#LocalNews
Published _ 12 December 2022
HiJet တစ်စီးကို ကုန်တင်ကားကြီးကဝင်တိုက်၍ လူသေဆုံးမှု သံဖြူဇရပ်-ရေးလမ်းမကြီး တွင် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရွှေဟင်္သာလူမှုကူညီရေးအသင်း(မော့ကနင်) က သိရသည်။
အဆိုပါ ယာဉ်ကို ဝင်တိုက်ခဲ့သော ကုန်တင်ကားကြီးမှာထွက်ပြေးမောင်းနှင်သွားကြောင်း၊Hijet ယာဉ်ပေါ်ပါ ခရီးသည် ၁၁ ဦးအနက် အမျိုးသမီးတစ်ဦးသေဆုံးကာ ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြကြောင်း အဆိုပါ အသင်း၏ တာဝန်ရှိသူကပြောသည်။
"ဒဏ်ရာရသူတွေထဲမှာက ပြင်းထန်တဲ့ ဒဏ်ရာရသူတွေကို မော်လမြိုင်ဆေးရုံကို ပို့ပါတယ်။ကျန်တဲ့သူတွေကတော့ လမိုင်းဆေးရုံမှာ ကုသမှုခံယူနေကြပါတယ်" ဟု ၎င်းကပြောသည်။
ymg/mt
#Yangon_Media_Group




#Local _News
Published _ 12 December 2022
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပမယ့် ၁၅ ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်မှာ နိုင်ငံကျော်တေးသံရှင်တွေ လာရောက်သီဆိုဖျော်ဖြေသွားမယ်လို့ ပန်းပွဲတော်ကျင်းပရေးကော်မတီကနေ အခုလိုပဲ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 12 December 2022
ထိုင်းနိုင်ငံ Sichon စီရင်စုရှိ ကျေးလက်လမ်းဘေးတွင် မြန်မာရွှေ့ပြောင်းအမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းမှာ ကျန်းမာရေးမကောင်းဖြစ်ပြီး သေဆုံးခဲ့သည်ဟု ယူဆ၍ရကြောင်း၊သေဆုံးသူမှာ အသက်(၅၆)နှစ်အရွယ် မြန်မာနိုင်ငံသား ဦးစိုးပိုင်ဆိုသူ ဖြစ်ကြောင်း ရဲမှူးကြီး Veeraya Kochaborirak ၏ ပြောစကားကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
ယင်းမှာ Sichon မြို့ရှိ ရာဘာခြံ အလုပ်သမားတစ်ဦးဖြစ်ကြောင်း၊ဦးစိုးပိုင်၏ မိတ်ဆွေများ ပြောပြချက်အရ ၎င်းမှာ တနင်္ဂနွေညကတည်းက ပျောက်သွားပြီးနောက် ယနေ့ တနင်္လာနေ့ နံနက်တွင် Sichon ရှိ Moo 8 ရွာ လမ်းဘေးတစ်နေရာ၌ သေဆုံးလျက်သား တွေ့ခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းအာဏာပိုင်များက အလောင်းကို စစ်ဆေးကြည့်ရာတွင် ထိခိုက်ဒဏ်ရာမရှိသည့်အပြင် ခန္ဓာပေါ်၌လည်း အကြမ်းဖက်ခံထားရခြင်းမျိုး မတွေ့ရကြောင်း၊ မှုခင်းဆရာဝန်၏ ပြောဆိုချက်အရ နာတာရှည်ရောဂါကြောင့် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချထားကြောင်း သိရသည်။
ယခုအခါ ဦးစိုးပိုင်၏ ရုပ်အလောင်းကို သက်ဆိုင်သော မိသားစု ဆွေမျိုးအပေါင်းအသင်းများဖြင့် နာရေးပြုလုပ်နိုင်ရန် Tai Teck Tung Foundation တွင် ထားရှိကြောင်းလည်း ဘန်ကောက်ပို့စ် တွင် ရေးသားထားသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_12 December 2022
ခြောက်လတာကာလအတွင်း ဗဟိုဘဏ်မှ ရည်ညွှန်းနှုန်းအတိုင်း စားအုန်းဆီလုပ်ငန်းရှင်တွေထံ အမေရိကန်ဒေါ်လာ (၈၂) သန်း ရောင်းချပေးခဲ့ကြောင်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်း၏ ပြောကြားချက်မှ သိရသည်။
အဆိုပါ ဒေါ်လာ (၈၂) သန်းအနက် (၅၉) သန်းနှင့် ညီမျှသည့် ပမာဏကိုအသင်း၏ ကြီးကြပ်မှုနှင့်အတူ စားသုံးဆီစုစုပေါင်း (၄၅၂၀၈ ဒသမ ၇၂) တန် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပြီး ကုမ္ပဏီတွေကနေတစ်ဆင့် စားသုံးဆီ (၁၇၀၅၁ ဒသမ ၁၃) တန်ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒအတိုင်း ပြည်ပမှ တစ်လလျှင်စားအုန်းဆီတန်ချိန် (၅၀,၀၀၀) ထက် ပိုမသွင်းရန် ဆောင်ရွက်နေပြီး Edible Oil Industry Value Chain နှင့် စားသုံးဆီကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်သွားရန် အစီအမံများ ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကနေ အဓိထားတင်သွင်းနေရကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local _News
