#Local_News
Published-19 December2023

FMI ကုမ္ပဏီအုပ်စုသည် ပြည်တွင်း အပန်းဖြေဝန်ဆောင်မှု ဈေးကွက်ကို တိုးချဲ့ရန် လုပ်ဆောင်လျက်ရှိပြီး စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း FMI ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

FMI ကုမ္ပဏီအုပ်စု၏ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ပါဝင်သော Memories Group သည် ပြည်တွင်း အပန်းဖြေဝန်ဆောင်မှု ဈေးကွက်ကို တိုးချဲ့ရန် လုပ်ဆောင်လျက်ရှိပြီး နာမည်ကြီးလူသိများသော အဆောက်အအုံများ (Boutique Hotel)၊ ရန်ကုန်မြို့ရှိ Governor Residence နှင့် British Club တို့ကို စီမံခန့်ခွဲရန် စာချုပ်ချုပ်ဆိုထား‌ကြောင်းသိရသည်။

 

သို့သော်နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်မှု သိသိသာသာ ကျဆင်းခြင်းနှင့် ပြည်တွင်းခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများ ကောင်မွန်စွာ လည်ပတ်နိုင်မှု နှေးကွေးခြင်းတို့ကြောင့် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် FMI ကုမ္ပဏီအုပ်စု (First Myanmar Investment Public Co., LTD) အနေဖြင့် ဘဏ်ချေးငွေ အမျိုးမျိုးနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေပို၍ရရှိလာခြင်းကြောင့် ယခု ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် ယခင်နှစ်ကာလတူထက် ဝင်‌ငွေ ၄၄ ရာခိုင်နှုန်းနီးပါးနှင့် အမြတ်ငွေ ၆၈ ရာခိုင်နှုန်းကျော် တိုးတက်ရရှိခဲ့ကြောင်းသိရသည်။

 

#Local_News #FMI ကုမ္ပဏီအုပ်စု #အပန်းဖြေဝန်ဆောင်မှုဈေးကွက် #YMG/NN #Yangon_Times