လာမယ့်တန်ဆောင်တိုင် ရုံးပိတ်ရက်အတွင်း ကျိုက်ထီရိုးစေတီတော်သို့လာရောက်ရန်အတွက် တည်းခိုခန်းနှင့်ဟိုတယ်များတွင် ကြိုတင်ရက်ချိန်းယူသူများ ပြားနေတယ်လို ကျိုက်ထီးရိုးရှိတည်းခိုခန်းနှင့်ဟိုတယ်များမှ သိရပါတယ်။
#Local_News
Published_ 24 November 2023
#ကျိုက်ထီးရိုးစေတီတော် #တည်းခိုခန်းနှင့်ဟိုတယ်များ #ကြိုတင်ဘိုကင်တင်သူများ
#YMG/LW #Yangon_Times
#Local_News
Published 24 November 2023
ပြည်တွင်းမှထွက်ရှိသည့် ပြောင်းဆံများအား တရုတ်မှဈေးကောင်းပေးဝယ်ယူနေသောကြောင့် တာလော့ဂိတ်မှတဆင့် အဓိကတင်ပို့နေကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။
ထိုသို့တင်ပို့ရာတွင် တရုတ်နိုင်ငံဘက်ခြမ်း၌ ပြောင်းတစ်တန်လျှင် ယွမ် (၂,၂၀၀) ဝန်းကျင်အထိဈေးနှုန်းရရှိနေသည့်အတွက် လက်ရှိတွင် တစ်ရက်ကို တန်ချိန် ၁၀၀ ခန့်အထိတင်ပို့နေကြောင်းသိရသည်။
'ပြောင်းကလက်ရှိ မိုင်းလားဘက်ကနေတာလော့ဂိတ်ပေါ့၊ အဲ့ဒီကနေသွားနေတယ်၊ တရုတ်ဝယ်လိုအားလည်းရှိချိန် ဈေးကောင်းလေးလည်းရတော့သွားနေပါတယ်၊ တရုတ်သွားနေတော့ဒီဘက်အဝယ်လေးလည်း လိုက်တယ်ပေါ့လေ'ဟု ပြောင်းကုန်သည် ဦးအေးသန်းကပြောသည်။
မြန်မာ့ပြောင်းအားတရုတ်၊ ထိုင်းအပြင် ပြည်ပနိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်များမှတဆင့်လည်းတင်ပို့လေ့ရှိပြီး လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား-တာလော့ဂိတ်မှ တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
'အဓိကထိုင်းတင်ပိုတာပေါ့၊ ဒါပေမယ့်ဒီအချိန်က ထိုင်းမပို့ဘူးလေ၊ ထိုင်းကသူတို့ဘက်မှာထွက်ချိန်ဆို သူတို့သီးနှံကာကွယ်တဲ့ အနေနဲ့အခွန်ကောက်တော့ ဒီဘက်ကမသွားဘူးပေါ့'ဟု ၄င်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှပြန်လည်၍ တင်ပို့လေ့ရှိကာပြောင်းတင်ပို့မှု ရာသီပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ တင်ပို့ရာတွင်မူ လတ်တလောတွင် မူဆယ်လမ်းပိုင်းယာယီ ပိတ်ထားသည့်အတွက် တာလော့ဂိတ်မှတဆင့်တင်ပိုနေရကြောင်း၊ ယင်းသို့တင်ပို့ရာတွင် မန္တလေးတိုင်းမှ ရှမ်းပြည်တောင်ပိုင်း၊၄င်းမှတဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ဆက်လက်တင်ပို့ရသည့် အတွက် လမ်းခရီး၌ ငါးရက် အနည်းဆုံးကြာမြင့်လျှက်ရှိကြောင်း သိရသည်။
ယနေ့တွင် ရန်ကုန် - ဘုရင့်နောင်ဈေးကွက်၌ ပြောင်းဆံ တစ်ပိဿာလျှင် ၁,၀၇၀ ကျပ်မှ ၁,၀၈၀ ရှိပြီး ၊ မန္တလေးဈေးကွက်၌ပြောင်းဆံ တစ်ပိဿာလျှင်၉၄၄ ကျပ်မှ ၉၈၁ ကျပ်၊ ရှမ်းပြည်နယ်၌ ပြောင်းဆံ တစ်ပိဿာလျှင် ၈၀၀ ကျပ်ကျော်အထိဈေးနှုန်းအသီးသီးရှိနေကြောင်း သိရသည်။
#Local_News #တရုတ်ပြောင်းဆံ #တာလော့ဂိတ် #YMG/NN #Yangon_Times
'ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လာရောက်ခိုလှုံနေတဲ့ တိုက်ပွဲရှောင် ၁၁၁၀ ဉီးအထိရှိလာပြီး စားနပ်ရိက္ခာနဲ့အနွေးထည်တွေလိုအပ်နေတယ်လို့ ပရဟိတအသင်းနဲ့ဒေသခံတွေဆီက သိရပါတယ်'
