#Daily_News
Published 18 July 2024
၁။ သင်္ဘောသားဖြစ်ချင်သူများအတွက် ဩဂုတ်လထဲတွင် ကုန်းပတ်သင်တန်းအခမဲ့ထပ်ဖွင့်မည်
၂။ နိုင်ငံကျော်တေးသံရှင် ရှမ်းတိုင်းရင်းသားအနုပညာရှင်ကြီး စိုင်းဆိုင်မောဝ်ကိုဇူလိုင်(၂၀)ရက်၌ သဂြိုဟ်မည်
၃။ လူဦးရေတစ်သောင်းခန့် ပါဝင်ဆင်နွှဲနိုင်မည့် ရွေ့လျားဈေးရောင်းပွဲတော် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၌ပြုလုပ်မည်
၄။ ပါရီအိုလံပစ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ 8K UHDရုပ်သံအမျိုးအစားဖြင့် တိုက်ရိုက်ထုတ်လွှင့်ယာဉ်များ ပါရီသို့ရောက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မနက်ဖြန် ဇူလိုင်(၁၉)ရက်မှာ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရုပ်သံနှင့်ရေဒီယိုများမှ တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်သလို အလံတစ်ဝက်လွှင့်ထူဖို့နဲ့ မနက်(၁၀)နာရီ(၃၇)မိနစ်မှာဥဩဆွဲပြီး အလေးပြုကြဖို့ တိုက်တွန်းနှိးဆော်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 18 July 2024
#အာဇာနည်နေ့အခမ်းအနား #ရုပ်သံနှင့်ရေဒီယို
#tthl #Yangon_Times
ဧရာဝတီတိုင်းဒေသကြီးရှိ အင်္ဂပူ၊ညောင်တုန်းနဲ့မအူပင်မြို့နယ်တွေမှာ မြစ်ရေတက်တာတွေရှိလာတာကြောင့် ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။
#Local_News
Published 18 July 2024
#မြို့နယ်အချို့မြစ်ရေတက် #ညောင်တုန်းနဲ့မအူပင်
#NN #Yangon_Times
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ လူဦးရေတစ်သောင်းခန့်ပါဝင်ဆင်နွှဲနိုင်မည့် ရွေ့လျားဈေးရောင်းပွဲတော်ကို သုံးရက်ကြာကျင်းပပြုလုပ်သွားမယ်လို့ Yangon Zoo က သိရပါတယ်။
#Local_News
Published 18 July 2024
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #Yangon_Zoo
#tthl #Yangon_Times
နိုင်ငံကျော်တေးသံရှင် ရှမ်းတိုင်းရင်းသား အနုပညာရှင်ကြီးစိုင်းဆိုင်မောဝ်ကွယ်လွန်သွားတဲ့အတွက်ဝမ်းနည်းကြေကွဲကြောင်းကို ဂီတအစည်းအရုံးနဲ့ ရှမ်းတိုင်းရင်းသားအဆိုတော်များ ဖြစ်တဲ့စိုင်းစိုင်းခမ်းလှိုင်၊ The Sai တို့မှ ဖော်ပြထားပါတယ်။ ဇူလိုင်(၂၀)ရက်သဂြိုဟ်ရန်မှန်းထားပေမယ့် ဇူလိုင်(၁၉)ရက်မှာ သဂြိုဟ်သွားပါမယ်။
#Local_News
Published 18 July 2024
#စိုင်းဆိုင်မောဝ် #ကွယ်လွန်
#tthl #Yangon_Times
သင်္ဘောသားဖြစ်ချင်သူများအတွက် သင်ထောက်ကူပစ္စည်းအပြည့်အစုံနဲ့ အခမဲ့ ကုန်းပတ်သင်တန်းကို ဩဂုတ်လ(၁၀)ရက်မှ (၂၄)ရက်အတွင်း အပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ပေးဖို့ရှိတယ်လို့ MSF အဖွဲ့ချုပ်မှ သိရပါတယ်။
#Local_News
Published 18 July 2024
#ကုန်းပတ်သင်တန်း #အခမဲ့ထပ်ဖွင့်
#tthl #Yangon_Times
တရုတ်သဘာဝကျောက်နံရံတောင်တက်ပွဲဖြစ်တဲ့ ၂၀၂၄ ပိုမီဂရဲနိတ်ဖလားကို တရုတ်ပြည် ကန်ဆုပြည်နယ် တင်ရှီမြို့မှာ စနေတနင်္ဂနွေနေ့တွေမှာ ကျင်းပခဲ့ပြီး ပြည်နယ်နဲ့ဒေသပေါင်း ၁၃ ခုမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
#Asia_Sport
Published 17July 2024
#တင်ရှီမြိုကျဲ့ယန်တောင် #တောင်တက်ပြိုင်ပွဲ
#YMG #Yangon_Times #Yangon_Media_Group
Page 537 of 1378