Published_ 25 January 2024
လေပွေလှိုင်းများ၏အရှိန်၊လေနွေးများနှင့် လေအေးများတွေ့ဆုံမှုကြောင့် ဒေသတော်တော် များများ၌အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
နောက် (၄၈)နာရီအတွင်း အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှု ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်။
အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်နေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 25 January 2024
အိန္ဒိယ-မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး နှစ်နိုင်ငံနယ်စပ်ဒေသ၌မူးယစ်ဆေးဝါးထိန်းချုပ်ရန်အတွက် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနေသည့် ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေ ရေးကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပသည့် (၇) ကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံမူးယစ် ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့်အစည်းအဝေးမှသိရခြင်းဖြစ်သည်။
အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင်က ‘‘ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုနေသည့် ဓာတုပစ္စည်းများဖမ်းဆီးရမိမှုမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေသည့်အတွက် နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်နေသည့် နယ်စပ်ဒေသများမှ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေးကို ယခုထက်ပိုမို တိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား မူးယစ်တရားခံပြေးများ၊ ကွင်းဆက်တရားခံများ၊ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ မူးယစ်ကုန်ကူးသူများ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးပို့စေလိုကြောင်း’’ ဆွေးနွေးပြောကြားခဲ့သည်။
အစည်းအဝေးသို့ အိန္ဒိယနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) ညွှန်ကြားရေးမှူးချုပ် Mr. Satya Narayan Pradhan ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကိုယ်စားလှယ်များမှ လက်ရှိမူးယစ်ဆေးဝါးအခြေအနေများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေး တားဆီးနှိမ်နင်းရေးဆောင်ရွက်မှုအခြေအနေများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေး အခြေအနေများ၊ နယ်စပ်ဒေသများတွင် ဘိန်းပင်တရားမဝင်စိုက်ပျိုးခြင်းဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ (၈) ကြိမ်မြောက် အစည်းအဝေးကို အိန္ဒိယနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
သင်္ကြန်ပိတ်ရက်မှာတော့ ဥရောပဘက်ကိုထွက်မယ့် ခရီးစဉ်တွေ တော်တော်များများ ရောင်းချနေတာတွေ တွေ့ရတယ်၊ တော်တော်များများလည်း စိတ်ဝင်စားကြတယ်ပေါ့နော်၊ ရက်ရှည်ခရီးစဉ်ဖြစ်တဲ့အတွက် အဲ့ဒီဟာတွေလည်းကျွန်တော်တို့ရောင်းတယ်၊ နောက်ပြည်ပထွက်တဲ့ ခရီးစဉ်တွေကလည်းပဲ အလားအလာကောင်းတယ်လို့ သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
ယခင်လပိုင်းက လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ပြည်ပကိုမတင်ပို့နိုင်သေးတဲ့အတွက် မြေပဲပေါ်ချိန်မှာ တောင်သူတွေ အရှုံးမပေါ်စေရန် တိုင်းတောင်သူအဖွဲ့ အနေနဲ့ ပြည်ပပို့ကုန် လုပ်ငန်းရှင်များနဲ့ ပူးပေါင်းကာ မြေပဲတောင့်များကို ဒေသပေါက်ဈေးအတိုင်းပေးဝယ်ခဲ့ရာ တန်၇၀၀ ကျော် အထိ ဝယ်ယူပေးခဲ့တယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံ က သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
ယခင်လပိုင်းက လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ပြည်ပကိုမတင်ပို့နိုင်သေးတဲ့အတွက် မြေပဲပေါ်ချိန်မှာ တောင်သူတွေ အရှုံးမပေါ်စေရန် တိုင်းတောင်သူအဖွဲ့ အနေနဲ့ ပြည်ပပို့ကုန် လုပ်ငန်းရှင်များနဲ့ ပူးပေါင်းကာ မြေပဲတောင့်များကို ဒေသပေါက်ဈေးအတိုင်းပေးဝယ်ခဲ့ရာ တန်၇၀၀ ကျော် အထိ ဝယ်ယူပေးခဲ့တယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံ က သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
အေးလာ၍ တုပ်ကွေးနဲ့ကိုဗစ်အဖြစ်များတယ်။ ကိုဗစ်က အနံမပျောက်ဘဲ တုပ်ကွေးဆန်လာတယ်။ ‘‘ ညပိုင်းအချိန်တွေမှာ အေးလာတဲ့အတွက် ချောင်းဆိုး၊ ဖျားနာ၊ နှာစေးတာစတဲ့ ရာသီတုပ်ကွေး ရောဂါတွေဖြစ်နိုင်သလို ကိုဗစ်လည်း မပြီးဆုံးသေးတဲ့အတွက် ကိုဗစ်ကို သတိထားဖို့လိုတယ်လို့ ဆိုပါတယ်။ အရင်တုန်းက ကိုဗစ်နဲ့ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု ရောဂါလက္ခဏာတွေ ကွာခြားခဲ့ပေမယ့် နောက်ပိုင်းဖြစ်ပွားတဲ့ ကိုဗစ်ရောဂါတွေမှာ အနံပျောက်တာမတွေ့ရတော့ဘဲ တုပ်ကွေးဆန်လာတယ်လို့ပြောပါတယ်”
မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း
Yangon Times/tthl
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_25 Jan 2024
ဦးအောင်ဆန်းဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ အငြင်းပွားအမှု ဖြစ်နေသော တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ကျပ်ငွေ ၃၁၅ ဘီလျံ နှင့်လေလံ တင်မည်ဟု တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက YMG ကို ပြောသည်။
“အမှူကတော့ မပြီးသေးဘူး၊ဒါပေမဲ့ ဒါက တရာရုံးရဲ့ လုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။အမှု မပြီးပြတ်သေးဘဲ လုပ်လို့ ရလားဆိုတာတော့ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းလို့သာ ပြောချင်ပါတယ်”ဟု တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက YMG ကို ပြောသည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက်တွင် အဆိုပါ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ခြံနံပါတ် ၅၄ ကို ကျပ်ငွေ ၃၁၅ ဘီလျံနဲ့ လေလံကြမ်းခင်းဈေးသတ်မှတ်ကာ လာမည့် မတ်လ ၂၀ ရက်တွင် ယင်းနေအိမ်ရှေ့၌ လေလံတင် ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေအိမ်ကို ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဦးအောင်ဆန်းဦးနှင့်ဒေါ်အောင်ဆန်းစုကြည် တို့ကအမွေခွဲရေးကိစ္စဖြင့် လွန်ခဲ့သောနှစ်အတော်ကြာကပင် အမှု ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
Yangon_Times/PP
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 785 of 2157