#LocalNews
Published 17 June 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁၄၉)ဦး၊ အမျိုးသမီး(၄၀)ဦးစုစုပေါင်း(၁၈၉)ဦးကို ယနေ့နံနက်(၁၁)နာရီအချိန် မြန်မာတာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။

အဆိုပါ နေရပ်ပြန်များကို ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး စံလင်းဖြိုး Quarantine Centre တွင် (၄)ရက်ထားရှိကာ (၃)ရက်မြောက်နေ့တွင် ကိုဗစ် ၁၉ နှင့်ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက် ရှိ/မရှိ ကျန်းမာရေးစစ်ဆေးပြီးနောက် ရောဂါပိုးကင်းစင်သူများကို နေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။
ရွေ့ပြောင်းမြန်မာအလုပ်သမားများကို စံလင်းဖြိုး Quarantine Centre ၌ ထားရှိစဥ်အတွင်း ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းက အုပ်ချုပ်ရေးနှင့် လူမှုရေးကူညီစောင့်ရှောက်ပေးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/ys-tcl
#Yangon_Media_Group
#LocalNews
Published - 17 June 2022
ဧရာဝတီမြစ်ရေတိုးလာ၍ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်များရှိ မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်လာသောကြောင့် ဒေသခံများကို နေရာပြောင်းရွေ့ပေးနေရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်၊၊
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်များရှိ မြေနိမ့်ပိုင်းနေရာများတွင် နေထိုင်ကြသည့်လူနေအိမ်ခြံဝန်းများအတွင်းသို့ ရေများဝင်ရောက်လာခြင်းဖြစ်သည်၊၊
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ဇွန်လ(၁၇)ရက်တွင် မြစ်ရေကြီးခြင်းသတိပေးချက် အနေဖြင့် ဧရာဝတီမြစ်ရေသည်ကသာမြို့တွင် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်၊၊
ဒီ့အပြင် မြစ်ရေခန့်မှန်းချက်တွင် ဧရာဝတီမြစ်ရေသည် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊စစ်ကိုင်း၊ မြင်းမူ၊ မန္တလေး၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ သီပေါမြို့နယ်များတွင်လည်း မြစ်ရေတိုးမည်ဖြစ်ကြောင်း မိုး/ဇလက ဖော်ပြထားသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_17 June 2022
မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို ယနေ့ ဇွန်လ ၁၇ ရက်တွင် အဂတိအမှု ၅ မှုအတွက် ထောင်ဒဏ် ၂၁နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
အမှုအမှတ် ၆၊ ၇၊ ၈ အတွက် တစ်မှုစီ ထောင်ဒဏ် ၅ နှစ် ကျခံစေရန် ချမှတ်ကာ ကျန်နှစ်မှုကို ၃နှစ်စီချမှတ်လိုက်သောကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၁နှစ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင် ရင်ဆိုင်နေရသော အမှု ၉ မှုအထဲမှ သဘာဝဘေးပုဒ်မအမှု ၂ ခုအတွက် ထောင်ဒဏ် ၄နှစ်ကို ပြီးခဲ့သည့်၂၀၂၁ ဒီဇင်ဘာလ ၈ ရက်တွင် ချမှတ်ခဲ့သေးသည်။
ဇွန်လ ၁၄ရက်တွင် ယနေ့ ချမှတ်သော အဂတိအမှု ၅ မှုအတွက် အပြီးသတ် လျှောက်လဲချက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအမှု ၅ မှုတွင် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့် ပတ်သက်သည့်အမှုမှာ အမှုအမှတ်(၇)နှင့်(၈) ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 17 June 2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများထဲမှ နေရပ်ပြန်လိုသူများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး ဇွန်လ (၁၆) ရက်တွင် (၂၇၄) ဦး ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ ပြန်လည်လက်ခံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁) ရက်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြန်လည်ဝင်ရောက်လာသူများတွင် ပဲခူးတိုင်းဒသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသအသီးသီးတို့မှ အမျိုးသား (၁၈၃) ဦး၊ အမျိုးသမီး (၉၁) ဦး စုစုပေါင်း (၂၇၄) ဦးရှိကြောင်း သိရသည်။
