Published 14 March 2023
မြန်မာနိုင်ငံရဲ့သယ်ယူပို့ဆောင်ရေးကဏ္ဍမြှင့်တင်ရေးအတွက် ရုရှားနိုင်ငံအနေဖြင့် သုတေသနပြု ဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevich ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မတ် ၁၄ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးတွင် လက်ခံတွေ့ဆုံစဉ် အဆိုပါကိစ္စကိုဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယင်းအပြင် မြန်မာနိုင်ငံမှ တွင်းထွက်နှင့် သဘာဝသယံဇာတ ပစ္စည်းများကိုတန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးနှင့် သဘာဝသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၊ ရေထွက်ပစ္စည်းများကို ရုရှားနိုင်ငံသို့တင်ပို့နိုင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများကို နည်းပညာအသုံးပြု၍ အဆင့်မြင့်ပရိဘောဂပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်နိုင်မှုနှင့် စက္ကူပျော့ဖတ်များထုတ်လုပ်နိုင်မှုကိစ္စရပ်များ၊ နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းပို့ဆောင်ရေး လုပ်ငန်းများနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ တက်ရောက်ကြပြီးရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး SHATIROVAlexander Sergeevich နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။
-ymg/knl
#ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့
#SHATIROVAlexander_Sergeevich
#မြန်မာ-ရုရှား
#YangonMediaGroup


Published 14 March 2023
ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲကျတဲ့ဂယ်ကြောင့် ပြိုလဲကျအပြီး (၂)ရက်အကြာမှာ တစ်ကမ္ဘာလုံးရဲ့ ငွေကြေးစတော့ ဈေးကွက်ဟာ အမေရိကန်ဒေါ်လာ ၄၆၅ ဘီလျံ ဆုံးရှုံးမှုတွေဖြစ်ပေါ်သွားတယ်လို့ ထိပ်တန်း စီးပွားရေးသတင်းဌာနကြီး ဖြစ်တဲ့ ဘလွမ်းဘတ်က ရေးသားပါတယ်။
ဆုံးရှုံးမှုတွေဟာ ယနေ့ မတ်လ ၁၄ရက် အင်္ဂါနေ့မှာ ပိုမိုကျယ်ပြန့်လာပြီး MSCI အာရှပစိဖိတ် ဘဏ္ဍာငွေကြေး ညွှန်းကိန်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ရက်နှင့်ယှဉ်ရင် ၂.၇ ရာခိုင်နှုန်းပြုတ်ကျသွားခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ မစ်ဆူဘီရှီ ယူအက်ဖ်ဂျေ ငွေကြေးအုပ်စုကုမ္ပဏီဟာ တန်ဖိုး ၈.၃ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ ဟန်နာ ငွေကြေးအုပ်စုဟာ ၄.၇ ရာခိုင်နှုန်းကျဆင်းသွားပြီး ဩစတြေလျက အေအင်န်ဇက်အုပ်စုဟိုးလ်ဒင်းဟာ ၂.၈ ရာခိုင်နှုန်း ဆုံးရှုံးမှုတွေ အသီးသီးဖြစ်ပေါ်ခဲ့ပါတယ်။
ဆီလီကွန်ဘဏ်ကိစ္စစိတ်ပူပန်မှုတွေကြောင့် ငွေချေးစာချုပ် bonds နှင့် အခြားသော တန်ဆာပလာတွေအပေါ် ရင်းနှီးမြှပ်နှံမှုတွေ ရိုက်ခတ်နေတာကို ငွေကြေးကုမ္ပဏီတွေက တွေ့မြင်လာရပြီး စိုးရိမ်မှုတွေဖြစ်နေကြပါတယ်။
