#LocalNews
Published - 22 April 2022
နေပြည်တော် စည်ပင်ဧည့်ရိပ်သာ အမှတ်(၂)ကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စည်ပင်ဧည့်ရိပ်သာ အမှတ်(၂)ကို ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေး Quarantine Center အဖြစ် အသုံးပြုပြီး ပြန်လည်အပ်နှံခဲ့သည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)ရှိ အဆောင်များအား ပြန်လည်မွမ်းမံပြင်ဆင်ခြင်း၊ ချို့ယွင်းပျက်စီးနေသည့် ရေပိုက်များ၊ လျှပ်စစ်မီးလိုင်းများပြင်ဆင်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် သန့်ရှင်းရေးများကို ပြုလုပ် ဆောင်ရွက်ခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်းမှာပင် တည်းခိုမည့်ဧည့်သည်များ စတင် လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်စည်ပင် ဧည့်ရိပ်သာ(၁)နှင့်(၂)ရှိ အခန်းများတွင် ခုတင်(၃)လုံးပါ ရိုးရိုးခန်း တစ်ခန်းလျှင် ငွေကျပ် ၁၂,၆၀ဝ ၊ အစိုးရဝန်ထမ်းဖြစ်ပါက ငွေကျပ် ၈,၄၀ဝိ ၊ Air Con ခန်း တစ်ခန်းလျှင် ငွေကျပ်၂၃,၁၀ဝိ၊ အစိုးရဝန်ထမ်းဖြစ်လျှင် ငွေကျပ် ၁၆,၈၀ဝိ ဖြင့် တည်းခိုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်ရှိ ဧည့်ရိပ်သာ(၁)ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက ပြန်လည်ဖွင့်လှစ်ထားပြီး အများပြည်သူများ တည်းခိုလျက်ရှိကာ ဧည့်ရိပ်သာ(၂)ကိုလည်း ယခုရက်ပိုင်းအတွင်း ဖွင့်လှစ်နိုင်ဖို့ စီစဥ်နေတာဖြစ်တယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရပါတယ်။
ဓါတ်ပုံ - နေပြည် တော် စည်ပင်သာယာ ရေး ကော်မတီ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 22 April 2022
မြန်မာပြည်သူတွေ ငြိမ်းချမ်းစေဖို့အတွက် အသစ်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဗီနေးကူးမားက ရွှေတိဂုံဘုရားမှာ ဆုတောင်းမှုတွေကို ပြုလုပ်ပေးခဲ့တယ်လို့ အိန္ဒိယသံရုံးက ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားဟာ ဧပြီ ၂၁ ရက်နေ့မနက်မှာ ရွှေတိဂုံဘုရားကို သွားရောက်ပြီး ဆွမ်းကပ်လှူဒါန်းကာ မြန်မာပြည်သူတွေ ငြိမ်းချမ်းသာယာပြီး ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် ဆုတောင်းပေးခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအသစ် မစ္စတာ ဗီနေးကူးမားသည် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သူလည်းဖြစ်ပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး
ymg/kg
#Yangon_Media_Group
#LocalNews
Published_22 April 2022
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသမြောက်ဦးမြို့ နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကို ဖယ်ရှားတော့မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)က သိရသည်။
မြောက်ဦးဒေသ ယဉ်ကျေးမှုအမွေအနှစ်ယူနက်စကိုဝင်နိုင်ရေးအတွက် တင်ပြထားပြီး ဖြစ်ရာ ယခု ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတိုတွင် သက်ဆိုင်ရာပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်သောကြောင့် စနစ်မကျသော ဆိုင်ခန်းများ၊ကျူးကျော်နေထိုင်ခြင်းများမှာ အမြင်မတင့်တယ်သောကြောင့် ယူနက်စကိုကိစ္စတွင် အနှောင့်အယှက်ဖြစ်နိုင်ကြောင်းလည်း သိရသည်။
