#LocalNews
Published - 22 April 2022

 

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ အမှတ်(၂)ကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ စည်ပင်ဧည့်ရိပ်သာ အမှတ်(၂)ကို ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေး Quarantine Center အဖြစ် အသုံးပြုပြီး ပြန်လည်အပ်နှံခဲ့သည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)ရှိ အဆောင်များအား ပြန်လည်မွမ်းမံပြင်ဆင်ခြင်း၊ ချို့ယွင်းပျက်စီးနေသည့် ရေပိုက်များ၊ လျှပ်စစ်မီးလိုင်းများပြင်ဆင်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် သန့်ရှင်းရေးများကို ပြုလုပ် ဆောင်ရွက်ခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်းမှာပင် တည်းခိုမည့်ဧည့်သည်များ စတင် လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

နေပြည်တော်စည်ပင် ဧည့်ရိပ်သာ(၁)နှင့်(၂)ရှိ အခန်းများတွင် ခုတင်(၃)လုံးပါ ရိုးရိုးခန်း တစ်ခန်းလျှင် ငွေကျပ် ၁၂,၆၀ဝ ၊ အစိုးရဝန်ထမ်းဖြစ်ပါက ငွေကျပ် ၈,၄၀ဝိ ၊ Air Con ခန်း တစ်ခန်းလျှင် ငွေကျပ်၂၃,၁၀ဝိ၊ အစိုးရဝန်ထမ်းဖြစ်လျှင် ငွေကျပ် ၁၆,၈၀ဝိ ဖြင့် တည်းခိုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

နေပြည်တော်ရှိ ဧည့်ရိပ်သာ(၁)ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက ပြန်လည်ဖွင့်လှစ်ထားပြီး အများပြည်သူများ တည်းခိုလျက်ရှိကာ ဧည့်ရိပ်သာ(၂)ကိုလည်း ယခုရက်ပိုင်းအတွင်း ဖွင့်လှစ်နိုင်ဖို့ စီစဥ်နေတာဖြစ်တယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရပါတယ်။

 

ဓါတ်ပုံ - နေပြည် တော် စည်ပင်သာယာ ရေး ကော်မတီ

 

ymg/kg
#Yangon_Media_Group