Published 22 February 2022
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ဟာ ယူကရိန်းပြသနာနှင့် ကိုရီးယားကျွန်းဆွယ်အရေးကိစ္စတို့ကို ဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
ဖုန်းဆက်သွယ်ပြောဆိုရာမှာ ဘလင်ကန်က လက်ရှိယူကရိန်းအရေးကိစ္စနှင့်ပတ်သက်လို့ အမေရိကန်ရဲ့အမြင်နှင့်ရပ်တည်ချက်တွေကို အကျဉ်းချုပ်ပြောဆိုခဲ့ပါတယ်။
ယူကရိန်းအရေးကိစ္စနှင့်ပတ်သက်လို့ တရုတ်နိုင်ငံအနေနှင့်စိုးရိမ်မိပြီး တရုတ်ရဲ့ရပ်တည်ချက်ဟာ အပြောင်းအလဲမရှိတစ်သတ်မတ်တည်းရှိတယ်လို့ ဝမ်ယီက ဘလင်ကန်ကိုပြန်လည်ပြောဆိုခဲ့ပါတယ်။
Source CMG
#Ukraine_Issue_US_China
#WangYi_And_Blinken
#China_US_Politics
ရုပ်သံကြည့်ရှုရန်>>
Published 22 February 2022
နက်ဖလစ်ရဲ့ နာမည်ကြီးစကွစ်ဂိမ်းစီးရီးနှင့် အော်စကာဆုရ "Parasite”(ပယ်ရာဆိုက်) ဇာတ်ကားတွေထဲက ယဉ်ကျေးမှုထိမှန် ချက်တွေကြောင့် တောင်ကိုးရီးယားရဲ့ မညီမျှမှုတွေဟာ ကမ္ဘာကြီးမှာထင်ရှားသွားပါတယ်။ သမ္မတဖြစ်လာဖို့ မျှော်မှန်းထားသူ တစ်ဦးကတော့ သူ့ရဲ့ အလုပ်သမားလူတန်းစားလို့ အသိအမှတ်ပြုခံထားရဲတဲ့အထောက်အထားကြောင့် သူဟာ ကျိုးပဲ့နေသောစနစ်တစ်ခုကို ပြုပြင်ပေးဖို့ အကောင်းဆုံးလူတစ်ဦးဖြစ်သွားစေတယ်လို့ ပြောဆိုလိုက်ပါတယ်။
စက်ရုံတစ်ခုရဲ့ ကလေးအလုပ်သမားဟောင်းတစ်ဦးဖြစ်တဲ့ လီဂျေမြောင်ဟာ ဆယ်ကျော်သက်အရွယ်တုန်းက စက်ရုံတစ်ခုမှာ မတော်တဆမှုတစ်ခုမှာ သေရာပါဒဏ်ရာရခဲ့တဲ့ ကျောင်းထွက်ခဲ့ရသူတစ်ဦးပါ။ အခုသူဟာ မတ်လ(၉)ရက် သမ္မတရွေးကောက်ပွဲအတွက် အာဏာရဒီမိုကရက်တစ်ပါတီရဲ့ တစ်မူထူးခြားတဲ့ ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်။
Source AFP
Published 2 February 2022
ရုရှားသမ္မတပူတင်က ယူကရိန်းခွဲထွက်ရေးဒေသနှစ်ခုကို အသိအမှတ်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရှုတ်ချလိုက်ပါတယ်။
“ DNR နှင့် LNR လို့ဆိုကြတဲ့ ယူကရိန်းဒေသတွေရဲ့ လွတ်လပ်ရေးကို အသိအအမှတ်ပြုလိုက်တဲ့အတွက် ဘိုင်ဒန်က ရုရှား သမ္မတ ဗလက်ဒီမာပူတင်ကို ပြင်းထန်စွာရှုတ်ချတဲ့အကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် ဖုန်းပြောဆိုစဉ် ပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
ဘိုင်ဒန်ဟာ ပြင်သစ်ခေါင်းဆောင် အီမန်နျူယယ်မာခရွန်၊ဂျာမနီခေါင်းဆောင် အိုလက်ရှိုးဇ်တို့နှင့်လည်း နောက်တစ်ဆင့် ဘယ်လိုတုန့်ပြန်ကြဖို့ ဘယ်လိုဆက်ပြီးပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ နောက်သတင်းထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
Source Reuters
Published 22 February 2022