အဆိုပါ ပြည်တော်ပြန် ရွှေ့ပြောင်းလုပ်သားများထဲမှ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့် သတ်စောင့်ကြည့်ရေး စခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ်အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးပြီးသက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 17 June 2022
၁။ မေရီချက်ပ်မင်း နားမကြားသောကလေးများ ကျောင်းတွင်ကျောင်းသား (၁၅၀) ဦးပြန်တက်မည်ဟု မျှော်မှန်းစောင့်ဆိုင်းနေ
၂။ တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းအပ်သူများသော်လည်း အမှန်တကယ် ကျောင်းတက်ရောက်သူ နည်းပါးနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကွန်ပျူတာဖြင့် ဖန်တီးထားသည့် အီဂျစ်ကချဲအော့ပ်စ်ပိရမစ် အစစ်ယောင်နေရာဆီသို့ ပဲရစ်မြို့ကနေ သွားရောက်လည်ပတ်နိုင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
#Published - 17 June 2022
+++++++++++++++++++++++++++++
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးမြို့ အ.ထ.က (၁၆) ချမ်းအေးသာစံမှ မအိမ့်မှုးခင်က မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘာသာစုံဂုဏ်ထူး အမှတ်အများဆုံးနှင့် ပထမရရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူ (၁၂) ဦး အနက် ပထမရရှိသည့် မအိမ့်မှုးခင်မှာ ခြောက်ဘာသာဂုဏ်ထူးဖြင့် အမှတ်ပေါင်း ၅၅၈ မှတ် ရရှိခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၈၁၇၅၁ ဦး ဖြေဆိုခဲ့ရာ ၁၃၂၀၇၇ ဦး အောင်မြင်ခဲ့ပြီး၂၀၂၂ ခုနှစ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိသောကြောင့် အောင်ချက်အကောင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်မှ ဝင်ရောက်ဖြေဆိုသူ ၁၁၂၁၂ ဦးရှိရာ ၆၄၁၄ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၂၁ ရှိသော ကြောင့် အောင်ချက်အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနမှ သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published_17 June 2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း ၆၂-၆၃ကြားရှိ KBZ ဘဏ်ခွဲ (၉)သို့ ယနေ့ ဇွန်လ ၁၇ ရက် နံနက်က သေနတ်သမားလေးဦး လာရောက်၍ ငွေကျပ် သိန်းလေးရာ ဓားပြတိုက်ယူသွားကြောင်း သိရသည်။
ဘဏ်အတွင်းသို့ လူနှစ်ဦး ဦးစွာဝင်လာကာ KBZ Pay ဖွင့်မည်ဟုပြောဆိုကြောင်း၊ အဆိုပါ နှစ်ဦးအပြင် အခြားနှစ်ဦးဝင်လာချိန် လေးဦးပေါင်း၍ အဆိုပါ ဓားပြတိုက်မှုကို ကျူးလွန်ကြခြင်း ဖြစ်ကြောင်းနှင့် ဘဏ်အတွင်းမှ ထွက်ခွာစဉ် အမဲရောင်အထုပ် တစ်ထုပ်ကို ကောင်တာပေါ်တင်ထားခဲ့ကြောင်း သိရသည်။
"မနက် ၁၀ နာရီ ခွဲဝန်းကျင်လောက်က KBZ Pay ဖွင့်ဖိုဆိုပြီး ဝင်လာတာ၊ သေနတ်ပြပြီးတော့ ဘယ်သူမှ မလှုပ်နဲ့ဆိုပြီး ပိုက်ဆံတွေကို ယူသွားတာလို ကျွန်တော်တို့ ကနဦး စစ်ဆေးချက်အရ သိရတယ်၊ သူတို့အထုပ်တစ်ခု တင်ခဲ့တာကလည်း ဗုံးလိုလိုပေါ့။ ဒါပေမဲ့ ဗုံးမဟုတ်ဘူး၊ အခု လုံခြုံရေးဆောင်ရွက်နေကြတယ်"ဟု လုံခြုံရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။
ယခုအခါ အဆိုပါ ဓားပြတိုက်မှုတွင် ပါဝင်သူများအား ဖမ်းဆီးရမိစေရေးအတွက် သက်ဆိုင်ရာက အပူတပြင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 2012 of 2271