#Local_News
Published 02 December 2025

▪️ ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ အနေဖြင့် ချင်းမိုင်မြို့၌ ရွေးကောက်ပွဲအပိုင်း (၁) အတွက် ကြိုတင် ဆန္ဒမဲပေးခြင်း ပထမနေ့ကို ယမာန်နေ့ကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

▪️ ယခုလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) အတွက် ကြိုတင်ဆန္ဒမဲပေးခြင်း (ပထမနေ့) ကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၌ ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အချိန်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

▪️ ထိုသို့ပြုလုပ်ရာ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ် ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း က မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်၍ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

▪️ အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်နေ့အထိ (၄)ရက်တိုင်တိုင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times