#Local_News
Published _5 May 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation – SCO) ၏ ဆွေးနွေးဖက်နိုင်ငံ အဖြစ် ခွင့်ပြုကြောင်း စာချွန်လွှာကို အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးအတွင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zhang Ming တို့ ယနေ့ မေလ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသိရသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့်အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်လာသည့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်နှင့် မော်လ်ဒိုက်ဗ်နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြကြောင်းလည်း သိရ
သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခုအခါ SCO ၏ တင်းပြည့်အဖွဲ့ဝင်များမှာ တရုတ်၊ အိန္ဒိယ၊ ကာဇက် စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘတ်ကစ္စတန် နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
SCO သည် အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးစသည့် နယ်ပယ်များတွင် အဓိက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ymg/pl
#YMG #Yangon_Media_Group
#Local_News
Published_ 5 May 2023
ပြည်တွင်းရွှေဈေးဟာမေလ ၅ ရက်နေ့မနက်ပိုင်းမှာ သိန်း ၃၀ ကျော် ပေါက်ဈေးရှိနေပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၂၀၄၅ ဒေါ်လာ ကိုစံချိန်တင်မြင့်တက်နေပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ဒေါ်လာပေါက်ဈေးအနည်းငယ်ပြန်ကျ
#YMG #Yangon_Media_Group
#Local_News
Published_ 5 May 2023
မော်လမြိုင် သိပ်ဇရပ်-မရမ်းချောင်းကြားတွင် ဘုရားဖူးကားတိမ်းမှောက်လို့ ၃၀ ဦးခန့် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Local_News #မော်လမြိုင် #သိပ်ဇရပ် #မရမ်းချောင်း
#YMG #Yangon_Media_Group
#Local_News
Published_ 5 May 2023
စက်သုံးဆီ ဈေးမှာ နှုန်းထားယခင်လကထက်နှစ်ရာကျပ်ကျော်အထိသို့ ကျဆင်းခဲ့ပြီး ၉၂ တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီ #92
#YMG #Yangon_Media_Group
#Local_News
Published_ 5 May 2023
လတ်တလောမှာ ပြည်ပသွင်းကုန်ဖြစ်တဲ့ စားအုန်းဆီဈေးအနည်းငယ်ပြန်ကျလာတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်၊၊
#Local_News #စားအုန်းဆီ #ပြည်တွင်းထုတ်ကုန် #ပဲဆီအထွက်တိုး
#YMG #Yangon_Media_Group
#Daily_News
Published_ 5 May 2023
၁။ စားအုန်းဆီဈေးအနည်းငယ်ပြန်ကျ၊ ပြည်တွင်းထုတ်ကုန် ပဲဆီအထွက်တိုးပေမယ့် ဈေးမြှောက်နေဆဲဖြစ်
၂။ စက်သုံးဆီနှုန်းဈေး 92 တစ်လီတာ ၁၈၇၅ ကျပ်အထိ ကျဆင်းနေ
၃။ မော်လမြိုင် သိပ်ဇရပ်-မရမ်းချောင်းကြားကုလားမကွေ့တွင် ဘုရားဖူး ကားတိမ်းမှောက်၊ လူ ၃၀ ခန့် ဒဏ်ရာရရှိ
၄။ ဗင်နီဇွဲလား၏ အော်ရီနိုကို မိကျောင်းများကို ကယ်ဆယ်ရန်ကြိုးပမ်းလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 5 May 2023
မြန်မာနိုင်ငံရဲ့ပဋိပက္ခမှာ အဓိကပါဝင်တဲ့ အဖွဲ့အစည်းတွေနှင့် မြန်မာရဲ့ အိမ်နီးချင်း အိန္ဒိယ၊ထိုင်းနှင့်တရုတ်တို့ကို အင်ဒိုနီးရှားအနေနှင့် လပေါင်းများစွာ တိတ်တဆိတ်တွေ့ဆုံ စေ့စပ်ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မေလ၅ ရက်သောကြာနေ့ကထုတ်ဖော်ပြောကြားလိုက်တယ်လို့ ရိုက်တာသတင်းကရေးသားပါတယ်။
အကြမ်းဖက်မှုတွေပြင်းထန်လာတဲ့အလျောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခု စတင်နိုင်ဖို့ကြိုးစားအားထုတ်မှုတစ်ခုအနေနှင့် ဆောင်ရွက်တာလို့လည်းဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ရိုက်တာသတင်းဌာနကို သီးသန့်ဖြေကြားရာမှာ အာဆီယဥက္ကဋ္ဃအနေနှင့် အကျပ်အတည်းကိုထိုးဖောက်ကျော်လွှားနိုင်ဖို့ ကြိုးစားအားထုတ်တဲ့အနေနှင့် အခုလို တိတ်တိတ်ဆိတ်ဆိတ်ဆွေးနွေးမှု တွေပြုလုပ်နေတာဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သံတမန်တွေဟာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေနှင့် အကြိမ်း၆၀ကျော် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အဲဒီအဖွဲ့အစည်းတွေထဲမှာ နစက၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် NUG တို့ပါဝင်ကြတယ်လို့လည်း ရိုက်တာ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ပတ်သက်သူတွေအားလုံးရဲ့ယုံကြည်မှုရရှိရေးဟာ မရှိမဖြစ်လိုအပ်တယ်လို့လည်း သူမကနောက်ပိုင်းပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။
“ အင်ဒိုနီးရှားဟာ လော်စပီကာမဟုတ်တဲ့ သံခင်းတမန်ခင်းကိုအသုံးပြုနေတယ်တယ်။ ရည်ရွယ်တာကတော့ ပါဝင်ပတ်သက်သူတွေအားလုံး ယုံကြည်မှုတည်ဆောက်နိင်ဖို့ဖြစ်တယ်” လို့လည်း သူမကဆက်လက်ပြောဆိုခဲ့ပါတယ်။
“ တိတ်တိတ်ဆိတ်ဆိတ်ဒီပလိုမေစီဆိုတာ ဘာမှမလုပ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ လေးလအတွင်း အင်ဒိုနီးရှားဟာ တော်တော်များများလုပ်နိုင်ခဲ့တယ်” လို့ သူမကဆိုပါတယ်။
“ ပါဝင်နိုင်သမျှသူတွေပါဝင်နိုင်ဖို့ ကျွန်မတို့ကြိုးစားနေတယ်။ အင်ဒိုနီးရှားဟာ အဖွဲ့အစည်းတွေအကြား နက်ရှိုင်းပြတ်သားနေတဲ့ ကွာဟမှုတစ်ခုကို လျှော့ချရာမှာ ပေါင်းကူးပေးတဲ့ အခန်းကဏ္ဍကနေကြိုးစားဆောင်ရွက်နေတယ်” လို့လည်း ရက်တ်နိုက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
မြန်မာနစကနှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုက ကိုယ်စားလှယ်တွေက သူမရဲ့မှတ်ချက်အပေါ် ဘာတုန့်ပြန်ချက်မှမပေးခဲ့ပေမယ့် NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ဟာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲတစ်ခုအတွက် ကြိုးစားနေတဲ့ အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရိုက်တာကို ပြန်ဖြေကြားခဲ့ပါတယ်။
Ref: Reuter’s Report
-ymg/knl
#YangonMediaGroup
#မြန်မာ့နိုင်ငံရေး
#အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှား
Page 1139 of 2054