#Local_News
Published 19 December 2023


ခရစ္စမတ်နေ့သည် ခရစ်ယာန်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ရန်ကုန်မြို့ရှိ ဘုရားကျောင်းများတွင် ဆီမီးရောင်စုံများထွန်းညှိပြီး ဝတ်ပြုဆုတောင်းခြင်း၊ဓမ္မတေးသီချင်းများသီဆိုခြင်း၊လှူဒါန်းခြင်းများ‌ဆောင်ရွက်လေ့ရှိကြကြောင်း သိရသည်။

 

ခရစ္စမတ် Christmasအချိန်ကာလ၌ ဘုရား၀တ်ပြုခြင်း အချိန်များကိုရန်ကုန်မြို့ရှိ စိန့်မေရီကာသီဒြယ်ဘုရားကျောင်းမှကြိုတင်ကြေညာထားကြောင်း သိရသည်။

 

ဒီဇင်ဘာလ၂၅ရက်( တနင်္လာနေ့ )ခရစ္စမတ်ပွဲတော်ကြီး‌ နေ့တွင်မစ္ဆားတရားတော်မြတ်ကို Christmas Day နံနက် ၆:၀၀နာရီ ၊ နံနက် ၈:၀၀နာရီ (Myanmar Language)၊နံနက် ၁၀ နာရီ၊ညနေ ၅ နာရီတွင် (Myanmar Language)ဖြင့်ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

ခရစ္စမတ်အကြို မစ္ဆားတရားတော်မြတ်ကို ဒီဇင်ဘာလ ၂၄ရက် ( တနင်္ဂနွေနေ့) Christmas Vigil Mass၊ ညနေ Evening (4:30 pm) Christmas Carol ၊ညနေ ၅:၀၀ နာရီတွင်(Myanmar Language)ဖြင့်ဝတ်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းနေ့တွင် နံနက် ၆:၀၀နာရီ ၊ နံနက် ၈:၀၀နာရီ (Myanmar Language)၊နံနက် ၁၀ နာရီတို့တွင် မစ္ဆားတရားတော်မြတ် ပုံမှန်ရှိမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ခရစ္စမတ် #ဘုရား၀တ်ပြုချိန် #tthl #Yangon_Times