#Local_News
Published_ 14 September 2022
မြန်မာနိုင်ငံက အသက်ကြီးတဲ့သူတွေမှာ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ အစာအိမ်ဟောင်းနှင့် အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာတွေအဖြစ်အများဆုံးတွေ့နေရတယ်လို့ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းဥက္ကဌ၊ ကင်ဆာအထူးကုသမားတော်ကြီး ပါမောက္ခဒေါ်ရင်ရင်ထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 14 September 2022
ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာ ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၂၉ သိန်း ၇ သောင်း ဝန်းကျင်ထိ ပြန်လည်ကျဆင်းလာတယ်လို့ ပြည်တွင်းရွှေဈေးကွက်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 September 2022
၁။ ငရုပ်အစိုဈေးနှုန်း စံချိန်တင်မြင့်တက်လာ
၂။ ရွှေဈေးနှုန်း ပြန်လည်ကျဆင်း
၃။ အသက်ကြီးသူများတွင် ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများ အဖြစ်အများဆုံးတွေ့နေ
၄။ IS စစ်သွေးကြွများ၏ဖျက်ဆီးခြင်းကိုခံခဲ့ရသည့် အီရတ်ရှေးဟောင်းအပျက်အစီးနေရာအား ခရီးသွားဧည့်သည်များအတွက်ဖွင့်လှစ်လိုက်ပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _14 September 2022
ထိုင်းနိုင်ငံမှာ ပြောင်းဆန်ထွက်တဲ့ ရာသီဖြစ်တာကြောင့် မြန်မာ့ပြောင်းဆန်ကို ဗီယက်နမ်နိုင်ငံကို ပို့နေတယ်လို့ ပြောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
Published 14 Sept 2022
ပါးလွှာတဲ့ရှပ်အင်္ကျီ၊ခါးကိုပေါ်လွင်စေတဲ့ ဒီဇိုင်းမျိုးစုံနှင့် ၁၉၉၀ပြည့်လွန်နှစ်တွေက မက်မောဘွယ်ဖက်ရှင်တွေကို နယူးယောက် ဖက်ရှင်ရက်သတ္တပတ်ပွဲတော်မှာ ပြန်ပြီးပွဲထုတ်လာပါတယ်။
ဖက်ရှင်ဒီဇိုင်းနာ တိုရီဘတ်ချ်က အဲဒီတစ်ခေတ်တစ်ခါက ဆက်ဆီဒီဇိုင်းတွေကို တက်ဆက်ခဲ့တာဖြစ်ပါတယ်။
“ကျွန်မတို့ အရင်ကပြခဲ့တာတွေထက် အခုဖက်ရှင်က ပိုပြီးလိင်ဆွဲဆောင်မှုရှိတယ်လို့ ကျွန်မထင်တယ်” လို့ သူမကပြောပါတယ်။
“ ဒါဟာ အမျိုးသမီးတွေက ဝတ်ချင်ကြတဲ့ပုံစံဆိုတာ ကျွန်မတွေ့ရတယ်။ ဒါပေမယ့် ကျွန်မလည်း ကြော့ရှင်းတာ သဘောကျပါတယ်” လို့ သူမကဖြည့်စွက်ပြောပါတယ်။
#Source_AFP
#Tory_Burch
#New_York_Fashion_Week
#90s_sexy_design
#Local_News
Published _13 September 2022
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ မွန်ပြည်နယ် ရေးမြို့ အောင်မင်္ဂလာ လူမှုကူညီရေးအသင်းယာဉ်မောင်းရဲ့ လည်ပင်းနဲ့ မျက်စိမှာ စိုက်ဝင်နေတဲ့ မိုင်းစတွေကို ခွဲစိတ်ရဖို့ ရှိနေပါတယ်။
#Yangon_Media_Group
#World_Technology
Published 13 September 2022
ဗင်နီဇွဲလားမှ ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်၊ ပြိုင်ကားဝါသနာရှင်လည်းဖြစ်၊ စားသောက်ဆိုင်ပိုင်ရှင်လည်းဖြစ်တဲ့ လူတစ်ဦးဟာ ဆိုလာစွမ်းအင်အသုံးပြုတဲ့ မော်တော်ကားများကို ထုတ်လုပ်နိုင်ခဲ့ပြီး မကြာခင် အများအပြားထုတ်လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
#Yangon_Media_Group
Page 746 of 963