#TV Yangon Times Matters အစီအစဉ်
Published - 11 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကိုဝင်းလှိုင်(BIT Director)နှင့်အတူ
-"စာအုပ် Delivery Service ဆိုတာက ထုတ်ဝေသူနဲ့ စာအုပ်ဝယ်ယူသူကြားပေါင်းစည်းပေးရတာဖြစ်ကြောင်း
-သိုင်းဝတ္ထုကို လူငယ်တော်တော်များများကဖတ်ကြပြီး"ဆန်းသစ်စိတ်ကူးယဉ်အရှေ့တိုင်းဘာသာပြန်စာပေ"ဆိုပြီး နာမည်ပေးထားကြောင်း
-ကိုအကြည်တော်ရဲ့ Poem Music အခွေထွက်ဖို့ စီစဉ်ပေးဖြစ်ခဲ့ပြီး နောက်ဆုံးအမှတ်တရတစ်ခုအဖြစ် ကျန်ရစ်ခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_11 December 2022
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရှစ်လကျော်ကာလအတွင်းမှာ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၂၀ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 11 december 2022
၂၀၂၃ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ့် Asean Tourism Forum( အာဆီယံခရီးသွားပြပွဲ) မှာ မြန်မာနိုင်ငံက ခရီးသွားကုမ္ပဏီ ခြောက်ခုပါ၀င်ပြသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_11 December 2022
တေးရေးတေးဆို သျှန်ထွဏ်း ( မြန်မာစာ)နှင့် ၎င်း၏ ညီမဖြစ်သူတို့ ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။
သျှန်ထွဏ်း ( မြန်မာစာ)နှင့် ညီမ၊ဇတ်မင်းသား ဖိုးချစ်(ပန်တျာ)နှင့် သူ၏တပည့်ဖြစ်သူတို့အား ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်က ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း၊သျှန်ထွဏ်း ( မြန်မာစာ)နှင့် ညီမဖြစ်သူအား နေပြည်တော် အမြန်လမ်းတစ်နေရာနှင့် ဖိုးချစ်နှင့်တပည့်တို့ကို သူပိုင်ဆိုင်သည့် မင်္ဂလာဒုံရှိအနုပညာခြံတွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သျှန်ထွဏ်းတို့မောင်နှမက မနေ့က(ဒီဇင်ဘာလ ၁၀ ရက်)မှာ လွတ်လာတာ၊ဖိုးချစ်နဲ့ သူ့တပည့်က မလွတ်သေးဘူး။စစ်နေတုန်းလို့ သိရတယ်။ဘာလို့ထိန်းသိမ်းလဲဆိုတာတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူးခင်ဗျ"ဟု အနုပညာလောကနှင့် နီဒစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ နစက သတင်းပြန်ကြားရေးတာဝန်ရှိသူများအား YMG အနေဖြင့် ဆက်သွယ် မေးမြန်း၍ မရနိုင်သေးပေ။
ymg/mt
#Yangon_Media_Group
#Local_News
Published 11 Dec 2022
မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် အသိပညာပေးမှုကို မြှင့်တင်ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဗိုလ်ချူပ်မှူးကြီးက အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
Òလူ့အခွင့်အရေးကို လက်ခံရယူကျင့်သုံးကြတဲ့အခါမှာလည်း လူ့အဖွဲ့အစည်းအတွက် တရားမျှတသည့် လိုအပ်ချက်တွေဖြစ်တဲ့ ကိုယ်ကျင့်တရားများ၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးရမည်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း၌ အထင်အရှားဖော်ပြပါရှိပြီးဖြစ်ပါတယ်။ အဲဒါကြောင့် လူ့အခွင့်အရေးကို ကျင့်သုံးကြ ရာမှာ မိမိတို့၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ရယူသကဲ့သို့ သူတစ်ပါး၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားပြီး လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များကိုလည်း လစ်လျူမရှုကြရန်၊ မပျက်ကွက်ကြဖို့လိုပါတယ်Ó လို့လည်း နစက ဥက္ကဋ္ဌက ပြောပါတယ်။
နိုင်ငံသူနိုင်ငံသားများ အခြေခံအခွင့်အရေးများကို ခံစားရရှိပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရေးကအဓိကကျတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကို ဖိတ်ခေါ်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အလေးပေးဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုတွေကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္နာမွှန်းက ကုသလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Message ကို ဖတ်ကြားခဲ့ပါတယ်။
အခမ်းအနားသို့ နစကအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊တပ်မတော်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဆုရကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl
#Yangon_Media_Group.



