#LocalNews
Published _ 6 June 2022
အကယ်ဒမီမီးလင်းရွှေစျေး တစ်ကျပ်သားလျှင် ကျပ်သိန်းနှစ်ဆယ် ၄သောင်းကျော်ဝန်းကျင်ဖြင့် ပြီးခဲ့တဲ့ မေလ ၂၆ရက် မှ ယနေ့ ဇွန်လ ၆ရက်အထိ ဆယ်ရက်အတွင်း တည်ငြိမ်နေပြီး ကျောင်းဖွင့်ရာသီနှင့် ရွှေတွင်းများဖွင့်သောရာသီဖြစ်သည့်အတွက် ပြည်တွင်းရွှေစျေးကွက်နှင့် ကမ္ဘာ့ရွှေစျေးကွက်မှာအေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
#Yangon_Media_Group
#LocalNews
Published -6 June 2022
မကြာမီလပိုင်းအတွင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားတဲ့မြောက်ဦးဒေသကို နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (ICOMOS)အဖွဲ့က လာရောက်စစ်ဆေးဖို့ရှိတဲ့အတွက် မြောက်ဦးဒေသခံတွေကို အသိပညာပေးတာတွေဆောင်ရွက်နေတယ်လို့ Myauk Oo Heritage Trust အဖွဲ့က ဒေါ်ခင်သန်းကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_6 June 2022
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းနှင့် သစ်ပင်ကိုဝင်တိုက်၍ ယာဉ်ထပ်ပိုင်းပြတ်သွား၊ ယာဉ်မောင်းသေဆုံးသွားကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့က သိရသည်။
ယင်းအခင်းဖြစ်နေရာမှာ မိုင်တိုင်အမှတ်(၁၄၇/ဝ)ဖာလုံတွင် ဖြစ်ပြီး ယနေ့ ဇွန်လ ၆ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်အချိန် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော MARK ll အမျိုးအစား (အဖြူရောင်)ယာဉ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထမ်းပင်တို့ကို ဝင်ရောက်တိုက်မိကာယာဉ်မှာ ထပ်ပိုင်းပြတ်ကာရပ်တန့်သွားကြောင်း သိရသည်။
ယင်းကြောင့် ဗာဓိကုန်းအမြန်လမ်းမီးသတ်စခန်းမီးသတ်တပ်ဖွဲ့ဝင် ငါးဦးက ဇီးပင်သာအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးကို တပ်ဖွဲ့ပိုင်ယာဉ်ဖြင့်၊ တောင်ငူပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_6 June 2022
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ကုန်ဘောင်(၁)စံပြကျေးရွာရဲ့ အမျိုးအဆွေရွာလည်ပွဲတော်ကို ဇွန်လ ၄ ရက်နေ့ကနေ ၅ ရက်နေ့ထိ ပြုလုပ်ခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published_6 June 2022
တေးရေးဆရာကြီး နန်းတော်ရှေ့ဆရာတင်၏ သား အသက် ၁၀၀ နှစ် အရွယ် ဇာတ်မင်းသားကြီး စည်သူ(ဦး)ရွှေနန်းတင် ယနေ့ ဇွန်လ ၆ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ကွယ်လွန်သွားကြောင်း မိသားစုဝင်များကပြောသည်။
ရွှေနန်းတင်မှာ နန်းတော်ရှေ့ဆရာတင်နှင့် ဒေါ်တင်(မင်းသမီး ပေါ်လင်တင်)တို့၏သားဖြစ်ပြီး နန်းခင်အေး၊ နန်းဝင်း၊ နန်းခင်မွှေး၏ ဖခင်ဖြစ်လည်းဖြစ်ကြောင်း သိရသည်။
ယင်း၏ အသုဘဈာပနကျင်းပမည့်ရက်ကို ထပ်မံထုတ်ပြန်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 6 June 2022
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဥ်မောင်းများ စည်းကမ်းမဲ့ယာဥ်မောင်းနှင်သည့်အပြင် ယာဥ်တိုက်မှု၊ ယာဥ်တိမ်းမှောက်မှုဖြစ်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း YRTC မှသိရသည်။
YRTC မှ မိုးရာသီကာလတွင် ယာဥ်မောင်းသူများလိုက်နာရမည့်အချက်ကို အသိပေးထုတ်ပြန်ခဲ့ပြီး YBS ယာဥ်လိုင်းကုမ္ပဏီများကိုလည်း အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။
YBS ကုမ္ပဏီများအနေဖြင့် မိမိတို့စီမံမှုအောက်ရှိ ခရီးသည်တင်ယာဥ်လိုင်းများမှ ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ မောင်းနှင်ရန်နှင့် ယာဥ်တိုက်မှု၊ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ YBS ယာဥ်လိုင်းပေါင်း ၁၁၃ လိုင်း ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့်ပြေးဆွဲပေးနေပြီး ခရီးသည် ၉ သိန်းနီးပါးစီးနင်းမှုရှိကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 6 june 2022
၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၂) နှစ် မြောက်နှစ်ပတ်လည်နေ့ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သံတမန်ဆက်ဆံရေးထူထောင်ခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက “တရုတ်နိုင်ငံနှင့် ရေစက်ဆုံခြင်း - ရုပ်ပုံဖြင့် မိမိနှင့်တရုတ်နိုင်ငံကြောင်းကို ပြောပြခြင်း” ခေါင်းစဉ်နဲ့ အစီအစဉ်တစ်ခုကို Facebook မှာ ကျင်းပနေပါတယ်၊၊
တရုတ်နိုင်ငံနဲ့ ရေစက်ဆုံပုံကို ရုပ်ပုံတစ်ပုံနဲ့ဖော်ပြ အကြောင်းအရာတွေကတော့ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်း၊ ပညာတော်သင်သွားရောက်ခြင်း၊ အလုပ်လုပ်ခြင်း၊ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းတို့အပြင် တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ် ဖတ်ရှုခြင်း၊ တရုတ်ရုပ်မြင်သံကြားဇာတ်လမ်းတွဲတစ်ကား ကြည့်ရှုခြင်း၊ တရုတ်သူငယ်ချင်းတစ်ဦးနှင့် မိတ်ဆွေဖွဲ့ခြင်းစသဖြင့် ထည့်သွင်းဖော်ပြကြရတာဖြစ်ပါတယ်။
အစီအစဉ် နောက်ဆုံးရက်မှာ ဇွန်လ ၇ ရက်နေ့ဖြစ်ပြီး တရုတ်သံရုံးက ဇွန်လ ၈ ရက်နေ့ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ်ပတ်လည်နေ့မှာ ထူးချွန်လက်ရာများကို Facebook မှာ ဖော်ပြသွားမှာဖြစ်ပြီး ပါဝင်သူတွေကို လက်ဆောင်မွန်တွေပေးအပ်သွားမှာ ဖြစ်ပါတယ်၊၊ အသေးစိတ်သိရှိလိုသူတွေအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ Facebook page မှာလေ့လာနိုင်မှာဖြစ်ပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 1805 of 2035