#Local_News
Published-21 Setember 2022

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလာခဲ့ပြီး ၆ ရက်အကြာတွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

စက်တင်ဘာလ ၂၀ ရက်နေ့တွင်92 တစ်လီတာ ၂၁၇၀ ကျပ်၊ 95 တစ်လီတာ ၂၂၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၆၇၀ ကျပ်ဖြစ်ပြီး ယနေ့တွင် 92 တစ်လီတာ ၂၂၉၀ ကျပ်၊ 95 တစ်လီတာ ၂၃၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၇၄၅ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၈၃၀ ကျပ်အထိမြင့်တက်ခဲ့ကြောင်း သိရသည်။

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ စက်တင်ဘာလ ၁၅ ရက်မှစတင်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ရှရှားနိုင်ငံမှ မှာယူထားသည့် စက်သုံးဆီသင်္ဘောများသည် မကြာမီရက်ပိုင်းအတွင်း ရန်ကုန်သို့ရောက်ရှိမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

 

ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်ခြင်းမရှိအောင် စီမံဆောင်ရွက်ပေးထားကြောင်းသိရသည်။

 

ယင်းအပြင် စက်သုံးဆီဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုကို သက်သာစေရန် ဗဟိုဘဏ်မှ ဈေးကွက်ထဲတွင် ကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။

 

ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

#Ymg/STH
#Yangon_Media_Group