#LocalNews
Published_11 December 2022
ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်သို့ ဆက်သွယ်သည့် ဂွချောင်းတံတားကို ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
ယင်းတံတားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဖွင့်လှစ်သွားရန်စီစဉ်နေကြောင်း အဆိုပါ ဝန်ကြီးဌာန၏ မှတ်တမ်းအရ သိရသည်။
ဂွချောင်းတံတားသည် ရခိုင်ပြည်နယ်၊ ဂွမြို့နှင့်မကျေးငူရွာကို ဆက်သွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့အထိအကောင်အထည်ဖော် ဆောင်ရွက်နေသော ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးပင်-ကျောက်ချွန်-ဂွမြို့ ကမ်းခြေပတ် လမ်းတစ်လျှောက်တွင် အရေးပါသည့် တံတားတစ်စင်းလည်း ဖြစ်သည်။
တံတား အရှည်မှာ ၁၃၉၈ ပေ ၉ လက်မရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်း အကျယ်တစ်ဖက်လျှင် ၃ ပေ ၆ လက်မပါဝင်၍ ရေလမ်း ကင်းလွတ် အမြင့် ပေ ၂၀ နှင့် ရေလမ်းကင်းလွတ် အကျယ်သည် ၈၅ ပေရှိကြောင်း၊တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးလျှင် ၇၅ တန် ဖြစ်ပြီး P.C Grider , R.C Grider သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ အောက်ထည်မှာ သံကူကွန်ကရစ်ကြမ်းခင်းနှင့် တံတားအုတ်မြစ်သည် သံကူ ကွန်ကရစ်ဘိုးပိုင် အမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ တံတားတစ်စင်းလုံး ချဉ်းကပ်လမ်း အပါအဝင် ကုန်ကျငွေမှာ မြန်မာငွေကျပ်သန်းပေါင်း ၈၉၈၀ ဖြစ်ကြောင်း၊လတ်တလောတွင် တံတားပြီးစီးနေပြီ ဖြစ်၍ ဖွင့်ပွဲ မပြုလုပ်မီ အများပြည်သူသွားလာရေး အဆင်ပြေ ချောမွေ့စေရန်နှင့် အရေးပေါ်ကဏ္ဍတို့တွင် အသုံးပြုနိုင်ရန် အတွက် ၃ တန်အောက် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုထားကြောင်းလည်း သိရသည်။
Photo-MOC
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 11 December 2022
တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ယာအနီး မီးလောင်မှု့ဖြစ်ပွားရာတွင်ကူညီပေးသည့် ပလုံကောက်သည့်လူငယ်တစ်ဦး တံခါးညှပ်၍လက်ခလယ်ပြတ်သွားသဖြင့်စံပြဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းမေတ္တာအလင်းလူမူကူညီရေးအသင်းမှသိရသည်၊၊
အဆောက်အဦး၏ အတွင်းမှ လူများပိတ်မိနေ၍ ပြည်သူအမျိုးသား လူငယ်လေးအား သွားရောက်၍ ကူညီရာတွင် တံခါးနှင့်လက်ညပ်၍ လက်ခလယ်ပျက်ထွက် လူနာအမျိုးသားလေးအား မေတ္တာအလင်းလူမူကူညီရေးအသင်း မှ စံပြဆေးရုံကြီးသို့ (အခမဲ့)သွားရောက်ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
မေတ္တာအလင်းလူမူကူညီရေးအသင်း မှပရဟိတသမားတစ်ဦးကလည်း အဲဒီဖြစ်စဥ်နှင့်ပတ်သက်၍
"လူသာဆင်းရဲရင်ဆင်းရဲမယ်...စိတ်ဓါတ်လေးကိုတော့မချီးကျူးပဲ မနေနိုင်ဘူး...တံတားအောက်မှာအိပ်..မနက်ဆိုပလုံကောက်.. ဘဝပေးအခြေအနေကြောင့်ဆင်းရဲပေမယ့် တာမွေ ဦးချစ်မောင်အိမ်ယာမီးလောင်မှု့ဖြစ်စဥ် မှာပြည်သူတစ်ယောက်အနေနဲ့... ဝိုင်းဝန်းချင်တဲ့စိတ်ကလေး..အထဲမှမီးခိုးမွှန်ပြီး မှန်ခွဲ၍ခုန်ဆင်းလာသောသူအား..တွေ့ပြီး..ကူညီချင်တဲ့စိတ်နဲ့ သွားရောက်ကူညီရာတွင် လက်ခလယ်လေးပျက် သွားသဖြင့် အပြုံးမပျက်ပဲ.."ရတယ်မကြီးသားမကြောက်တက်ဘူး..သားလက်ကလေးပျောက်ရင်ရပြီ"ဆိုပြီးတဖွဖွပြောနေရှာတဲ့ လူငယ်လေး....."ဟု သူ၏လူမှုကွန်ရက်ပေါ်တွင်ရေးသားဖော်ပြထားပြီး အခြား လူမှုကွန်ရက်သုံးစွဲသူများကလည်း ချီးကျူးဖော်ပြထားကြသည်၊၊
ဒီဇင်ဘာလ၉ရက်၊နေ့လယ် ၂ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ်ကွက်၊ ဦးချစ်မောင်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ၂ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group

Page 1805 of 2451