#LocalNews
Published _ 17 June 2022
တိရစ္ဆာန်ရောဂါများ၏ အဓိပ္ပာယ်ကို တိတိကျကျ စစ်ဆေးနိုင်မည့် အဆင့်မြင့်တိရစ္ဆာန်ရောဂါ ဓာတ်ခွဲခန်းစီမံကိန်းကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဓာတ်ခွဲခန်းစီမံကိန်းကို တရုတ်ယွမ်ငွေ ၃၁ ဒသမ ၃၁၂၄ သန်းဖြင့် နေပြည်တော်၊ တပ်ကုန်းမြို့တွင် လာမည့် ၂၀၂၃ ခုနှစ်၌ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာရဲထွန်းက ပြောသည်။
"စီမံကိန်းက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲက စတင်ဖို့လုပ်ဆောင်နေတာပါ။ အခုကတော့ လက်တွေ့အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ သဘောတူစာချုပ်လဲ ထိုးထားပြီးပါပြီ။ တရုတ်နိုင်ငံ ကနေ ယွမ် ၃၁ ဒသမ ၃၁၂၄ သန်းခန့် အကုန်အကျခံပြီး တည်ဆောက်ပေးသွားမှာပါ။ ပြီးတော့ သူတိုနိုင်ငံက ကျွမ်းကျင်ပညာရှင်တွေက လာရောက်ပြီး ဒီက ပညာရှင်တွေနဲ့ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဓာတ်ခွဲခန်းကို ဇီဝလုံခြုံမှုအဆင့် ၃ သတ်မှတ်ဆောက်လုပ်မှာဖြစ်တယ်။ ဇီဝအဆင့် ၃ ဓာတ်ခွဲခန်းက မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ပြောလို့ရပါတယ်၊ နောက်ပြီးအိမ်နီးချင်းနိုင်ငံတွေမှာတောင် ဒါမျိုးဆောက်လုပ်ထားတာ မတွေ့ရသေးပါဘူး။ ကျွန်တော်တို့နိုင်ငံမှာလည်း အခုလက်ရှိ အဆင့်မြင့်ဓာတ်ခွဲခန်းက ၃ခု ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးတွေမှာ ရှိနေတာပါ။ အခုတည်ဆောက်မဲ့ဓာတ်ခွဲခန်းက အဲ့၃ ခု ထက်ပိုပြီးအဆင့်မြင့်ပါတယ်။ မကြာခင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဒီကိုရောက်တာနဲ့ စတင်အကောင် အထည်ဖော်မှာဖြစ်ပြီး ကျွန်တော်တို့ဘက်က မြေနေရာပတ်ဝန်းကျင်ရှင်းလင်းရေးတွေ၊ လမ်းဖောက်ပေးတာတွေနဲ့ ခြံစည်းရိုးခတ်ပေးတာတွေကို တာဝန်ယူလုပ်ဆောင်ပေးမှာပါ" ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာရဲထွန်းက ပြောသည်။
အဆင့်မြင့် ဓာတ်ခွဲခန်းကို လာမည့် ၂၀၂၃ ခုနှစ်တွင် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး နေပြည်တော်၊ တပ်ကုန်းမြို့အတွင်း မြေဧက (၅၀)ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းဌာနမှသိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 17 June 2022
တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ တက်ရောက်ဆွေးနွေးမည့် ခေါင်းဆောင်များ၏ အမည်စာရင်းကို ဇွန်လ ၃၀ ရက် နောက်ဆုံးထားပေးပို့ရန် ဖိတ်ခေါ်ထားကြောင်း နစက သတင်းပြန်ကြားရေးခေါင်းဆောင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဇွန်လ ၁၆ရက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းမှပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဖိတ်ခေါ်မှုအပေါ် တက်ရောက်ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးက ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌကိုယ်စားအဆုံးအဖြတ်ပေးနိုင်မယ့် ခေါင်းဆောင်နဲ့ အဖွဲ့ဝင် (၂)ဦးရဲ့ အမည်စာရင်းကို ဒီလ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးဖို့ ကမ်းလှမ်းထားပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယင်းအပြင် ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ဖိတ်ခေါ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ကမ်းလှမ်းချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ တက်ရောက်ဆွေးနွေးရန် သဘောတူထားပြီး လက်ရှိအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA -PC)၊ "ဝ"ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-မိုင်းလားအဖွဲ့)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။
