ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်ခြင်းနဲ့အတူ မြန်မာ့ရွှေပြင်ပပေါက်စျေးတစ်ကျပ်သား ကျပ်သိန်း၇၃သိန်းအထိရှိလာတယ်လို့ ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 18 Apirl 2025
#ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက် #မြန်မာ့ရွှေပြင်ပပေါက်စျေးမြင့်
#YMG/SW #Yangon_Times
မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် နေအိမ် ၈၁ လုံးကို စစ်ဆေးအကြံပြုပေးခဲ့ပြီးဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 18 Apirl 2025
#MCEF #နေအိမ်၈၁လုံးကိုစစ်ဆေး
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်း ၉၈မိုင်၊ နဂါးညီနောင်ကျောင်းတိုက်ရှိ ဘောဂဝတီ နဂါးမယ်တော်စေတီတော်ကို ဧပြီလ၁၆ ရက်၊ မဟာသင်္ကြန်အတက်နေ့က ပရိတ်ချည်မျှင် ရေဆူဆရာတော် ဒေါက်တာ ဘဒ္ဒန္တအာဒိစ္စဝံသ ဆရာတော်ကြီး ကိုယ်တိုင်ပရိတ်ချည်မျှင်နဲ့ ခုနှစ်ဆူကုန်သော ထီးပဒေသာဘင် ရွှေထီးတော်တင်လှူပူဇော်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 18 Apirl 2025
#ဘောဂဝတီနဂါးမယ်တော်စေတီတော် #ပရိတ်ချဉ်မျှင်ဖြင့်ရွှေထီးတော်တင်လှူ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော်ပျက်စီးခဲ့ပြီး လူဦးရေ ၂ သန်းခန့်ဟာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်လျက်ရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
#Local_News
Published 18 Apirl 2025
#လူဦးရေ၂သန်း #အကူအညီများလိုအပ်
#YMG/SW #Yangon_Times
#Local_News
Published 18 April 2025
▪️ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကိုယ်စား တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများလက်ခံပေးမည်ဖြစ်ရာ ငလျင်ဒဏ်သင့်တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန်အတွက်အထူးလမ်းကြောင်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။
▪️ ထိုသို့ ထုတ်ပြန်ရာတွင် “မတ်လ၂၈ ရက်နေ့ငလျင်” သက်ရောက်မှုကြောင့် မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသည် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် လျှောက်လွှာများကို လတ်တလောတွင် လက်ခံနိုင်ခြင်းမရှိသေးသောကြောင့် မန္တလေးမြို့ကောင်စစ်ဝန်ချုပ်ရုံးမှ လျှောက်လွှာများပြန်လည်လက်ခံနိုင်ချိန်ထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများကို ကိုယ်စားလက်ခံပေးမည်ဖြစ်ကြောင်း၊
ငလျင်ဒဏ်သင့်ခဲ့ရသော တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန် ခရီးသွားလက်မှတ်များ လျှောက်ထားရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာတရုတ်နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်/ ခရီးသွားလက်မှတ် လျှောက်လွှာများအတွက် "အထူးလမ်းကြောင်း" ကို သံရုံးက ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
▪️ လျှောက်ထားလိုသူများသည် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်လိုအပ်သောစာရွက်စာတမ်းများကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် အီးမေးလ်ပို့ခြင်းဖြင့်(ဆက်သွယ်ရန်အချက်အလက်ကိုပူးတွဲတင်ပြရန်)သံရုံးသို့ ကြိုတင်ဆက်သွယ်ပြီး အချက်အလက်များအဆင်သင့်ပြင်ဆင်ကာ သံရုံးသို့လာရောက်ဆောင်ရွက်ရန်လိုကြောင်း၊
▪️ နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားလက်မှတ်လျှောက်လွှာအတွက် “အထူးလမ်းကြောင်း” ဝန်ဆောင်မှုအကြောင်းအရာ ဆက်သွယ်မေးမြန်းရန်ဖုန်းနံပါတ်- 0095-9894853188(ဖုန်းကိုင်ချိန်-ပုံမှန်ရုံးဖွင့်ရက်ညနေ၂:၀၀-၆:၀၀)သို့ ဆက်သွယ်နိုင်ပြီးကောင်စစ်ကာကွယ်ရေးဆိုင်ရာအတွက် ဖုန်းနံပါတ်:0095-9-43209657နှင့် Email :
#YMG/SW #Yangon_Times
၁၇ ဧပြီ ၂၀၂၅
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၇ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် Mr. Anwar Ibrahimနှင့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုသတင်း ထုတ်ပြန်ပါတယ်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးတွင် အာဆီယံ အသိုက်အဝန်းမှစည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာအာဆီယံ အသိုက်အဝန်းမှပူပေါင်းဆောင်ရွက်ရေးကိစ္စများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra လည်း တက်ရောက်ခဲ့ တယ်လို့သတင်းရရှိပါတယ်။
အသေးစိတ်အချက်အလက်တွေကိုတော့ ထိုင်းနှင့် မလေးရှားဘက်ကပါ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝါထရာဟာ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်ဝါအီဗရာဟင်နှင့် မြန်မာနစက ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် ဘန်ကောက်မြို့ရှိ Rosewood Bangkok တွင် ညစာဖြင့်တည်ခင်းဧည့်ခံနေတယ်လို့ ထိုင်းသတင်းမီဒီယာ များကရေးသားဖော်ပြကြပါတယ်။
၁၇ ဧပြီ ၂၀၂၅
မြန်မာတို့၏အတာသင်္ကြန်အပြီး ယနေ့ ဧပြီ ၁၇ ရက်နေ့ ညနေပိုင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဗုဒ္ဓဘာသာဝင်ပြည်သူများ ကောင်းမှုကုသိုလ်ယူကြသည့် ချမ်းမြေ့ဖွယ် မြင်ကွင်းကို ရုပ်သံတင်ဆက်ထားပါတယ်။
Video mmn(YMG)
Page 293 of 2237