#World_Society
Published 17 October 2022
ဥရောပတခွင်မှာ လာမယ့်ဆောင်းရာသီအတွင်း လျှပ်စစ်ဓာတ်အား ပြတ်လတ်မှုမဖြစ်စေရန် ခြိုးခြံချွေတာဖို့ တိုက်တွန်းနေကြပေမယ့် ဆွစ်ဇာလန်နိုင်ငံရှိ ဘာဗိုနာတောင်ကြားက လူတွေကတော့ စိုးရိမ်စရာမရှိပါဘူး။
#Yangon_Media_Group
#Health_Matters
Published - 17 Oct 2022
- ကာလဝမ်းရောဂါကို ကပ်ရောဂါအသွင်ဖြစ်မလာအောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲ??
#Yangon_Media_Group
Published 17 Oct 2022
ရုရှားက ယူကရိန်းနိုင်ငံတလျောက် ဒရုန်းနှင့်ဒုံးကျည် တိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်နေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာဇီလင်စကီးက တနင်္လာနေ့မှာပြောပါတယ်။ ဒါပေမယ့် ဒီလိုတိုက်ခိုက်တာတွေဟာ ယူကရိန်းနိုင်ငံသားတွေကိုတော့ ဖြိုကွဲလို့ ရမှာမဟုတ်ဘူးလို့လည်း သူကပြောလိုက်ပါတယ်။
“ တစ်ညလုံးနှင့် တမနက်လုံးလုံး ရန်သူတွေဟာ အရပ်သားတွေကို အကြမ်းဖက်ခဲ့တယ်။ ကာမီကာဇီ ဒရုန်းတွေနှင့် ဒုံးကျည်တွေဟာ ယူကရိန်းနေရာအားလုံးကို တိုက်ခိုက်နေတယ်။ ရန်သူဟာ ကျွန်တော်တို့ရဲ့ မြို့တွေကို တိုက်ခိုက်နိုင်ပေမယ့် ကျွန်တော်တို့ကို ဖြိုခွဲလို့တော့ရမှာမဟုတ်ဘူး” လို့ သူကပြောပါတယ်။
ရုပ်သံထဲမှာ ရဲအရာရှိတွေဟာ ကိဗ်ရဲ့ ကောင်းကင်ယံမှာ နိမ့်နိမ်းလေးပျံသန်းလာနေတဲ့ ကာမီကာဇီ ဒရုန်းတွေကို ပြန်လည်ပစ်ခတ်နေတာကို မြင်တွေ့ကြရပါတယ်။
မြို့တော်ကိဗ်ရဲ့ မြို့တော်ဝန်က လူနှစ်ဦးဟာ အပျက်အစီးပုံတွေကြားထဲ ပိတ်မိနေတယ်လို့ ပြောအပြီးမှာ ကိဗ်က လူနေအဆောက်အဦတစ်လုံး ထိမှန်ခဲ့တယ်လို့သူကအတည်ပြုပါတယ်။
Source AFP
#Kamikaze_drones_attack
#Kyiv_Ukraine
#Zelensky
#Local_News
Published _ 17 October 2022
အမှတ်(၈၉)အဆန်၊ အမှတ်(၉၀)အစုန် ရန်ကုန်-မော်လမြိုင်ရထားကို အောက်တိုဘာ ၁၄ရက်နေ့ကစပြီး လေအိတ်တွဲဆိုင်းတွေနဲ့ အစားထိုးပြေးဆွဲနေပြီလို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 17 October 2022
၁။ ရန်ကုန်-မော်လမြိုင်ရထား လေအိတ်တွဲဆိုင်းသစ်ဖြင့် စတင်ပြေးဆွဲနေ
၂။ အခြေခံစားသောက်ကုန်စည်ဈေးနှုန်း အတက်အကျပုံမှန် မရှိဟုဆို
၃။ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် နှစ်သိန်းခွဲတင်ပို့မည့် သင်္ဘောယခုတစ်ပတ်အတွင်း စတင်ထွက်ခွာမည်
၄။ ဆောင်းရာသီလျှပ်စစ်ဓာတ်အားပြတ်တောက်မှာ စိုးရိမ်စရာမလိုသည့် ဆွစ်ဇာလန်တောင်ကြားက ရွာကလေးတွေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 15 Oct 2022
- ကာလဝမ်းရောဂါဟာ ကမ္ဘာကြီးမှာ တစ်ကျော့ပြန် ခေါင်းထောင်ထလာနေတာ ဘာဖြစ်လို့လဲ??
#Yangon_Media_Group
#Local_News
Published_ 17 October 2022
ရန်ကုန်တိုင်းထဲက နွမ်းပါးတဲ့စာသင်ကျောင်းတွေကို ရွေးချယ်ပြီး ကျန်းမာရေးအသိပညာပေးတာ၊ သွားရောဂါအခမဲ့ ကုသပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Page 850 of 1105