"ယူနက်စကိုပညာရှင်တွေလာကြည့်တဲ့အခါ မြင်ကွင်းတွေကို ပိတ်ဆို့စေပြီးတော့ အဟန့်အတားဖြစ်စေပါတယ်။ အခု ပထမအဆင့်အနေနဲ့ နန်းတော်ရာကုန်းပတ်ဝန်းကျင်မှာရှိတဲ့ ကျူးကျော်တွေကို ဖယ်ရှားဖို့နဲ့ မဖယ်ရှားဘူးဆိုရင်တော့ အာဏာပိုင်တွေက အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်ကြမှာ ဖြစ်ပါတယ်။ နန်းရာကုန်းဝန်းကျင်မှာဆိုရင် အစိုးရအဆောက်အုံတွေဖြစ်တဲ့ ဆေးရုံဟောင်း၊ စာသင်ကျောင်းတွေအပြင် ကျူးကျော်တွေအကုန်လုံးကို ရှင်း" ဟုအမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)၏တာဝန်ရှိသူကပြောသည်။
လာမည့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ မြောက်ဦးဒေသအား ယူနက်စကိုစာရင်း ဝင်၊မဝင် ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း ၊ နန်းတော်ရာကုန်း ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်နေရာတွင် ထမင်းဆိုင်၊ ကွမ်းယာဆိုင်၊ လဖက်ရည်ဆိုင်၊ ဆီဆိုင် စသည့်ဆိုင်ခန်း ၃၀ ကျော်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 22 April 2022
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် စိတ်ကျန်းမာရေး ပြင်ပလူနာဌာနကို ဧပြီ ၂၆ ရက် အင်္ဂါနေ့တွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
စိတ်ကျန်းမာရေးလူနာဋ္ဌာနကို ပြန်လည်ဖွင့်လှစ်ရာတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အခြား အထူးကုပြင်ပလူနာဌာနများကိုလည်း ပုံမှန်ဖွင့်လှစ်ထားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာနများအနေဖြင့် အပတ်စဉ် အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်မှလွဲ၍ ကျန် ၅ ရက်တွင် ဖွင့်လှစ်ထားရှိပြီး၊ သက်ဆိုင်ရာ အထူးကုပြင်ပလူနာဋ္ဌာနများကို နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ ဖွင့်လှစ်ထားပါတယ်။
ရန်ကုန်ဆေးရုံကြီး၌ ခတ္တပိတ်ထားသော အထူးကုပြင်ပလူနာဋ္ဌာနများ အားလုံးကို မတ် ၁ ရက်နေ့မှစ၍ ပုံမှန်အချိန်ဇယားများအတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။
အထူးကုပြင်ပလူနာဋ္ဌာနများ၌ လူနာများနံနက်စောစော လာရောက်တန်းစီ၍ စာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း၊ ပြသရန်အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ လူစုလူဝေးကြောင့် ကိုဗစ် ၁၉ ရောဂါကူးစက်မှုမှကာကွယ်ရန် ပြီးခဲ့သော ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ကာ Online Booking စနစ်ကို စတင်စမ်းသပ် သုံးစွဲနေတာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_21 April 2022
ရန်ကုန်ရွှေဈေးကွက်မှာ အခေါက်ရွှေ အဝယ်လိုက်နေတယ်လို့ ရွှေကုန်သည်တွေပြောတဲ့သတင်းစကားတွေအရ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_21 April 2022
ပုဂံဘုရားတွေအတွက် လုံခြုံရေးထပ်တိုးချဖို့ စီစဉ်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#DailyNews
+++++++++++++++++++++++++++++++++++++++++
Published -21 April 2022
၁။ ပုဂံဘုရားများအတွက် လုံခြုံရေးထပ်တိုးချရန် စီစဉ်နေ
၂။ အခေါက်ရွှေ ဝယ်သူများနေ
၃။ မိုးလေဝသ သတင်း
၄။ အိန္ဒိယတွင် ခေတ်ဆန်သည့် လိင်ကိစ္စအယူအဆအပြောင်းအလဲများဖြင့် ရှေးရိုးစွဲဝါဒတွေကို ရင်ဆိုင်စိန်ခေါ်လာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 2314 of 2454