#DailyNews
Published _ 1 December 2022
၁။ နယ်မှကုန်ကားများ အဝင်နည်းနေသည့်အတွက် အာလူး၊ ကြက်သွန် နှင့် ငရုတ်ဈေးနှုန်းများအနည်းငယ် မြင့်တက်နေ
၂။ ငါးတန် တန်ဖိုးမြှင့်ထုတ်ကုန်များကို ၂၀၂၃ ခုနှစ်မှစတင်၍ ပြည်ပသို့တင်ပို့မည်
၃။ ဒေသအချို့တွင် လေပြင်းတိုက်ပြီး မိုးကြီးဦးမည်ဖြစ်၍ ဒီဇင်ဘာလခရီးသွားမည့်သူများ သတိပြုရန်လို
၄။ အကသင်တန်းပေးခြင်းဖြင့် ပေါ်တူဂီအကျဉ်းသားများ၏ စိတ်နေသဘောထားများ ပြောင်းလဲလာရန် မျှော်လင့်နေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_1 December 2022
ကိုဗစ်-၁၉ ရန်ပုံငွေကနေ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေ ပြန်ဆပ်ရမယ့် ကာလကို သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ပေးထားတယ်လို့ အသိပေး ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published _30 November 2022
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ကစလို့ တပ်မတော်နဲ့ AA အဖွဲ့တို့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်လည်လည်ပတ်လာပါတယ်။
#Yangon_Media_Group
#World_Innovation
Published 30 November 2022
အဏ္ဏဝါအပင်များမှ ဇီဝချေဖျက်ခြင်းထုပ်ပိုးမှုများ ဖန်တီးနေတဲ့ ဗြိတိန်လုပ်ငန်းတစ်ခုကို ပြင်သစ်နဲ့စပိန်မှ ကျောင်းသားဟောင်းနှစ်ဦးက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 30 Nov 2022
ရုရှားလေတပ်နှင့် တရုတ်လေတပ်တို့ဟာ အာရှပစိဖိတ်မှာ ပူးတွဲ လေ့ကျင့်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပူးတွဲ လေ့ကျင့်မှုတွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ (၃၀)ရက်မှာ ထုတ်ပြန်ခဲ့ ပါတယ်။ “ ရုရှား လေတပ်ရဲ့ Tu-95ms မဟာဗျူဟာမြောက် ဒုံးကျည်တင် လေယာဉ်တွေနှင့် တရုတ်လွတ်မြောက်ရေး တပ်မတော်ရဲ့ Xian-6k အပါအဝင် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေပါဝင်တဲ့ လေယာဉ်အုပ်စုဟာ ဂျပန်နှင့် အရှေ့ တရုတ်ပင်လယ်အပေါ်ကနေ ကင်းထောက်ပျံသန်းမှုတွေပြုလုပ်ခဲ့ကြတယ်”လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
Source: AFP
#Joint_air_patrols_Strategic_Planes
#Russia_China_Joint_Air_Patrols
#Asia_Pacific_Politics
#Local_News
Published_ 30 November 2022
အခုဆောင်းတွင်းကာလမှာ ဝေးလံခေါင်သီတဲ့ကချင် ပြည်နယ်ကကျေးလက်နေပြည်သူတွေအတွက် အနွေးထည်၊ စောင်နဲ့ကျောင်းသုံးစာအုပ်တွေအပါ အဝင်စာအုပ်စာပေတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_30 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခုနှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၅ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Page 837 of 1143