#Local_News
Published 25 Sept 2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်-မန္တလေးသွားကားလမ်း အောင်ချမ်းသာကျေးရွာအနီးတွင် မိုးကုတ်မှ ပြင်ဦးလွင်ဘက်သို့ ထွန်းနိုင်ဦး(ခ)ထွန်းနိုင် မောင်းနှင်ပြီး လှမြင့်လိုက်ပါလာသည့် Canter ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဖမ်းမိသူကို စစ်ဆေးချက်အရ မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွာတွင် ဘိန်းဖြူများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မခင်အေးဝိုင်း (ခ)ခင်ဝိုင်းအား ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိသူများထံမှ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူတွေကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရတဲ့အတွက် ထိုနှစ်ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Ymg/knl-
#Yangon_Media_Group
#Local_News
Published 25 Sept 2022
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုများပြုလုပ်ကြဖို့ အိန္ဒိယနိုင်ငံပဲမျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံက ဖိတ်ခေါ်ခဲ့ကြောင်းသိရပါတယ်။
အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့တဲ့ မြန်မာ နစက၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က စက်တင်ဘာ ၂၁ ရက်တွင် အိန္ဒိယနိုင်ငံ ပဲမျိုးစုံအသင်း India Pulses and Grains Association (IPGA) ၊ Overseas Agro Traders Association(OATA) နှင့် မွန်ဘိုင်းမြို့ Sofitel Hotel တွင် တွေ့ဆုံဆွေးနွေးရာတွင် ယခုလိုဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံ ပဲမျိုးစုံအသင်း India Pulses and Grains Association (IPGA) ၊ Overseas Agro Traders Association(OATA) နှင့်အတူ မြန်မာနိုင်ငံ ပဲ၊ ပြောင်းနှင့် နှမ်းအသင်းတို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီး (IPGA) ဥက္ကဌ Mr.Bimbal Kothari ၊ (OATA) ဥက္ကဌ Mr.Shyam Narsaria နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တက်ရောက်လာသူတွေက မြန်မာအိန္ဒိယ နှစ်နိုင်ငံအကြား ပဲမျိုးစုံ ကူးသန်းရောင်းဝယ်မှု အခြေအနေနှင့် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်၊ ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးရန် အခြေအနေများ၊ ပြောင်း၊ နှမ်းနှင့် ဆီထွက်သီးနှံများ ကုန်သွယ်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်သူများနှင့် စားသုံးသူများအတွက် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် အိန္ဒိယနိုင်ငံ၏ စားသုံးသူရေးရာ၊ အစားအစာနှင့် ဖြန့်ချိရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံ တင်ပို့မှုဆိုင်ရာ ကိုဒါသဘောတူစာချုပ်ကို ၂၀၂၆ ခုနှစ်အထိ လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီစာချုပ်ထဲမှာ ပဲတီစိမ်းသီးနှံကိုလည်း ထည့်သွင်းရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ် ပဲထုတ်လုပ်တင်ပို့မှုအနေဖြင့် ယခုတင်ပို့လျက်ရှိသော ပဲမျိုးများအပြင် ပဲနီလေး၊ ပဲဝါလေး၊ ပဲရာဇာ၊ မြေထောက်ပဲများကိုလည်း တိုးမြှင့်ထုတ်လုပ်တင်ပို့သွားရန် လိုအပ်နေတယ်လို့ ဦးတင်ထွဋ်ဦးကပြောပါတယ်။
လက်ရှိအခြေအနေတွင် သွင်းအားစု ဓာတ်မြေဩဇာနှင့် စက်သုံးဆီများ ဈေးနှုန်းကြီးမြင့်မှုကြောင့်၊ ထုတ်လုပ်မှုစရိတ် မြင့်တက်နေသည့်အပြင် သယ်ယူပို့ဆောင်မှုစရိတ် မြင့်တက်မှုကြောင့် သီးနှံ ဈေးနှုန်းတွေ မြင့်တက်နိုင်တယ်လို့ ဝန်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။အဲဒါကြောင့် သယ်ယူပို့ဆောင်မှုကုန်ကျစရိတ် လျှော့ချနိုင်ရန် မြန်မာနှင့် အိန္ဒိယနိုင်ငံကြား Coastal Liner ကမ်းရိုးတန်းရေကြောင်းပို့ဆောင်ရေးစနစ်ဖြင့် တိုက်ရိုက်တင်ပို့နိုင်ပါက စားသုံးသူများအတွက် ဈေးနှုန်းသက်သာစေနိုင်တဲ့အတွက် အဆိုပါလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြစေလိုကြောင်းနှင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများတွင်သာမက