“ ငွေကြေးဈေးကွက်ဟာ အတော့်ကို သတိထားနေရတဲ့အခြေအနေဖြစ်နေတယ်” လို့ Credit Suisse Group AG ရဲ့ အာရှပစိဖိတ်ဆိုရာ ရင်းနှီးမြှပ်နှံမှုအရာရှိချုပ် ဂျွန်ဝုဒ်က ဘလွမ်းဘတ်ရုပ်သံ ကိုပြောပါတယ်။ “ ကျယ်ပြန်တဲ့ ဈေးကွက် ဝန်နးကျင်တစ်ခုလုံးမှာ ဘယ်လိုအကျိုးဆက်တွေရိုက်ခတ်မယ်ဆိုတာ ကျွန်တော်တို့အတိအကျသိဖို့လိုတယ် ။ ကျွန်တော်ထင်တာက Fed ဖက်ဒရယ်အရန်စနစ်ဟာ ဆိုင်းသွားကောင်းဆိုင်းနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေပေါ်လွယ်မှု အန္တရာယ်ကို ဖြေရှင်းစရာတွေအကြီးကြီးပဲလေ” လို့ သူကပြောပါတယ်။

MSCI World Financials Index နှင့် MSCI EM Financials Index တို့အပါအဝင် ကုမ္ပဏီတွေရဲ့ ဈေးကွက်စုပေါင်း တန်ဖိုးဟာ သောကြာနေ့ကတည်းကစတွက်ရင် အမေရိကန်ဒေါ်လာ ၄၆၅ ဘီလျံပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီအထဲမှာ အမေရိကန်ရဲ့ ဒေသဆိုင်ရာဘဏ်တွေဟာ အထိခိုက်ဆုံးဖြစ်နေပါတယ်။ ဥရောပဘဏ်တွေနှင့်အာမခံအဖွဲ့အစည်းတွေရဲ့ ရှယ်ယာတွေဟာလည်း တနင်္လာနေ့က ကျဆင်းသွားခဲ့ပါတယ်။
ဒေသအတွင်းမှာ ဂျပန်ဘဏ်တွေဟာ ရှယ်ယာတန်ဖိုးအချိုးအစားမှာ သဘာဝမကျတဲ့ ဆုံးရှုံးမှုအမြင့်မားဆုံးတွေထဲ ပါဝင်နေပါတယ်လို့ သိရပါတယ်။ Jimoto Holdings ၊ Tsukuba Bank နှင့် Fukushima Bank တွေဟာ အနည်းဆုံး ၉ရာခိုင်နှုန်း သဘာဝမကျတဲ့ ဆုံးရှုံး ခဲ့ပါတယ်လို့ ဘလွမ်းဘတ်ကရေးသားဖော်ပြထားပါတယ်။
Source Bloomberg
#ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲမှု
#ကမ္ဘာလုံးဆိုင်ရာငွေကြေးဆုံးရှုံးမှုဒေါ်လာ ၄၆၅ဘီလျံ
#YangonMediaGroup
#SVB Bank
Published 12 March 2023 ဒီတောင်ကုန်းဟာ ဇင်ဘာတွေနိုင်ငံသားတွေ သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေဆီသွားရောက်တိုင်ပင်ဆွေးနွေးရာ အထွတ် အမြတ်ထားတဲ့ တောင်ကုန်းဖြစ်ပါတယ်။ ပြီးတော့ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့တဲ့ ကိုလိုနီနယ်ချဲ့သမား ဆီစီလ် ဂျွန် ရုတ်ဒ်က သူ့နောက်ဆုံးနားခိုရာအဖြစ် ရွေးချယ်ခဲ့တဲ့ တောင်ကုန်းလည်းဖြစ်နေပြန်ပါတယ်။ လူဖြူ လူမျိုးကြီးဝါဒီဖြစ်တဲ့ ရုတ်ဒ်ဟာ အသက် ၄၈နှစ်အရွယ်မှာ တောင်အာဖရိကမှာ ကွယ်လွန်ခဲ့ပါတယ်။ ဗြိတိသျှအင်ပါယာကို ချဲ့ထွင်နေရင်း သေဆုံးခဲ့တာပါ။ Source AFP #ဇင်ဘာဘွေ-ဗြိတိသျှနယ်ချဲ့သမိုင်း #ဆီစီလ် ဂျွန် ရုတ်ဒ် #Cecil_John_Rhodes #ရုတ်ဒ်အုတ်ဂူဖယ်ရှားရေး #YangonMediaGroup
Published 12 March 2023
