မလေးရှားမှာ နိုင်ငံတကာက အော်ဒါရရှိမှုနည်းပါးနေတာကြောင့် စက်ရုံပိတ်သိမ်းမှု အချို့ပင်ရှိနေပြီး ပြည်ပလုပ်သားခေါ်ယူမှု လျော့ကျနေကာ လာမယ့်တရုတ်နှစ်ကူးပြီးလျှင်လည်း လုပ်သားသစ်ခေါ်ယူမှု ဆက်လက်လျော့ကျနိုင်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) ကသိရပါတယ်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လမ်းပန်းဆက်သွယ်ရေး အခက်ခဲနဲ့ ကုန်အ၀င်နည်းလာတဲ့အတွက် ရှမ်းကြက်သွန်ဖြူ တစ်ပိသာကိုကျပ် ၂၀၀၀ ကျော် ဈေးမြင့်လာတယ်လို့ ရန်ကုန်ရှိ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published-14 December 2023
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ရေခဲပို့သည့် ကားတစ်စီး အရှိန်လွန်ပြီး နေအိမ်ဈေးဆိုင်ကို ဝင်တိုက်ခဲ့သဖြင့် လူခြောက်ဦး ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၃ ရက်၊ နေ့လည် ၁၂ နာရီခွဲ ခန့်တွင် ထားဝယ်မြို့၊ ဗျောတောဝလမ်းဆုံ အနီး၌ ရေခဲပို့သည့်ကားတစ်စီး အရှိန်လွန်ပြီး နေအိမ်ဈေးဆိုင်ကို ဝင်တိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ ခေါင်းကွဲဒဏ်ရာနှင့် ဈေးဆိုင်ပိုင်ရှင်နှင့် ဈေးဝယ်သူအမျိုးသမီးလေးဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့အပြင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်အား သက်ဆိုင်ရာမှ စစ်ဆေးနေပြီး ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published-14 December 2023
ယခုဒီဇင်ဘာ ၁၀ရက်တာကာလအတွင်း ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု လျာထားချက် အပေါ် ၃၄ရာခိုင်နှုန်းကျော် ဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ထိုသို့ဆောင်ရွက်ထားရာတွင် ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၈.၅၀၀) ဒေါ်လာသန်း ဖြစ်ရာ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၅.၁၆၉) ဒေါ်လာသန်း၊ သွင်းကုန်(၁.၂၀၂)ဒေါ်လာသန်း၊ စုစုပေါင်း (၆.၃၇၁) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု လျာထားချက် အပေါ် (၃၄.၄၃၈%) ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဒီဇင်ဘာလ (၁၀)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ၊ ရှောက်ကောပါကောနှင့် ဧည့်မထဆန်များကို တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၃ ဒီဇင်ဘာ ၂၀၂၃
KNLA နှင့် PDFများမြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ဖျက်ဆီး
ကျောက်တံခါးမြို့နယ်အတွင်း မန္တလေး-ရန်ကုန် လူစီး ရထားအား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးခံရ
၁၃-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ မြောက်ဦးမြို့နှင့် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်
ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည် ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#Daily_News
Published 13 December 2023
၁။ ကျိုက်ထီးရိုးသို့ ပိတ်ရက်ဘုရားဖူးတစ်ထောင်ခန့် ဝင်ရောက်၊ ဇန်နဝါရီလ၌ ပဌာန်းပွဲ၊ ဆီမီးကိုးထောင်ပူဇော်ပွဲများရှိ
၂။ ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးနေပြီး ပွဲတော်ချိန်များ၌ ဈေးမာနိုင်
၃။ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူများပြားနေပြီး စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေဟုဆို
၄။ ကမ္ဘာ့စွမ်းအင်သစ်ယာဥ်များ ကွန်ဂရက်တွင် နောက်ဆုံးပေါ်ထုတ်လုပ်မှုများနှင့် အနာဂတ်လမ်းကြောင်းများ ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 1123 of 2422