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက “ကျွန်တော်တို့ ကိုယ့်မြေမှာကိုယ်နေကြတယ်။ဘယ်အရာကိုမှ ဘယ်သူကိုမှ မကြောက်ဘူး” လို့ တုန့်ပြန်ပြောဆိုပါတယ်။ ရုရှားသမ္မတပူတင်က ယူကရိန်းခွဲထွက်ဒေသနှစ်ခုကို လွတ်လပ်တဲ့ နိုင်ငံတွေ အဖြစ် အသိအမှတ်ပြုပြီး အဲဒီဒေသတွေကို ငြိမ်းချမ်းရေးအတွက်တပ်တွေစေလွှတ်ဖို့အမိန့်ပေးပြီးနောက် ယူကရိန်းသမ္မတက ယခုလို ပြောဆို တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
Source AFP
Published 22 February 2022
ရုရှားသမ္မတ ဗလက်ဒီမာပူတင်ဟာ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးဒေသနှစ်ခုရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုလိုက်ပြီး အဲဒီနေရာတွေကို ရုရှားတပ်တွေ စေလွှတ်ဖို့ ဖေဖော်ဝါရီ(၂၁)ရက်က အမိန့်ပေးလိုက်ပါတယ်။
အဲဒီအတွက် စစ်ကြီးတစ်ခုဖြစ်လာတော့မယ်လို့ အနောက်နိုင်ငံတွေက ကြောက်ရွံ့နေကြတဲ့ အကျပ်အတည်းကို ပိုပြီးအရှိန်မြင့်သလိုဖြစ်သွားစေပါတယ်။
အဲဒီဒေသနှစ်ခုရဲ့လွတ်လပ်ရေးကိုအသိအမှတ်ပြုကြောင်း အမိန့်ထုတ်ပြန်ပြီးတာနှင့် ပူတင်က ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို အဲဒီဒေသတွေငြိမ်းချမ်းရေးတည်တံ့စေဖိုဆိုပြီး တပ်တွေစေလွှတ်ဖို့ပြောခဲ့ပါတယ်။
ဒိုနက်စ်ရဲ့မြို့တစ်လျောက် ကြီးမားတဲ့စစ်ယန္တယားတွေ ပုံမှန်မဟုတ် ဦးတည်ရွေ့လျားနေတာကို ရိုက်တာရဲ့မျက်မြင်သက်သေတစ်ဦးက မြင်တွေ့ပါတယ်။
ရုရှားက လွတ်လပ်သော အဖွဲ့အစည်းနှစ်ခုအဖြစ် အသိအမှတ်ပြုလိုက်တဲ့ ဒေသတွေဟာ သူတို့ကိုယ်သူတို့ ပြည်သူ့ သမ္မတနိုင်ငံတွေအဖြစ်ကြေညာထားတဲ့ ဒိုညက်စ်ပြည်သူ့သမ္မတနိုင်ငံနှင့် လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ ခွဲထွက်ရေး ဒေသနှစ်ခုပဲဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို ညတွင်းချင်းခေါ်ထားပါတယ်။
Source Reuters
Published 21 February 2022
ယူကရိန်းအရေးကိစ္စ တင်းမာမှုတွေ အရှိန်တက်နေတာကြောင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွေမှာ လူသုံးကုန်ပစ္စည်းတွေနှင့် စတော့ဈေးကွက်တွေအပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ ကျွမ်းကျင်သူတစ်ဦးက CGTN သတင်းဌာနကို မကြာသေးခင်က ပြောပါတယ်။
ဂျုံကစလို့ လောင်စာဆီဈေးနှုန်းတွေအထိ ပြီးတော့ အချို့သော စတော့ဈေးတွေဟာ ထိခိုက်မှုတွေရှိလာနေတယ်လို့ တရုတ်နိုင်င်ငံ ဟန်ဆင်းဘဏ်ရဲ့ စီးပွားရေးပညာရှင်ချုပ် ဝမ်ဒန်း ပြောပါတယ်။
Source CGTN
Published 21 February 2022
မြန်မာနိုင်ငံအပေါ် လူမျိုးတုံးစေတဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးက ICJ တရားစီရင်ပေးဖို့ ဦးတိုက်လျှောက်ထားခဲ့တဲ့အပေါ် ဒုတိယအကြိမ်ကြားနားမှုကို ယနေ့ ဖေဖော်ဝါရီ(၂၁)ရက်မှာ စတင်ခဲ့ပါတယ်။မြန်မာနိုင်ငံ နစက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ ကနဦးကန့်ကွက်မှုပြုလုပ်ခဲ့ပါတယ်။ကြားနာမှုကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ကုလရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။
Page 201 of 211