၁၃ ဧပြီ ၂၀၂၅
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် သင်္ကြန်အဖြစ်ယနေ့ မြန်မာနိုင်ငံအနှံ့စတင်ဆင်နွှဲကျင်းပနေရာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်၌ ကျင်းတဲ့ ” အေးသင်္ကြန်” ၌ တက်ရောက် ဆင်နွှဲခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ နစကကောင်စီဝင်များနှင့်ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြပါတယ်။
မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်များဖြင့် အတာသင်္ကြန်ရေကိုပက်ဖြန်းပေးပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ဆင်ယင်ကျင်းပနေခြင်းဖြစ် ပါတယ်။ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီးတို့က .မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်စုကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကိုဂုဏ်ပြုသော အားဖြင့် သနပ်ခါးလိမ်းသည့်ဓလေ့အား .သရုပ်ဖော်ခြင်းကို ကြည့်ရှုအားပေးကြပြီး သနပ်ခါးများလိမ်းခြယ်ပေးခဲ့ ကြပါတယ်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် သက်ကြီးရွယ်အို အဘိုးအဘွားများအား လက်ဆောင် ပစ္စည်းများပေးအပ်ပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်းညှပ်ပေးခြင်းတို့ ပြုလုပ်ပေးနေမှုများနှင့် စတုဒီသာကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါတယ်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သည် ယမန်နှစ်က ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ပါဝင်ခဲ့ရာ ယခုနှစ်သင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ထူးခြားစည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း မတ် ၂၈ ရက်တွင်ဖြစ်ပွားခဲ့
သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်ခံစားခဲ့ကြရသည့် ဒေသများ၌နစ်နာဆုံးရှုံးခဲ့ရမှုများကို စာနာထောက်ထားသောအားဖြင့် ယခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အပျော်အပါးနှင့်သီဆိုကခုန်ခြင်းမပါဘဲ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့ သည့်သင်္ကြန်၊ အေးချမ်းသာယာသည့်သင်္ကြန်အဖြစ် ကျင်းပ၍ နှစ်သစ်အတာကူးပြောင်းကြမည်ဖြစ်ကြောင်း သိရှိရပါတယ်။



၁၃ ဧပြီ ၂၀၂၅
မြန်မာနစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုုင်ကို ယခုလစောစောပိုင်းက ဘန်ကောက်မြို့တွင် နိုင်ငံတကာ ထိပ်သီးဆွေးနွေးပွဲတစ်ခုသို့ ဗိုလ်ချုပ်မှူးကြီးတက်ရောက်လာစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါတရာက တွေ့ဆုံခဲ့တယ်လို့ ဧပြီ ၁၃ ရက် နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သက်ဆင်က ဗိုလ်ချုပ်မှူးကြီးနှင့်တွေ့ဆုံစဉ် မြန်မာခေါင်းဆောင်ကို ခုခံရေးအဖွဲ့များနှင့် ငြိမ်းချမ်းရေးစကား ပြောဆိုဖို့ အကြံပြုခဲ့တယ်လို့ ပြောပါတယ်။
သူတို့နှစ်ဦးသည် ဧပြီ ၄ရက်က ဘန်ကောက်တွင်ကျင်းပတဲ့ ဘင်မ်စတက်အစည်းအဝေးကာလအတွင်း တွေ့ဆုံ ခဲ့ကြတာဖြစ်တယ်လို့လည်း သက်ဆင်က ထုတ်ဖော်ပြောပါတယ်။
“ သူ့ကို ကျွန်တော်ပြောဖို့အခွင့်အရေးရခဲ့တယ်။ ဘာဖြစ်လို့လဲဆုတော့ ကျွန်တော့်အနေနှင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်ဖြစ်ထွန်းတာကို မြင်တွေ့လိုလို့ဖြစ်တယ်” လို့ သက်ဆင်ကပြောပါတယ်။
သက်ဆင်က သူ့အနေနှင့် အဲဒီတွေ့ဆုံမှုမတိုင်ခင် ကမ္ဘာ့စူပါပါဝါနိုင်ငံတွေနှင့် ဆက်သွယ်ပြောဆိုခဲ့တယ် လို့လည်းဆိုပါတယ်။ သူအနေနှင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးမှုများကတစ်ဆင့် အကြမ်းဖက် မှုတွေ အဆုံးသတ်တာ ထိုင” ်းနိုင်ငံအနေနှင့်မြင်တွေ့လိုတဲ့ဆန္ဒရှိတယ် လို့လည်း သူကပြောပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးမှုများကတစ်ဆင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်တာ မြင်တွေ့လိုတဲ့ အကြောင်း စူပါပါဝါနိုင်ငံတွေကို ကျွန်တော် အမြဲပြောခဲ့တယ်” လို့ သူကပြောပါတယ်။
