#Local_News
Published_25 November 2022
ကမ္ဘာ့ရွှေဈေးနှုန်း ဆက်လက်မြင့်တက်နေပေမယ့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းကတော့ အကျဘက်ကိုဦးတည်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _ 24 November 2022
ပြည်တွင်းမှာစိုက်ပျိုးထုတ်လုပ်နေတဲ့ ပဲနီတစ်ပိသာကို ကျပ် ၈ထောင်အထိ ပေါက်ဈေးရှိနေတယ်လို့ အရောင်းအဝယ်ပြုလုပ်နေတဲ့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#World_Culture
Published 24 November 2022
အာဂျင်တီးနားမှ မြင်းစီးသမားတွေဟာ ကျွမ်းကျင်ညက်ညောစွာ စီးနင်းနိုင်ကြပြီး ဒဏ္ဍာရီနဲ့လက်တွေ့ကာလကြား တည်ရှိနေကြပါတယ်။
#Yangon_Media_Group
Published 24 Nov 2022
အင်ဒိုနီးရှားငလျင်ကြောင့် အပျက်အစီးပုံတွေအကြား အစားအစာနှင့်ရေမရဘဲ (၂)ရက်ကြာ ပိတ်မိနေခဲ့တဲ့ ခြောက်နှစ်သား ကလေးငယ်တစ်ဦးကို ဗုဒ္ဓဟူးနေ့က ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။
ဆန်းကြယ်လှတဲ့ ယခုလိုကယ်တင်နိုင်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ အဲဒီကလေးငယ် အက်ဇ်ကာကို ငလျင်ဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ကူဂန်နန်းဒေသက ဆီယမ်ဂျာအရပ်က ပျက်စီးနေတဲ့အိမ်တစ်လုံးရဲ့ အပျက်အစီးပုံတွေကြားထဲက ကယ်ဆယ်ရေးလုပ်သားတွေက ဆွဲထုတ်ကယ်တင်နိုင်ခဲ့တာတွေ့ရပါတယ်။
“ အက်ဇ်ကာ အသက်ရှင်နေတုန်းပဲလို့သိကြရတာနှင့် ကျွန်တော်အပါအဝင် လူတိုင်းမျက်ရည်ကျကြရတယ်” လို့ အသက် ၂၈နှစ်အရွယ် ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂျက်ဆန်ကိုလီဘူက အေအက်ဖ်ပီကိုပြောပါတယ်။
“သိပ်ကိုဆန်းကြယ်တဲ့အဖြစ်ပဲ” လို့လည်းသူကပြောပါတယ်။ အဲဒီငလျင်ကြီးကြောင့် သေဆုံးခဲ့သူ ၂၇၁ ဦးအထိရှိခဲ့ပြီလည်းဖြစ်ပါတယ်။
Source AFP
#Indonesia_Earthquakes
#Six_years_old_Rescued_from_quake _rubble
#Cianjur_West_Java
#Local_News
Published_24 November 2022
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နယ်စပ်ကုန်သွယ်ရေးတွေမှာ ယွမ်နဲ့ဘတ် ခွင့်ပြုလိုက်တာကြောင့် ကုန်သည်တွေအနေနဲ့ အရင်ထက်အရောင်းအဝယ်ပိုမိုအဆင်ပြေလာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_24 November 2022
ပြည်တွင်းကို ပြည်ပခရီးသွားဧည့်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး ကိုဗစ်မတိုင်ခင် အခြေအနေမျိုးပြန်ရောက်ဖို့အတွက် အနည်းဆုံး အချိန်လေးနှစ်လောက်အချိန်ယူရမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
#Yangon_Media_Group
#Local _News
Published _24 November 2022
လက်ရှိမှာ စပါးရိပ်သိမ်းချိန်ကျရောက်နေပြီဖြစ်တဲ့အတွက် ဧရာဝတီတိုင်းရှိ တောင်သူများရဲ့လက်ထဲမှာလည်း စပါးလက်ကျန်များနေပြီး ဆန်ကြမ်းစပါးဈေးကလဲ ဈေးကောင်းရနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးမှ စပါးစိုက်တောင်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Page 799 of 1098