ရန်ကုန်မိုးရွာပြီးစစ်ကိုင်း၊ တနင်္သာရီ၊ ကချင်စသည့် ဒေသ (၃)ခု၌မိုးထစ်ချုန်းမည်။ ဇန်နဝါရီလ(၃၁)ရက်မှာတော့ ကရင်နှင့်မွန်တို့မှာ နေရာစိပ်စိပ်၊ တနင်္သာရီမှာနေရာကျဲကျဲနှင့် စစ်ကိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာဦးမယ်။ ဇန်နဝါရီလ(၃၁)ရက်နဲ့ဖေဖော်ဝါရီ(၁)ရက်မှာတော့ စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်စတဲ့ ဒေသ (၃)ခုမှာ မိုးထစ်ချုန်းရွာဖို့ရှိတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Local_News
Published_ 30 January 2024
#စစ်ကိုင်း၊တနင်္သာရီ၊ကချင် #မိုးထစ်ချုန်းရွာမည်
#tthl #Yangon_Times
'ပြည်ပကသူ့ဟာနဲ့သူ သွားနေကျဟာ အခုကတရုတ်နှစ်သစ်ကူးနဲ့ ဘာနဲ့ဆိုတော့ အဝယ်နည်းနည်းရပ်သွားတယ်၊ ထေ့သွားတယ်ပေါ့၊ အဲ့တာကြောင့်လည်းပါတယ်၊ နယ်စုံပေါ်လာပြီး အပြင်ထွက်ဖို့ကလည်း မိုးကြက်သွန်ဆိုတော့ ပစ္စည်းကအထားမခံတော့ဒီရာသီကဈေးကျနေကျပါ'
#Local_News
Published_ 30 January 2024
#ကြက်သွန်နီဈေးဆက်ကျ
#YMG/NN #Yangon_Times
ကိုဗစ်ပိုးတွေ့သူ(၇၃)ဦးရှိ၊ ရန်ကုန်၌ ကူးစက်ခံရသူ (၅၀)ကျော်တွေ့ပြီးကူးစက်မှုအများဆုံးဖြစ်နေ
"ကိုဗစ်ပိုးတွေ့သူဟာ ဇန်နဝါရီ(၂၁)ရက်ကနေ(၂၈) ရက်အထိ တစ်ပတ်တာအတွင်းမှာ (၇၃)ဦးတွေ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကတော့(၆၄)ဦးပဲ ကိုဗစ်ပိုးတွေ့ရတာဖြစ်တဲ့အတွက် အခုအပတ်မှာတော့ ကိုဗစ်ပိုးတွေ့သူဦးရေတွေတိုးလာတာဖြစ်တယ်"
#Local_News
Published_ 30 January 2024
#ကိုဗစ်ပိုးတွေ့သူ(၇၃)ဦး #ကူးစက်မှုအများဆုံးဖြစ်နေ
#tthl #Yangon_Times
ခရီးသွားရာသီဖြစ်တဲ့အတွက် ငွေဆောင်၊ ချောင်းသာစတဲ့ ကမ်းခြေတွေကို ဧည့်ဝင်ရောက်မှုများတဲ့အတွက် အုန်းရည်သောက်သုံးမှုများသလို မုန့်လုပ်တဲ့လုပ်ငန်းတွေကလည်း ၀ယ်ယူမှုရှိတာကြောင့် အုန်းသီးဈေးကွက်ဟာ ပြည်တွင်း၀ယ်လိုအားပုံမှန်ရှိပြီး ဈေးကအမြင့်ပိုင်းမှာရှိနေတယ်။ အခုနှစ်တော့ ဒေသတွင်း အုန်းခြံပိုင်ရှင်တွေ အဆင်ပြေတာပေါ့။ ၀ယ်ရောင်း လုပ်သူတွေအတွက်က ဈေးကွက်ကအရင်လို မှန်းမရတာရယ် သယ်ယူစရိတ်တွေမြင့်တာရယ်ကြောင့် အခက်အခဲ ဖြစ်နေတယ်။
#Local_News
Published_ 30 January 2024
#ပြည်တွင်းဈေးကွက် #အုန်းသီးဈေးမြင့်နေ
#YMG/LW #Yangon_Times
တရုတ်ပြည်မှ အန္တာတိတ်စူးစမ်းလေ့လာရေး အကြိမ် ၄၀ မြောက်အဖွဲမှ သုတေသီများဟာ အဒယ်လိတ်ကျွန်းပေါ်မှ ပင်ဂွင်းငှက်မျိုးစိတ် ၂ မျိုးရဲ့ အကောင်ရေတည်ရှိမှု ပြောင်းလဲလာတာကို တွေ့ရှိလာကြပါတယ်။
#World_Discovery
Published 29 January 2024
#ကမ္ဘာ့အပူချိန်မြင့်တက် #အဒယ်လိတ်ကျွန်း #ပင်ဂွင်းမျိုးစိတ်(၂)မျိုး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 29 January 2024
၁။ ရာသီဥတုအေးချိန်တွင် ရန်ကုန်နှင့်အနီးဆုံး လှည်းကူးရှိသူဌေးကျွန်းနှင့်၊ Resort များကိုလည်ပတ်သူများနေ၊နိုင်ငံခြားသားဝင်ရန် လိုအပ်နေသေး
၂။ ဝါးနက်ဆင်စခန်း၌ ဆင်သရုပ်ပြပွဲများနှင့် တောတွင်းဆင်စီးခရီးစဉ်များလည်း ပြုလုပ်ပေးနေ
၃။ လှည်းကူးရေဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရပ်ရွာလူထုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငွေကြေးများ ထောက်ပံ့ကူညီ
၄။ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် အဒယ်လိတ်ကျွန်းရှိပင်ဂွင်းမျိုးစိတ်(၂)မျိုး၏ အကောင်ရေများကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
'ရွေးကောက်ပွဲမှာပန်းတိုင်မဟုတ်ဘဲတိုင်းပြည်ထိခိုက်နစ်နာမှုအနည်းဆုံးဖြင့်ပြုပြင်ပြောင်းလဲရန်နည်းလမ်းတစ်ခုအဖြစ်သာရွေးချယ်ခဲ့တယ်လို့ ပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီး ကပြောပါတယ် '
#Local_News
Published 29 January 2024
#ဦးကိုကိုကြီး #ရွေးကောက်ပွဲကိုရွေးချယ်ခဲ့
#YMG/ NN #Yangon_Times
Page 521 of 1223