(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပရာ ဟန်ကျိုးမြို့ အားကစားရွာတွင် နည်းပညာဆန်းသစ်တီထွင်မှုများ ပြသထား
တရုတ်နိုင်ငံက ဟန်ကျိုးအာရှအားကစားပြိုင်ပွဲရွာမှာ ခြင်ဖမ်းစက်ရုပ်၊ AR ဘတ်စ်ကားများ၊ ချောကလက် 3D ပရင်တာစတဲ့ အဆင့်မြင့်နည်းပညာများကို ပြသထားပါတယ်။
၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ နီးကပ်လာတဲ့အချိန်မှာ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲရွာဟာ စနေနေ့က တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
#Published_ 22 September 2023
#Asia_Technology
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 September 2023
၁။ ရွှေတိဂုံတွင် Pagoda Digital Directory ထားရှိနိုင်အောင် ဆော့ဝဲလ်များပြင်ဆင်နေ၊
မုခ်လေးမုခ်တွင်Touch Screenများဖြင့် ထားရှိမည်ဟုဆို
၂။ ယခုတပတ်အတွင်း ပြည်တွင်းစက်သုံးဆီ တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျ
၃။ မုတ်သုန်ဆုတ်ခွာချိန်ဖြစ်၍ ဒေသအချို့တွင် မိုးပိုရွာမည်၊ လေဖိအားနည်းရပ်ဝန်းနှင့် မိုးသက်လေပြင်းများ တိုက်ခတ်နိုင်
၄။ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပရာ ဟန်ကျိုးမြို့ အားကစားရွာတွင် နည်းပညာဆန်းသစ်တီထွင်မှုများ ပြသထား .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ပြည်ပလုပ်သားများရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို သွားရောက်မယ့် နိုင်ငံရှိဘဏ်နှင့် ပြည်တွင်းဘဏ် ချိတ်ဆက်ထားတဲ့ မည်သည့်ဘဏ်ကမဆို လွှဲနိုင်တယ်ဟုဆို
ပြည်ပနိုင်ငံ များကို တရားဝင် သွားရောက် အလုပ်လုပ်ကိုင်မယ့် သူတွေရဲ့လုပ်ခလစာကိုနိုင်ငံတော်သွင်းရတာမျိုးမဟုတ်ဘဲ မိသားစုထံ တရားဝင်လမ်းကြောင်းကနေ လွဲပို့ရမှာဖြစ်ပြီး ပြည်တွင်းရှိ ဘဏ်များနဲ့ သွားရောက်မယ့် နိုင်ငံမှာရှိတဲ့ ဘဏ်တွေ နဲ့ ချိတ်ဆက်ထားတဲ့ မည်သည့်ဘဏ်ကမဆို လွဲပို့နိုင်တယ်ဟု အလုပ်သမားဝန်ကြီးဌာန ရဲ့အသိပေးကြေညာချက်အရသိရပါတယ်။
#Yangon_Times/LW
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
မိုးစပါးပေါ်ချိန် ဆန်စပါးအမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်
‘ဧည့်မထ/ငစိန်စပါးတွေကို တင်း(၁၀၀)လျှင်ဈေးနှုန်း(၁၃)သိန်းနဲ့(၁၅)သိန်းအတွင်း၊ ဧရာဝတီ ပေါ်ဆန်းစပါးတွေကို တင်း(၁၀၀)လျှင်(၁၆)သိန်းမှ(၁၈)သိန်းအတွင်း၊ရွှေဘိုပေါ်ဆန်းစပါးတွေကို တင်း(၁၀၀)လျှင်(၁၈)သိန်း မှ(၂၀)သိန်းအတွင်း၊ဧရာမင်း ဧရာပဒေဿစပါးတွေကတော့တင်း(၁၀၀)လျှင် ကျပ်(၁၆)သိန်းမှ(၁၈)သိန်းအတွင်း ဝယ်ယူရန်ရည်ညွှန်းဈေးတွေသတ်မှတ်ပေးထားတယ်’ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်
#Yangon_Times/tthl
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်၊ ပဲခူး ၊ဧရာဝတီဒေသများ စက်တင်ဘာ(၂၈)တွင် မုတ်သုန်စတင်ဆုတ်ခွာမည်
‘စက်တင်ဘာလ(၂၂)ရက်မှ(၂၇)ရက်အတွင်း မန္တလေး၊နေပြည်တော် ၊မကွေး ၊မုံရွာစတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေနဲ့ စက်တင်ဘာ(၂၈)ရက်မှ အောက်တိုဘာ(၃)ရက်အတွင်း ရန်ကုန် ၊ပဲခူး ၊ဧရာဝတီစတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မုတ်သုန်လေဆုတ်ခွာသွားမှာဖြစ်တယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Yangon_Times/tthl
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ယခုတပတ်အတွင်း ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျ
ကမ္ဘာ့ရေနံစိမ်းဈေးမြင့်လာတဲ့အတွက် ဈေးမြင့်ခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်ဟာ အခုတပတ်မှာတော့ စက်သုံးဆီ တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျလာတာ တွေ့ရပါတယ်။
#Yangon_Times/LW
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ရွှေတိဂုံအမွေအနှစ်များကို နိုင်ငံတကာအဆင့်မီ Digitalစနစ်ဖြင့် ပြသနိုင်အောင်ပြင်ဆင်နေ
‘ရွှေတိဂုံမှာထားရှိမယ့် Pagoda Digital Directoryမှာ ခေါင်းစဉ်အလိုက် ရွှေတိဂုံဘုရားနဲ့ပတ်သက်တဲ့ မြေပုံ၊သမိုင်း၊ ရွှေတိဂုံမှာထူးခြားထင်ရှားတဲ့ ရုပ်ပွားတော်တွေ၊ စေတီတော်တွေတစ်ဆူချင်းစီရဲ့ အချက်အလက်တွေနဲ့ အနီးကပ်ဓာတ်ပုံတွေ၊ ပန်းပု၊ပန်းပဲစတဲ့ မြန်မာမှုလက်ရာတွေ ဘယ်တန်ဆောင်းမှာ ရှိတဲ့ဆိုတဲ့ အချက်အလက်တွေကြည့်နိုင်အောင် စီစဉ်နေတယ်’ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲဝင်ဦးဘိုးသင်း
#Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Page 522 of 1106