#LocalNews
Published - 22 April 2022

 

မြန်မာပြည်သူတွေ ငြိမ်းချမ်းစေဖို့အတွက် အသစ်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဗီနေးကူးမားက ရွှေတိဂုံဘုရားမှာ ဆုတောင်းမှုတွေကို ပြုလုပ်ပေးခဲ့တယ်လို့ အိန္ဒိယသံရုံးက ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

 

သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားဟာ ဧပြီ ၂၁ ရက်နေ့မနက်မှာ ရွှေတိဂုံဘုရားကို သွားရောက်ပြီး ဆွမ်းကပ်လှူဒါန်းကာ မြန်မာပြည်သူတွေ ငြိမ်းချမ်းသာယာပြီး ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် ဆုတောင်းပေးခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအသစ် မစ္စတာ ဗီနေးကူးမားသည် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သူလည်းဖြစ်ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး

 

ymg/kg
#Yangon_Media_Group