ငြိမ်းချမ်းရေးအတွက်လမ်းကြောင်းရှာဖွေရာမှာ နစကအစိုးရနှင့် တိုက်ရိုက်စကားပြောဖို့လိုတယ်လို့ သက်ဆင်က ပြောဆိုလိုက်ပြီး ထိုင်းနိုင်ငံအနေနှင့် နစက နှင့် ခုံခံရေးအဖွဲ့တွေအကြား စေ့စပ်ဖြန်ဖြေသူအဖြစ် ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံဟာ စစ်အစိုးရကို ထောက်ခံတယ်လို့ တွက်ဆကြမှာ စိုးရိမ်တဲ့အတွက် သူ့သမီးဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝါတရာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နီးနီးကပ်ကပ် မဆက်ဆံဖို့ ထိုင်းပညာရှင်တွေက ပြောနေတဲ့ကြားထဲကနေ သူ့အနေနှင့် ဗိုလ်ချုပ်မှူးကြီးကိုတွေ့ဆုံခဲ့တာဖြစ် တယ်လို့လည်း သက်ဆင်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ အကြံပြုချက်ကို လက်ခံတယ်လို့ သက်ဆင်က ပြောပါတယ်။ ပြီးတော့ တရားဝင် ဆွေးနွေးပွဲမစတင်ခင် နောက်ထပ်ဆွေးနွေးတာတွေလိုအပ်လိမ့်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောတယ် လို့ သူက ဆိုပါတယ်။
“ ကျွန်တော့်အကြံပြုချက်ကို သူအလေးထားပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေမှု မစတင်ခင်မှာ သူနှင့် ကျွန်တော် သူ အကြိမ်များစွာ ပြောဖို့လိုပါဦးမယ်” လို့ သက်ဆင်ကပြောကြားလိုက်ပါတယ်။
သက်ဆင်က သူ့အနေနှင့် မြန်မာနိုင်ငံမှာစီစဉ်ထားတဲ့ရွေးကောက်ပွဲကိစ္စကိုတော့ မဆွေးနွေးဖြစ်ခဲ့ဘူးလို့ ဆိုပါ တယ်။ အာဆီယံအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစမလုပ်ဘဲ၊ နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ဘဲ ရွေးကောက်ပွဲလုပ်မှာကို ဆန့်ကျင်တဲ့ရပ်တည်ချက်ရှိတာကိုလည်း သူသိပါတယ်လို့ သက်ဆင်ကပြောပါတယ်။
Source The Nation
#Daily_News
Published 12 Apirl 2025
၁။ ယဉ်ကျေးမှုနှင့်မညီသည့်လုပ်ရပ်များ၊ ကြမ်းတမ်းစွာ ရေဆော့ကစားခြင်းများရှောင်ကြဉ်ရန် ထုတ်ပြန်
၂။ မြေငလျင်ဒဏ်သင့် အဆောက်အအုံများ ဘေးအန္တရာယ်ကင်းရှင်းမှုစစ်ဆေးရန် PE အဆင့်ရှိသူများကိုခေါ်ယူ
၃။ ဓာတ်ဆီဈေးဆက်တိုက်တက်၊ ဒီဇယ်ဈေးပါပြန်တက်
၄။ ပြည်တွင်းစက်မှုလုပ်ငန်းများအား ကာကွယ်လိုသည့်အမေရိကန်၏အခွန်တိုးမြှင့်စည်းကြပ်မှု ကိုယ်တိုင်ပြန်လည်ထိခိုက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့တွင်းက ခရီးသွားလာရေးအဆင်ပြေဖို့ သင်္ကြန်ကာလအတွင်းယာဉ်လိုင်း ၆၀ ကျော်ပြေးဆွဲပေးသွားမယ်လို့ YRTC က သိရပါတယ်။
#Local_News
Published 12 Apirl 2025
#ရန်ကုန်မြို့တွင်းယာဉ်လိုင်း၆၀ကျော် #သင်္ကြန်ကာလအတွင်းပြေးဆွဲ
#YMG/NN #Yangon_Times
မန္တလေးမြို့ရှိ မြေငလျင်ဒဏ်သင့် အဆောက်အအုံတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုစစ်ဆေးဖို့အတွက် အင်ဂျင်နီယာ(မြို့ပြ) PE အဆင့်ရှိတဲ့သူတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ခေါ်ယူလျှက်ရှိပါတယ်။
#Local_News
Published 12 Apirl 2025
#PE အဆင့်ရှိသူများကိုခေါ်ယူ #ဘေးအန္တရာယ်ကင်းရှင်းမှုစစ်ဆေး
#YMG/SW #Yangon_Times
ဓာတ်ဆီဈေးတွေ သုံးပတ်ဆက်တိုက်တက်ပြီး တစ်လကျော်ကြာ ကျဆင်းခဲ့တဲ့ ဒီဇယ်ဈေးတွေလည်း အခုတစ်ပတ်မှာအနည်းငယ်ပြန်လည် မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီက သိရပါတယ်။
#Local_News
Published 12 Apirl 2025
#ဓာတ်ဆီဈေးတက် #ဒီဇယ်ဈေးပါတက်
#YMG/NN #Yangon_Times
#Local_News
Published 12 April 2025
▪️ မန္တလေးငလျင်ကြောင့် ထိခိုက်ခဲ့ရသည့် Great Wall Hotel အဆောက်အအုံအားရှင်းလင်းပြီးနောက် MAB Bank ATM စက်နှင့် ငွေသားများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ Great Wall Hotel အဆောက်အအုံပြိုကျမှုတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ ရှာဖွေတွေ့ရှိခဲ့သော MAB Bank ATM စက်နှင့် ငွေသားများအား MAB Bank မှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 295 of 2237