ထိုင်းဘုရင့်သမီးတော် သီရိဝန်နာဗရီ နာရီရာတာနာ ရာဂျာကာညာကို ထိုင်းတော်ဝင်တပ်တော်မှာ အထူးကျွမ်းကျင်သူအဖြစ် တပ်ရာထူး ဗိုလ်ချုပ်အဆင့် ခန့်အပ်လိုက်တယ်လို့ တော်ဝင်ဂေဇက် ဝက်ဘ်ဆိုက်မှာ ယမန်နေ့ မတ်၁၁ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းဘုရင် မဟာဝါချီရာ လောင်ကွန်းက သူ့ရဲ့ အသက်၃၆နှစ်အရွယ်သမီးတော်ကို ဗိုလ်ချုပ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ စစ်တပ်အတွင်း ဧပြီ၁ရက်နေ့ကစပြီး အသက်ဝင်မယ့် နောက်ဆုံး ရာထူးတိုးများခန့်အပ်တဲ့အစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သမီးတော်ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှ École de la Chambre Syndicale de la couture Parisienne ဖက်ရှင်ဒီဇိုင်းကျောင်း မှ ဒီဇိုင်းမဟာဘွဲ့ကို ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ သီရိဝန်နာဗရီဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နှင့် ဖက်ရှင်ဒီဇိုင်နာတစ်ဦးအဖြစ်လုပ်ကိုင်နေပါတယ်။ မင်းသမီးသီရိကို မကြာသေးမီကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူမဟာ နန်းတော်ထဲ ဟိုဟိုသည်သည်လမ်းသလားနေသူမဟုတ်ဘဲ အလုပ်ကြိုးစားလုပ်တဲ့သူအဖြစ်သိခဲ့ကြပါတယ်။ “ ကျွန်မမှာ အစီအစဉ်တစ်ခုရှိတယ်။ ကျွန်မ အလွန်အောင်မြင်တဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ချင်တယ်။ ကျွန်မက တိုက်တိုက် ခိုက်ခိုက်သမားဖြစ်တယ်။ကျွန်မရဲ့ ဒီဇိုင်းလက်ရာတွေကို ကုန်တိုက်တွေနှင့်ဆိုင်တွေမှာ ကျွန်မမြင်ချင်တယ်။ အမှတ်တံဆိပ်နှင့် အဝတ်အစားတွေအကြောင်းပဲဖြစ်ရမယ်။ ကျွန်မဘယ်သူဆိုတာမဟုတ်ဘူးနော်” လို့ သူမကပြောခဲ့ပါတယ်။ “ ဘုရင့်သမီးတော်တစ်ဦးဟာလည်း အလုပ်လုပ်နိုင်တယ်ဆိုတာ ကျွန်မပြချင်တယ်။ အဲဒါ ကျွန်မဘယ်သူဆိုတာပဲ။ ကျွန်မအလုပ်လုပ်ချင်တယ်” လို့ မင်းသမီးသီရိကပြောပါတယ်။ မင်းသမီးသီရိဟာ ထိုင်းဘုရင်ရဲ့ သမီးတော်အငယ်ဖြစ်ပါတယ်။ သူမရဲ့အစ်မကြီး မင်းသမီး ဘာဂျရာ ကီတီယာဘာ နာရင်ဒီရာ ဒက်ယာဝတီဟာ ပြီးခဲ့တဲ့နှစ်က နှလုံးအခြေအနေကြောင့် ဒီဇင်ဘာကတည်းက ဆေးရုံတက်နေရတာ ဖြစ်ပြီး ယခုထက်ထိသတိပြန်လည်မလာသေးပါဘူး။ ဘုရင့်အိမ်ထောင်သုံးဆက်ကနေ ထွန်းကားတဲ့ သားတော်သမီးတော်(၇)ဦးထဲမှာ ဘာဂျရာ ကစ်တီယာဘာဟာ အကြီးဆုံး ဖြစ်ပါတယ်။ အချို့သုံးသပ်သူတွေက သူမဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး ဘုရင်မကြီး ဖြစ်လာနိုင်သူလို့ သုံးသပ်ထားကြပါတယ်။
Source: SCMP #ထိုင်းဘုရင့်သမီးတော်သီရိဝန်နာဗရီ #တော်ဝင်တပ်မတော်ဗိုလ်ချုပ်အဆင့် #YangonMediaGroup
Published 1 March 2023
ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် လူသားချင်းညှာတာထောက်ထားခြင်းဆိုင်ရာ အကူအညီအမေရိကန်ဒေါ်လာသန်း၆၀ကျော်ထပ်မံပေးအပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ NHKသတင်းဌာနက သတင်းရေးသားပါတယ်။
မြန်မာနိုင်ငံနိုင်ငံအတွက် လူသားချင်းဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးခြင်းဟာ အရေးကြီးကိစ္စတစ်ခုဖြစ်တယ်လို့ ဂျပန်အစိုးရကပြောပါတယ်။