Published _ 12 December 2022
ပြည်တွင်းအသေးစားလုပ်ငန်းလုပ်ကိုင်သူတွေ ဦးစီးကျင်းပမည့် Local Brand များအပါအဝင် ပြည်တွင်းဖြစ် လက်မှု အနုပညာပစ္စည်း ဈေးရောင်းပွဲတော်ကို လာမည့် ဒီဇင်ဘာ၂၅ ရက် ခရစ်မတ်နေ့မှာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ Vintage Luxury Yacht တတိယထပ်တွင် ပြုလုပ်သွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၂၅ ရက် နေ့လညျ ၂ နာရီမှ ည ၈ နာရီ အတွင်း ရောင်းချပြသသွားမှာဖြစ်သည်။
ကိုယ်တိုင်ဖန်တီးပုံဖော်ထားသည့် ပန်းချီကားများ၊ အနုပညာလက်ရာများ၊ လက်ဝတ် ရတနာအဖြစ် ပုံဖော်ထားသည့် ပယင်းများ၊ တိုင်းရင်းသားရိုးရာအထည်များနှင့် မြန်မာ့ရိုးရာမုန့်များပါ ပါဝင်ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။
ယခုလိုရောင်းချပေးသည့်အတွက် အသေးစားလုပ်ငန်းလုပ်ကိုင်နေသူများရဲ့ အလုပ် အကိုင်အခွင့်အလမ်းနှင့် ဈေးကွက်မှာ နှစ်ဦးနှစ်ဘက် အကျိုးအမြတ်ရရှိစေမှာဖြစ်ကြောင်း သိရသည်။
ဆိုင်ခန်းများကို တစ်ခန်းလျှင် ငွေကျပ် ၅၀၀၀၀ဖြင့် ဌားရမ်းနိုင်ပြီး ဝင်ကြေးအခမဲ့ ဖြစ်ကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangon_Media _Group
#Local _News
Published _ 12 December 2022
စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ရွှေဘိုပေါ်ဆန်းကို မြန်မာနိုင်ငံရဲ့ပထမဆုံးပထဝီဒေသဆိုင်ရာ ညွှန်းကိန်း(GI) ထုတ်ကုန်အဖြစ် သတ်မှတ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။
ပြည်တွင်းရှိ ထုတ်ကုန်များကို GI လျှောက်ထားနိုင်ရန် ပြင်သစ်နိုင်ငံရှိ AFD မှ ၂၀၁၈ ခုနှစ်က စစ်တမ်းကောက်ယူခဲ့ပြီး ရွှေဘိုပေါ်ဆန်း၊ ရွာငံကော်ဖီ၊ ဟန်မြင့်မိုရ်စိန်တစ်လုံး၊ ပုဂံယွန်းထည်၊ သနပ်ခါးနှင့် လက်ဖက်စသည့် ထုတ်ကုန်များထဲတွင် ယခု ရွှေဘိုပေါ်ဆန်းအား ကနဦးရွေးချယ်ခဲ့ကြောင်း သိရှိရသည်။
ရွှေဘိုပေါ်ဆန်း ကို GI ထုတ်ကုန်အဖြစ် သတ်မှတ်နိုင်ရန် ပြင်သစ်နိုင်ငံ AFD အကူအညီဖြင့် ၂၀၂၂မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၂ ဒီဇင်ဘာလ မှာ အပြီးသတ်ဖို့ လျာထားခဲ့ပေမယ့် ကိုဗစ် ၁၉နှင့် အခြားသောအခြေအနေများကြောင့် လာမည့် ၂၀၂၃ ခုနှစ် ဇွန်လမှာ အပြီးသတ်သွားမည်ဖြစ်ကြောင်းလည်း အသင်းမှ သိရသည်။
ရွှေဘိုပေါ်ဆန်း ကို GI ထုတ်ကုန်အဖြစ် သတ်မှတ်နိုင်လျှင် မြန်မာ့မျိုးရင်းအဖြစ် နိုင်ငံတကာမှာ သတ်မှတ်နိုင်မှာဖြစ်သလို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူတွေအတွက် ပိုမိုအကျိုးဖြစ်ထွန်းပြီး ပြည်ပစျေးကွက်ကို ချဲ့ထွက်နိုင်မှာဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိမှာတော့ စိုက်ပျိုးတဲ့ ပမာဏနည်းပါးခဲ့သည့်အတွက် ရွှေဘိုပေါ်ဆန်း တစ်အိတ်ကိုဆန်အမျိုးအစားပေါ်မူတည်ပြီး ငွေကျပ် ၁သိန်းအထိပေါက်စျေးရှိနေကာ စပါးတင်း ၁၀၀ကို ၂၆သိန်းအထိ စျေးရှိနေသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_12 December 2022
ဒီဇင်ဘာလ ၁၂ ရက်မှ ၁၈ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ ၄၅၁၅ ကျပ် သတ်မှတ်ထားပြီး ပြီးခဲ့သည့် တစ်ပတ်ထက် ၁၀၀ ကျော်ကျဆင်းလာကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိဈေးကွက်ထဲတွင် စားအုန်းဆီးဈေးနှုန်းမှာ တစ်ပိဿာ ၆၀၀၀ ဝန်းကျင်အထိ ကျဆင်းလာကြောင်း၊ ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1804 of 2451