Published 21 Aug 2022
နစက ဥက္ကဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ်တက်ရောက်ရန် အတွက်လားဟူဒီမိုကရက်တစ်ပါတီ (LDU)မှ ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့သည် ယနေ့ ၁၂ နာရီခွဲအချိန် တာချီလိတ်လေဆိပ်မှတဆင့် တပ်မတော်လေယာဥ်ဖြင့် နေပြည်တော်သို့ထွက်ခွာသွားပါတယ်။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှ တဆင့် တာချီလိတ်မြို့သို့ ယနေ့နံနက် ၁၀ နာရီအချိန်၌ရောက်ရှိလာခဲ့ရာ စစ်ဗျူဟာ အဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင် နှင့် ဌာနဆိုင်ရာ များ၊ ဒေသခံတိုင်းရင်းသားပြည်သူများကကြိုဆိုခဲ့ကြပါတယ်။
LDU အဖွဲ့သည် ပထမအကြိမ်အဖြစ် ဇူလိုင် (၇)ရက်နေ့နှင့် ဇူလိုင် (၈)ရက်နေ့တို့တွင် လည်း နစက အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စရပ်များနှင့်ပတ်သတ်၍ ပထမအကြိမ်အဖြစ် ဆွေးနွေးခဲ့ကြပြီးယခုဒုတိယအကြိမ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ ရှေ့ဆက်လုပ်ငန်းစဉ်များအတွက် ဆွေးနွေးမည် ဟု သိရှိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးရန် နစက, ကဇွန် (၁၄)ရက်နေ့၌ ထုတ်ပြန်ချက်ထုတ်၍ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ ကရင် ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက် ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည် သစ်ပါတီ NMSP၊ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP၊ မိုင်းလားအထူးဒေသ (အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်- NDAA နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့ သွားရောက် တွေ့ဆုံခဲ့ကြပြီး ဖြစ်ကြောင်းသိရှိရသည်။
Ymg/YS_TCL
#Local_News
Published - 20 August 2022
မြေပဲ၊ နေကြာ၊ နှမ်းအပါအဝင် ဆီထွက်သီးနှံများရဲ့ ကုန်ကြမ်းဈေးနှုန်းတွေဟာ ကြီးမြင့်လာတာကြောင့် ပြည်တွင်းစားဆီဈေးနှုန်းမြင့်တက်နေတယ်လို့ ဆီစက်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 20 August 2022
အခုတစ်ပတ်ထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ အဝယ်လိုက်နေပြီး ဈေးနှုန်းတွေကလည်း ဆက်တိုက်မြင့်တက်လာနေတယ်လို့ ဘုရင့်နောင်ပွဲရုံတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#World_Climate
Published 20 August 2022
'မာ့ခ်ကိုဝမ်ဟိုဗန်'နဲ့ ငါးဖမ်းအဖွဲ့က နယ်သာလန်နိုင်ငံရှိ ခန်းခြောက်နေတဲ့ ရေကန်ထဲကငါးတွေကို ရေပုံးထဲပစ်ထည့်နေကြပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 20 August 2022
- ကျန်းမာရေးနှင့်ညီညွတ်အောင် ဖျော်ရည်တွေကို ဘယ်လိုရွေးချယ်ပြီး ဘယ်လိုပုံစံနှင့်သောက်သုံးသင့်ပါသလဲ??
#Yangon_Media_Group
#Local_News
Published_20 August 2022
လတ်တလောမှာမြဝတီနဲ့လားရှိုးဒေသတွေမှာ လူကုန်ကူးခံနေရတဲ့ ပညာတတ် မြန်မာအမျိုးသမီးတွေများပြားနေပြီး ဥပဒေကြောင်းအရအကူအညီတောင်းခံထားသူတွေလည်းရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ၊ ဒေါ်ပွင့်တင်မက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 20 August 2022
- ဖျော်ရည်နှင့်ဆက်စပ်တဲ့ ကျန်းမာရေးအန္တရာယ်တွေရှိနေပါသလား??
#Yangon_Media_Group
Page 870 of 1058