ဂျပန်အစိုးရဟာ အဆိုပါအကူအညီတွေ မြန်မာနိုင်ငံကိုပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနှင့် လက်တွဲလုပ်ဆောင်မယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။ အကူအညီတွေထဲမှာ အစားအသောက်၊ဆေးဝါးများအပြင် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး၊ကျန်းမာရေးဝန်ဆောင်မှုတွေနှင့် တရားမဝင်မူးယစ်ဆေးဝါးတားဆီးရေးအကောင်အထည်ဖော်ရေးတွေပါဝင်တယ်လို့သိရပါတယ်။
ဒုက္ခတွေကြုံတွေ့နေကြရတဲ့ မြန်မာပြည်သူတွေနှင့်အတူရပ်တည်ပြီး အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာရာရှီယိုရှီမာဆာက ပြောပါတယ်။
Source:NHK
#မြန်မာ_ဂျပန်အကူအညီ
#လူသာချင်းစာနာထောက်ထားခြင်းအကူအညီ
#ဒေါ်လာသန်း၆၀ကျော်
#YangonMediaGroup
ပြည်သူ့ပါတီ(PP)နဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUDP)တို့ပူးပေါင်းပြီး ပြည်သူ့ပါတီအဖြစ်ပါတီမှတ်ပုံတင်သွားဖို့ရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကပြောပါတယ်၊၊
#Yangon_Media_Group
Published 26 Feb 2023
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကိုတွေ့ကြုံနေကြရတယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားပါတယ်။
ဖေဖော်ဝါရီ ၂၆ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံပြီး နိုင်ငံရဲ့အခြေအနေကို ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရေနှင့်မြေများ၊သဘာဝသယံဇာတများနှင့် လူသားအရင်းအမြစ်များရှိပေမယ့် စဉ်ဆက်မပြတ်ကြိုးစားလိုစိတ်နှင့် အလုပ်လုပ်ကိုင်လိုမှုအားနည်းခြင်းကြောင့် တိုးတက်မှုများနောက်ကျလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်၍ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
စစ်သည်များအနေဖြင့်လည်း မိမိတို့၏အတန်းပညာများ မြင့်မားရေးအတွက် တပ်မတော်ပညာရေးကျောင်းများတွင် မှန်မှန်ကန်ကန် တက်ရောက်သင်ကြားသွားရန်လိုကြောင်း၊ တပ်မတော်သားများ၏ တစ်ဦးချင်း စွမ်းရည်တိုးတက်ပြီး စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနှင့် စွမ်းပကားမြင့်မားအောင် ဆောင်ရွက်နိုင်မည်ဆိုပါက တပ်မတော်အင်အားရှိမည်ဖြစ်ကြောင်း၊တစ်ဦးချင်း စွမ်းရည်များကို အသုံးချ၍ တပ်မတော် တစ်ရပ်လုံးစွမ်းရည် ရှိအောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ပါတယ်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူပြီးလာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ စီမံဆောင်ရွက်လျက်ရှိတဲ့ အခြေအနေတွေကိုလည်း ဗိုလ်ချူပ်မှူးကြီးကရှင်းလင်းပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ခဲ့ကြပါတယ်။
နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ ခရီးစဉ်အတွင်း စစ်တွေမြို့ကျက်သရေဆောင် လောကာနန္ဒာ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
YMG/knl
#မြန်မာ
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#နစကဥက္ကဋ္ဌ
#စစ်တွေခရီးစဉ်
#YangonMediaGroup
#Myanmar_News




Page 153 of 257