အမေရိကန်ကနေ သေနတ်အများအပြား ဝင်ရောက်လာတာဟာ အိမ်နီးချင်း လက်တင်အမေရိက နိုင်ငံတွေနဲ့ ကာရစ်ဘီယံဒေသအတွက်တော့ ပြဿနာများ ဖြစ်စေပါတယ်။
ထိုဒေသများမှ ဖွံ့ဖြိုးမှုအားနည်းဆဲ နိုင်ငံတွေမှာ သေနတ်များ ဝင်ရောက်လာတွေကို ထိန်းချုပ်ဖို့ ခက်ခဲနေပါတယ်။
ဖေဖော်ဝါရီလတုန်းက ဟေတီနိုင်ငံရဲ့ ဝန်ကြီးချုပ် နုတ်ထွက်ရသည်အထိ လက်နက်ကိုင် ဂိုဏ်းတစ်ခု ပေါ်ထွက်လာပြီးနောက် သေနတ်တွေ ဘယ်ကနေ အစပြုရောက်လာသလဲဆိုတာ သံသယရှိလာကြပါတယ်။
#World_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_12 June 2024
၁။ အတန်းပညာမရှိသော လူငယ်များကို ဂျပန်နှင့်အင်္ဂလိပ်စာ ပညာဒါနသင်ကြားပေးမည်
၂။ ရှမ်းပြည်အောင်ပန်းဈေးကွက်တွင် သံပုရာသီး တစ်ပိသာ ကျပ်၅၀၀၀ကျော် ဈေးကျဆင်း
၃။ အုန်းသီးတန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်းကာလ ယခုလကုန်အထိ တိုးမြှင့်ဆောင်ရွက်နေ
၄။ အမေရိကန်မှသေနတ်များ တရားမဝင်ဝင်ရောက်လာခြင်းကြောင့် မက္ကဆီကိုတွင် ရာဇဝတ်မှုပြဿနာများ ကြုံတွေ့နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံအချို့က ဝယ်ယူမှုများနေတဲ့အတွက် ပြောင်းဈေးမှာ ဆက်လက်မြင့်တတ်လာတယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ အသင်းထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
ကွယ်လွန်သွားတဲ့ စာရေးဆရာကြီး ဦးတင်မောင်ထွေး (နတ်ရေကန်)ဟာ‘နတ်ရေကန် ရွှေစောင်းဆု’ ဆိုပြီးစာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စတဲ့ အနုပညာလောက သားတွေထဲက အနုပညာထူးချွန်သူတွေ၊ လူမှုရေး ထူးချွန်သူတွေကိုပေးအပ်တယ်။၂၀၂၄ခုနှစ်ထဲမှာ သရုပ်ဆောင်ထူးခန့်ကျော်ကို ‘နတ်ရေကန် ရွှေစောင်းဆု’နဲ့ ငွေကျပ် ၁၅သိန်း ပေးအပ်ခဲ့တယ်။
Yangon_Times/tthl
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
“ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းစီမံကိန်း” ကာလကို အခုလကုန်အထိတိုးမြှင့်ဆောင်ရွက်နေ တယ်လို့ ဧရာဝတီတိုင်းဒေသကြီး၊ဦးစီးမှုးရုံးက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
အခြားဒေသ ထွက် သံပုရာသီး တွေ ဈေးကွက် ထဲ အဝင်များ လာတဲ့ အတွက် ရှမ်းပြည်နယ်က ထွက် ရှိတဲ့ သံပုရာသီး မှာ တစ်ပိသာ ကို ကျပ်၅၀၀၀ကျော် ဈေးကျဆင်းလာတယ်လို အောင်ပန်းရှိ ကုန်စိမ်းပွဲရုံ တွေ ထံ က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
ဂျပန်ဘာသာ N-5 Basic သင်တန်းနဲ့ အင်္ဂလိပ်စာသင်တန်းတွေဟာ ပုံမှန်အားဖြင့် ကျပ်တစ်သိန်း ခွဲကုန်ကျမှာဖြစ်ပြီး ပညာဒါနအနေနဲ့ အတန်းပညာမရှိသူတွေကိုရော အတန်းပညာရှိတဲ့သူတွေကိုပါ ကျပ်နှစ်သောင်းနဲ့ တက်နိုင်အောင်ဆောင်ရွက်ပေးမှာဖြစ်တယ်။
(ပွင့်သခင်ဂျပန်နှင့် အင်္ဂလိပ်စာသင်တန်းကျောင်း၊ တည်ထောင်သူ)
Yangon_Times/tthl
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 565 of 1378