ဆွေးနွေးရန် ကျန်ရှိနေသည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ပါဝင်ဆွေးနွေးကြရန် နစက ဥက္ကဋ္ဌမှ ထပ်မံဖိတ်ခေါ်ထားသည်။
နစက ဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် ဇွန်လ ၁၆ ရက်တွင် နေပြည်တော်၌ ဆွေးနွေးလျှက်ရှိကြောင်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ymg/ NN
#Yangon_Media_Group
#LocalNews
Published _17 June 2022
၂၀၂၂ ခုနှစ် စာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဦးရေ ၁၃၀၀၀၀ ကျော်ရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား၊ကျောင်းသူ ၂၈၀၀၀၀ ကျော်ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းကို ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယနေ့ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများ၌ အောင်စာရင်းကပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းအပြင် ဝေးလံသည့်ဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံရေဒီယိုအစီအစဉ်မှတဆင့် အောင်စာရင်းကြေညာပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းအား သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများ၌ ကပ်ထားသည့်အပြင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သည့် www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published 17 June 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့အမှတ်( ၁၈၅/က)၊ဗိုလ်ချုပ်လမ်း၊ ဝိန်းကျောက်ရပ်ကွက်၊ ပါဆတ်ရပ်တွင် A bank ဒုတိယဥက္ကဌ ဦးအာယုမှ ဦးဆောင်၍ တာချီလိတ်ဘဏ်ခွဲ (Tachileik Branch) အား ယမန်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။
A bank customer များအနေနှင့် ဘဏ်ခွဲတွင် ချက်ချင်းအကောင့် စတင်ဖွင့်လှစ်နိုင်ပြီး ဘဏ်ဝန်ဆောင်မှုနှင့်ပက်သက်ပြီး သိလိုသည်များကိုလည်း messenger မှ မေးမြန်းနိုင်ကြောင်းနှင့် ယုံကြည်စိတ်ချရသော ဘဏ်ဝန်ဆောင်မှုများကို လွယ်ကူစွာရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံတဝှမ်း A bank ဘဏ်ခွဲများ အရှိန်အဟုန်ဖြင့် တိုးချဲ့ဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့အထိ ဘဏ်ခွဲပေါင်း (၃၃)ခုကို ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရှိရပါတယ်။

၄င်းပြင် A bank၏ A Plus E wallet Applicationကို တက်ရောက်လာသူများအား ငွေလွှဲ ငွေသွင်း ငွေထုတ် လျင်မြန်စွာပြုလုပ်နိုင်ရန် မိတ်ဆက်ပေးခဲ့ပြီး A Bank ၌ နယ်စပ်ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုလွယ်ကူလျင်မြန်စေရန်အတွက် ထိုင်းဘတ်ငွေဖြင့် ကုမ္ပဏီစာရင်းရှင် စာရင်းဖွင့်လှစ်နိုင်ပြီး နယ်စပ်ကုန်သွယ်မှု (Border Trade) လုပ်ငန်းဆောင်ရွက်ရာတွင် ငွေလွှဲလက်ခံရရှိမှု (INWARD TT) နှင့် ငွေလွှဲပေးပို့မှု (OUTWARD TT) တို့ကိုဆောင်ရွက်နိုင်ခြင်း၊ Import Letter of Credit ဖွင့်လှစ်နိုင်ခြင်း၊ Export Letter of Credit ရရှိပါက အကြောင်းကြားပေးခြင်း၊ Documentary Collection ဆောင်ရွက်ပေးခြင်း၊ A bank ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်း (Foreign Currency Account) များကို ဖွင့်လှစ်နိုင်ပြီး နိုင်ငံတကာ ငွေလွှဲပေးပိုမှု/ ငွေလွှဲလက်ခံရရှိမှုနှင့် သက်ဆိုင်သည့်ဝန်ဆောင်မှုများကို ဖော်ပြပါဘဏ်ခွဲများတွင် သက်ဆိုင်ရာစာရွက်စာတမ်းများတင်ပြ၍ ဆောင်ရွက်မှုများကိုပြုလုပ်နိုင်ကြောင်း သိရှိရပါတယ်။
