင်း၂၀၀ ကြောင့် နှစ်စဉ် မြို့မှာ အပင် ၈၆၀၀၀(ရှစ်သောင်းခြောက်ထာင်)စိုက်ပေးတာနှင့်ညီမျှပါတယ်။” လို့ ဆွစ်မိုဘီလတီအိန္ဒိယရဲ့ အမှုဆောင်အရာရှိချုပ် မာဟက်ရှ် ဘာဘူက ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ဘတ်စ်ကားအသစ်ကို ပြသတဲ့ ပွဲမှာအေအက်ဖ်ပီကိုပြောပါတယ်။
he Switch EiV 22 လျှပ်စစ် နှစ်ထပ်ဘတ်စ်ကားတွေဟာ အိန္ဒိယမှာထုတ်လုပ်ပြီး ခရီးသည် ၆၅ ဦးစီးနင်းလိုက်ပါနိုင်ပြီး ၁၅၅ မိုင်အထိ မောင်းနှင်လို့ရတဲ့ ဘက်ထရီအိမ်ပူးတွဲပါရှိပါတယ်။
ရုပ်ကြွင်းလောင်စာသုံး နှစ်ထပ်ဘတ်စ်အနီကြီးတွေကတော့ ၁၉၃၇ ခုနှစ်ကတည်းက မမ်ဘိုင်းမှာ စတင်ပြေးဆွဲခဲ့ပါတယ်။ ယခုဆိုရင် လူအကြပ်ဆုံးအချိန်မှာ အဲဒီဘတ်စ်ကားတွေဟာ အစီးရေ ၉၀၀ အထိမြို့တွင်းလမ်းကြောင်းတွေမှာပြေးဆွဲနေပါတယ်။
၁၉၉၀ပြည့်လွန်နှစ်တွေကတည်းက ဟောင်းနွမ်းနေတဲ့ အဲဒီဘတ်စ်ကားတွေကိုဖြည်းဖြည်းချင်း အစားထိုးခဲ့ပါတယ်။ ယခုဆိုရင် အဲဒီဘတ်စ်ဟောင်းတွေ အစင်း ၅၀ကျော်လောက်ပဲ ပြေးဆွဲနေတော့တာဖြစ်ပါတယ်။
Source AFP
#Electric_double-decker_Mumbai
#India_Electric_Vehicles
#Electric_Buses
#DailyNews
Published - 20 August 2022
၁။ မြဝတီနှင့်လားရှိုးတွင် ပညာတတ်အမျိုးသမီးငယ်များ လူကုန်ကူးခံနေရ၊ ဥပဒေအရအကူအညီတောင်းခံနေ
၂။ ကြက်သွန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ
၃။ ကုန်ကြမ်းဈေး ကြီးမြင့်မှုကြောင့် စားဆီဈေး မြင့်တက်နေ
၄။ မိုးခေါင်ရေရှားမှု ဒဏ်ခံနေရသည့် နယ်သာလန်မြစ်မှ ငါးများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 20 August 2022
- ဖျော်ရည်ကို ယေဘုယျအားဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုပြီး ယူဆထားကြတာ ဘယ်လောက်အထိ မှန်ပါသလဲ???
#Yangon_Media_Group
#Local_News
Published -19 August 2022
တရုတ်အစိုးရပိုင် CITIC အုပ်စုသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဆက်လက်လုပ်ကိုင်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 19 August 2022
ပြီးခဲ့တဲ့နေ့က ပြိုကျခဲ့တဲ့ တရားမဝင် သတ္တုမိုင်းက အလုပ်သမား (၉)ဦးကို ကြာသပတေးနေ့က ကိုလံဘီယာ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက ကယ်တင်လိုက်နိုင်ကြပါတယ်။
ကိုလံဘီယာရဲ့ အလယ်ပိုင်း ကန်ဒီနာမာဆာ ဒေသရ့ အယ်ဘော့စ်က သတ္တုမိုင်းရဲ့ မြေပြင်ပေါ်ကို (၉)ဦးစလုံး ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။
မိုင်းလုပ်သား (၉)ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြပါတယ်လို့ အမျိုးသား သတ္တုမိုင်းဌာနက တွစ်တာကနေ သတင်းထုတ်ပြန်ပါတယ်။
သူတို့အားလုံးဟာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးဝါးကုသစောင့်ရှောက်မှုပေးထားပါတယ် လို့လည်း သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မိုင်းလုပ်သားတွေ ဗုဒ္ဓဟူးနေ့ မနက်ကတည်းက မိုင်းတွင်းထဲ ပိတ်မိနေကြတာဖြစ်ပြီး နာရီပေါင်းများစွာအကြာမှာ ကယ်ဆယ်ရေးသမားတွေက အုတ်အကျိုးအပဲ့တွေကြားထဲကနေ ဆက်သွယ်လို့ရခဲ့ကြပါတယ်။
အဲဒီနောက် သူတို့ကို အသက်ရှုရအောင်အတွက် လေတွေ သွင်းပေးနိုင်ခဲ့ကြပါတယ်။
ကိုလံဘီယာမှာ ရေနံနှင့် ကျောက်မီးသွေးဟာ အဓိကပြည်ပပို့ကုန်ဖြစ်ပြီး သတ္တုတွင်း မတော်တဆဖြစ်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။
လက်တင်အမေရိကရဲ့ စတုတ္ထမြောက်စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ ကိုလံဘီယာမှာ ၂၀၂၁ ခုနှစ်တုန်းက မိုင်းတွင်း မတော်တဆမှုကြောင့် လူပေါင်း ၁၄၈ ဦးသေဆုံးခဲ့ကြရပါတယ်။
မက္ကဆီကိုနိုင်ငံမှာလည်း မိုင်းလုပ်သား ၁၀ဦးဟာ မိုင်းတွင်းထဲ နှစ်ပတ်ကြာပိတ်မိနေပြီး အားလုံး အသက်ရှင်လျက် လက္ခဏာ မတွေ့ကြရပဲရှိနေချိန်မှာ ကိုလံဘီယာမိုင်းလုပ်သားတွေကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။
Source AFP
#Colombia
#Mine_Collapse
#Mine_accidents
ရုပ်သံကြည့်ရန်..
#World_Technology
Published 19 August 2022
လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအေဂျင်စီ(EIA)မှ ရာဇဝတ်မှုတိုက်ဖျက်ရေးခေါင်းဆောင်'ဒက်ဘီဘန့်ခ်စ်'က စကော့တလန်အရှေ့မြောက်ပိုင်းကမြို့မှာ ကျားအရေခွံအချက်အလက်များ သိမ်းဆည်းထားတဲ့ ဒေတာဘေ့စ်ကနေ ရာဇဝတ်မှုကျူးလွန်သူများကို ခြေရာခံစောင့်ကြည့်လေ့ရှိပါတယ်။
#Yangon_Media_Group
#Local_News
Published_19 August 2022
လတ်တလောမှာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အိန္ဒိယဘက်သို့ ဦးတည်ဝင်ရောက်လျက်ရှိပြီး မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံရဲ့ဒေသတော်တော်များများမှာ မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာ၊ ရေကြီးရေလျှံဖြစ်တာတွေ ကြုံတွေ့နေရပါတယ်၊၊
#Yangon_Media_Group
Page 871 of 1058