သယ်ယူရေး ပို့ဆောင်ရေးတန်ဘိုးမြှင့် ထုတ်ကုန်လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံကြစေလိုတယ်လို့လည်း ဦးတင်ထွဋ်ဦးက ဆက်လက်တိုက်တွန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအပြင် အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်ပိုင် မျိုးစေ့ကော်ပိုရေးရှင်း National Seed Corporation (NSC) နှင့် ဆက်စပ်ဆောင်ရွက်နေတဲ့ ICAR-Indian Agricultural Research Institute သို့ သွားရောက်ပြီး မြန်မာနိုင်ငံနှင့်သင့်တော်သော သက်တမ်းအလိုက် သီးပွင့်၍ သက်တမ်းတိုသော ပဲစင်းငုံမျိုးများနှင့် ရောဂါဒဏ်ခံနိုင်ပြီး အထွက်နှုန်းမြင့်မားသော ပဲတီစိမ်းမျိုးများ၊ အလုံးအရွယ်ကြီး၍ အဖြူရောင်ရှိသော ကုလားပဲမျိုးများ ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
ဝန်ကြီး ဦးတင်ထွဋ်ဦးဟာ Mahyco မျိုးစေ့ထုတ်ကုမ္ပဏီ၊ Safal ကုမ္ပဏီနှင့် Metahelix ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံပြီး ဝါသီးနှံနှင့် ဆီထွက်နေကြာသီးနှံမျိုးစေ့များ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချနိုင်ရေး၊ စမ်းသပ်သုတေသန လုပ်ငန်းများဆောင်ရွက်ရေး၊ မြန်မာအိန္ဒိယနှစ်နိုင်ငံ၏ မျိုးစေ့ထုတ်ကုမ္ပဏီများ ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်နိုင်ရေးဆိုင်ရာများကိုလည်းကောင်း၊ DVC ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဆီသန့်စက်ရုံတည်ဆောက်ရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီး မြုပ်နှံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
Source: SAC’s Information
#Myanmar_India
#Myanmar_ Agriculture
#Tin_Htut_Oo
#Yangon_Media_Group




#LocalNews
Published _24 September 2022
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ရွှေဆွဲကြိုးလုယက်ကာ ၊လူသတ်ခဲ့သူ အမျိုးသားကို စက်တင်ဘာ ၂၃ ရက်က သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ပုသိမ်မြို့၌ နေအိမ်အတွင်းဝင်ရောက်ကာ ရွှေဆွဲကြိုးလုယက်ကာ လူကိုပါသတ်ခဲ့သူဟု ယူဆရသူ အောင်ဇော်ရဲ(ခ)ဇင်ဖြိုးအောင်ကို ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၂၀(၁)(ဂ) များဖြင့် သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။
ရွှေဆွဲကြိုးလုယက်ခံရပြီး အသတ်ခံခဲ့ရသူမှာ ဒေါ်ဌေးဌေး(ခ)ဒေါ်ဌေးကြည်ဆိုသူဖြစ်ပြီး ဦးခေါင်းရိုက်နှက်ခံရဒဏ်ရာဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်၊အခင်းဖြစ်ပြီး သုံးရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 24 september 2022
အခါကြီးရက်ကြီးတွေနဲ့ သီတင်းကျွတ်ပိတ်ရက်တွေရှိနေပေမယ့် ခရီးသွားလာရေးလုပ်ငန်းတွေကတော့ ပုံမှန်အတိုင်းလည်ပတ်လျှက်ရှိနေပြီး ပိတ်ရက်တွေကြောင့် ထူးထူးခြားခြားအရောင်းသွက်တာမျိုးတွေ မရှိသေးဘူးလို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 24 September 2022
ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံတွေမှာ ကိုဗစ်လူနာတွေအတွက် isolation Wards နဲ့ ကုတင်တွေပြင်ဆင်ထားပြီး လူနာဦးရေ(၁၅၀၀)စာ လောက်ကြိုတင်ပြင်ဆင်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာထွန်းမင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 24 Sep 2022
- ယခင်ကိုဗစ် လှိုင်းတွေနှင့် ယခုကူးစက်မှုတွေ ဘာကွားခြားပါသလဲ။ ထိခိုက်မှုအနည်းဆုံး ဘယ်လိုကျော်လွှားဖြတ်သန်းကြမလဲ??
#Yangon_Media_Group
#Local_News
Published-24 Setember 2022
ရန်ကုန်မြို့ပတ်ရထားစီးနင်းတဲ့ ခရီးသည်ဦးရေဟာ ရာခိုင်နှုန်းအားဖြင့်နည်းနေတဲ့အတွက် အစုန်၊ အဆန် ၇ စင်းသာ ပြေးဆွဲပေးနေရတယ်လို့ ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောပါတယ်။
#Yangon_Media_Group
Page 1875 of 2358