တာချီလိတ်ဘဏ်ခွဲ A Bank ဖွင့် လှစ်ရာသို့ စီးပွားရေးလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် Customer များတက်ရောက်ခဲ့ကြပြီး အကောက်သစ်ဖွင့်လှစ်သူ(၁၀၀)ဦးနီးပါးရှိကြောင်းသိရှိရပါတယ်။
ymg/ys-tcl
#Yangon_Media_Group
Published 16 June 2022
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund- UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Marcoluigi Corsi က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မစ္စတာကော်ဆီဟာ ယူနီဆက်အဖွဲ့ကို ၁၉၉၇ခုနှစ်က လက်ထောက်ပရိုဂရမ်အရာရှိအဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်မှာ သူဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တာ်အခြေစိုက်တဲ့ ဆိုမာလီယားအထောက်အပံ့ပေးရေးစင်တာကို ပြောင်းရွှေ့ အမှုထမ်းခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ ယူနီဆက်ရဲ့ Eritrea အီရီထရီးယားနိုင်ငံ ဒုတိယဌာနေကိုယ်စားလှယ်အဖြစ် လည်းကောင်း၊၂၀၀၅မှ ၂၀၀၈ခုနှစ်အထိ ယူနီဆက်ရဲ့ စီမံကိန်း၊စောင့်ကြည့်လေ့လာရေး၊အကဲဖြတ်ရေးနှင့် အရင်းအမြစ် ရွှေ့ပြောင်းရးဆိုင်ရာ အကြီးတန်းပရိုဂရမ်ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၂၀၀၈မှ ၂၀၁၁ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံရဲ့ ယူနီဆက်ဒုတိယဌာနေကိုယ်စားလှယ်နှင့် အဲဒီနောက် ဘိုလစ်ဗီးယားနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဖြစ် ပြောင်းရွေ့ခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာ မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ အဲဒီနောက် ယူနီဆက် အရှေ့အာရှနှင့်ပစိဖိတ်ရုံး ဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ ကြောင်း ယူနီဆက်သတင်းအရင်အမြစ်အရသိရပါတယ်။သူဟာ နိုင်ငံတကာ နို်ငံရေးသိပ္ပံမဟာဘွဲ့ရရှိထားတဲ့ အီတလီ လူမျိုးတစ်ဦးဖြစ်ပါတယ်။
Ymg/nl/
Published_ 16 June 2022
ငြိမ်းချမ်းရေးဆွေးနွေးဖို့နေပြည်တော်ကိုရောက်ရှိနေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ (၁) ခွန်ထွန်းတင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ဇွန် ၁၆ ရက်မှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ စတင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ယခုထက်ထိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၇)ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနေတာဖြစ်ပါတယ်။ ဆွေးနွေးပွဲတက်ရောက်ဖို့ အကြောင်းပြန်ထားတဲ့အဖွဲ့တွေထဲက ကျန်ရှိတဲ့ အဖွဲ့အစည်းတွေနှင့်လည်းဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ကျန်အဖွဲ့တွေကိုလည်း တက်ရောက်ဖို့ထပ်မံဖိတ်ခေါ်ထားတယ်လို့ နစက,က သတင်းထုတ်ပြန်ထားပါတယ်။
ymg/nl/





#LocalNews
Published _ 16 June 2022
ဒလမြို့နယ် ရန်ကုန်-ဒလ တံတားစီမံကိန်းနယ်မြေအနီးမှာရှိတဲ့ အိမ်၊ခြံ၊မြေတွေ ဈေးဆက်လက်မြင့်တက်သွားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 2014 of 2271