#TV Yangon Times Matters အစီအစဉ်
Published - 16 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကျော်ကျော်ဟန်၊ သူဇာအောင်(အဆိုတော်)တို့နှင့်အတူ
-"နှစ်ပွင့်တစ်ခိုင်သီဆိုဖျော်ဖြေလျှက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သင်ယူရတာတွေရှိကြောင်း
-မိဘဘိုးဘွား အမွေအနှစ်ကိုထိန်းသိမ်းရင်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းမျှဝေပေးသွားမှာဖြစ်ကြောင်း
-မဟာဂီတသီဆိုရတာကို ပိုကြိုက်မိပြီး အဆိုသင်တန်းတွေ ဖွင့်လှစ်ထားကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published _16 October 2022
ရေလှောင်တမံတွေမှာ ရေပြည့်နေတဲ့အတွက် လျှပ်စစ် မဂ္ဂါဝပ် ၁၅၀ နီးပါး ပိုပြီးထုတ်လုပ်နိုင်တာကြောင့် လျှပ်စစ်မီး ပြတ်တောက်ချိန်ဟာ နဂိုကထက် နည်းသွားတယ်လို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 16 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကျော်ကျော်ဟန်၊သူဇာအောင်(အဆိုတော်)တို့နှင့်အတူ
-"နှစ်ပွင့်တစ်ခိုင်သီဆိုဖျော်ဖြေလျှက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သင်ယူရတာတွေရှိကြောင်း
-မိဘဘိုးဘွား အမွေအနှစ်ကိုထိန်းသိမ်းရင်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းမျှဝေပေးသွားမှာဖြစ်ကြောင်း
-မဟာဂီတသီဆိုရတာကို ပိုကြိုက်မိပြီး အဆိုသင်တန်းတွေ ဖွင့်လှစ်ထားကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 16 Oct 2022
ခေတ်မီဆိုရှယ်လစ်တရုတ်နိုင်ငံကို ညီညွတ်မှုဖြင့်ကြိုးပမ်းတည်ထောင်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အောက်တိုဘာ ၁၆ ရက် ဘေဂျင်းမှာကျင်းပတဲ့ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ဖွင့်ပွဲမှာ ပြောကြားလိုက်ပါတယ်။
ပါတီတစ်ခုလုံးနှင့် တိုင်းရင်းသားအုပ်စုတွေအားလုံးရဲ့ တရုတ်ပြည်သူတွေဟာ ဒုတိယရာစုပန်းတိုင်ကို ရှေးရှုပြီး ခေတ်မီဆိုရှယ်လစ်နိုင်ငံတစ်နိုင်ငံကို လေးစားတန်ဖိုးထားမှုနှင့်ခေတ်မီတိုးတက်မှုတို့ဖြင့် တည်ဆောက်ဖို့ ခရီးအသစ်တစ်ခုစတင်တဲ့ အရေးကြီးတဲ့ အချိန်မှာ ယခု ကွန်ဂရက်ကို ကျင်းပတာဖြစ်တယ်လို့ ရှီက ပြောပါတယ်။
“ ဒီကွန်ဂရက်ရဲ့ အာဘော်က တရုတ်တို့ရဲ့ ပင်ကိုယ်လက္ခဏာတွေနှင့်အတူ ကြီးမြတ်တဲ့ ဆိုရှယ်လစ်ဝါဒ အောင်လံကြီးကို မြင့်မားစွာ စိုက်ထူခြင်းပဲဖြစ်ပါတယ်။ ခေတ်သစ်မှာ ဆိုရှယ်လစ်ဝါဒကို တရုတ်ရဲ့ ပင်ကိုယ်လက္ခဏာတွေနှင့် အပြည့်အဝ အကောင်အထည်ဖော်ဖို့ဖြစ်တယ်” လို့ ရှီကပြောပါတယ်။
လီကာရှင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အကြိမ်၂၀မြောက် အမျိုးသားကွန်ဂရက်ကိုဖွင့်လှစ် ကြောင်းကြေညာပါတယ်။
ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကွန်ဂရက်ဟာ ခေါင်းဆောင်မှုအသစ်တွေကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။
ကွန်ဂရက်ရဲ့ အဓိကအစီအစဉ်တွေထဲမှာ ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာကို ကြားနာဆန်းစစ်ခြင်း၊ ၁၉ကြိမ်မြောက်စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ရဲ့အစီရင်ခံစာကို ဆန်းစစ်ခြင်း၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းပုံကိုပြင်ဆင်ခြင်းနှင့် ၂၀ကြိမ်မြောက် ဗဟိုကော်မတီနှင့် ၂၀ကြိမ်မြောက် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကို ရွေးချယ်တင်မြှောက်ခြင်းတို့ပါဝင်ပါတယ်။
ကွန်ဂရက်ကို ရွေးချယ်ခံ ကိုယ်စားလှယ်ပေါင်း ၂၂၉၆ ဦးတက်ရောက်နေပါတယ်။ သူတို့ကို တရုတ်ကွန်မြူနစ်ပါတီဝင် ၉၆သန်းကျော်နှင့် နိုင်ငံအနှံ့က အခြေခံအဆင့်ပါတီအဖွဲ့အစည်း ၄.၉သန်းကျော်၊အဲဒီအပြင် တိုင်းရင်းသားအဖွဲ့တွေအားလုံးရဲ့ မျှော်လင့်ချက်တွေ သယ်ဆောင်လာ ကြတယ်လို့ တရုတ်အစိုးရပိုင် CCTVက သတင်းဖော်ပြခဲ့ပါတယ်။
Source CCCTV+
#20th_CPC_National_Congress
#Xi_Jinping
#China_Politics
#Local_News
Published_ 15 October 2022
ရာသီဥတု အကူးအပြောင်းကာလဖြစ်တဲ့အတွက် အဖျားကြီးတဲ့ကလေးလူနာတွေ၊ ဝမ်းပျက်ဝမ်းလျောဖြစ်တဲ့ ကလေးလူနာတွေကို ဆေးရုံတွေကို ပို့ဆောင်ပေးနေရတာများတယ်လို့ ပုလဲအရန်မီးသတ်အဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-15 October 2022
ကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်း တရုတ်နိုင်ငံဘက်မှ ကိုဗစ်စည်းကမ်းတွေသတ်မှတ်ထားတာကြောင့် သကြားတင်ပို့နိုင်ခြင်း မရှိတော့ဘူးလို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Yangon_Media_Group
#World_Event
Published 14 October 2022
ကာတာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ပထမ ၂ ပတ်အတွင်း မြို့တော်ဒိုဟာမှာ လိုက်ပါအားပေးသူ အလွန်များပြားနိုင်တာကြောင့် လမ်းပိတ်ခြင်းများ ကြုံတွေ့နိုင်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
#Yangon_Media_Group
Page 841 of 1095