#Local_News
Published_ 24 November 2023
#သီပေါမြို့ #တိုက်ပွဲရှောင်၁၁၀၀ကျော်
#YMG/NN #Yangon_Times
ပြည်နိုင်ငံတွေကို အလုပ်သွားရောက်လုပ်ကိုင်နိုင်ဖို့ ပွဲစားများနဲ့ လူမှုကွန်ယက်တွေကနေတစ်ဆင့် ငွေကြေးလိမ်လည်ခံရတာတွေမှာ မလေးရှားနိုင်ငံကိုသွားရောက် လုပ်ကိုင်ဖို့ အတွက် ငွေကြေးလိမ်ခံရသဖြင့် လာရောက်တိုင်ကြားတာ အများဆုံးဖြစ်နေတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)ထံက သိရပါတယ်။
#Local_News
Published_ 24 November 2023
#(MOEAF) #မလေးရှား #ငွေကြေးလိမ်ခံရ
#YMG/LW #Yangon_Times
"မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ယမန်နေ့ကပြန်လည်ဖွင့်လှစ်ပြီး ခရီးသည်တင်ကားတွေအပြင် ကုန်စည်တွေလည်းပြန်လည်ပို့ဆောင်နေတယ်လို့ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတွေဆီ"က သိရပါတယ်။
#Local_News
Published_ 24 November 2023
#မန္တလေး-မြစ်ကြီးနားလမ်းပိုင်း #ကုန်စည်များပြန်လည်ပို့ဆောင်
#YMG/NN #Yangon_Times
"တိုက်ကြီးမှာ ငလျင်တွေထပ်လှုပ်နေပါတယ်။ ည ၉ နာရီကျော်လောက်မှာ စတင်လှုပ်ခတ်ခဲ့ပြီး မိနစ်ပိုင်းလောက်လှုပ်ခတ်ခဲ့တယ်"
တိုက်ကြီးဒေသခံတစ်ဦး
#Local_News
Published_ 24 November 2023
#တိုက်ကြီးမြို့နယ် #ငလျင်(၁၀)ကြိမ်လှုပ်ခဲ့
#tthl #Yangon_Times
#Local_News
Published_24 Nov 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အမြောက်တပ်ပေါက်ကွဲ၍ စစ်သားနှစ်ဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရဆိုသော သတင်းမှာ မဟုတ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
လူမှုကွန်ရက်စာမျက်နှာများတွင် စစ်တွေမြို့ရှိ အမှတ်(၁၂)ရဲတပ်ရင်းထဲတွင် အခြေပြုထားသည့် လက်နက်ကြီး အထိုင်စခန်း၊ အမြောက်စခန်းထဲတွင် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေကာ ရှစ်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့ကြောင်း ရေးသားနေကြခြင်းအပေါ် အထက်ပါအတိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။
ယင်းသတင်းမှာ သတင်းတု သတင်းမှားဖြစ်ပြီး အဆိပ်ခတ်နေကြခြင်းသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တွေမြို့ အမြောက်စခန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူက အဆိုပါ နေရာတွင်မည်သည့် ပေါက်ကွဲမှုမှမရှိကြောင်း၊ အမြောက်တပ်အနေဖြင့်တပ်စခန်းရှိရာနေရာတွင် လုံခြုံရေးတာဝန်များကို ပုံမှန်အတိုင်းထမ်းဆောင်လျက်ရှိကြောင်းနှင့် ယင်းမှာ သတင်းအမှားသာဖြစ်ကြောင်းလည်း ပြန်လည်တုန့်ပြန်ပြောဆိုထားသည်။
#Local_News #အမြောက်တပ်ပေါက်ကွဲ #နစကထုတ်ပြန် #Yangon_Times/PP
Page 1163 of 2423