#Local_News
Published_3 September 2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ဧရာဝတီဘဏ်ခွဲ(၂၆)ကို ဝင်ရောက်ဓားထောက်ဓားပြတိုက်ခဲ့သူအား ဖမ်းဆီးရမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
စက်တင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပြည်လမ်းရှိတဲ့ ဧရာဝတီဘဏ်ခွဲ(၂၆)မှာ အတွင်းသို့ အသက်(၃၀)နှစ်ခန့်ရှိ MASK တပ်ထားသူ အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ဘဏ်ဝန်ထမ်း မဆွေဆွေဝင်းအား အသင့်ယူဆောင်လာသောဓားဖြင့်ထောက်ကာ ခြိမ်းခြောက်၍ ကောင်တာပေါ်မှ ငွေများကို ပါလာသည့်ကျောပိုးအိတ်အတွင်းထည့်ခိုင်းခဲ့ကြောင်း သိရသည်။
ယင်းသို့ ခြိမ်းခြောက်လုယက်နေစဉ် ဘဏ်အတွင်းရှိဝန်ထမ်းများ၊ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့သောကြောင့် ဓားထောက်ဓားပြတိုက်သူက ကျောပိုးအိတ်ကိုထားကာ ဘဏ်အတွင်းက ထွက်ပြေးသွားခဲ့ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ညနေ ၄ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် ၎င်းအား လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ မြကန်သာ(၂) လမ်း၊ အမှတ်(၆၇၈)အနီးတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဓားပြမှာ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ သီရိမြိုင် (၈)လမ်း၊ တိုက်(၅၉၅)နေ အသက် ၂၉ နှစ်ရှိ စိုးသီဟဆိုသူဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_2 September 2022
ကိုဗစ်နဲ့ပတ်သက်လို့ ဆက်သွယ်အကူအညီတောင်းခံနိုင်တဲ့ Hotline တွေနဲ့ ကွာရန်တင်းစင်တာတွေ ထပ်တိုးဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_2 September 2022
ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမယ့် မြောက်ဦးဒေသရှိမြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကို အဆင့်မြှင့်တင်ပြုပြင်တာတွေဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)ညွှန်ကြားရေးမှူး ဦးကြည်ခင်ကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 2 September 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ တစ်ကျပ်သား ငါးမူးသားနဲ့ တစ်မတ်သား ရွှေဒင်္ဂါးပြားတွေကို ဒီကနေ့ စက်တင်ဘာလ ၂ရက်နေ့ကစပြီး ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ကျောက်မြတ်ရတနာခမ်းမတွင် စတင်ရောင်းချပေးနေပြီပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-2 Setember 2022
ဒီနေ့ (စက်တင်ဘာလ ၂ ရက်) မှာလည်း စက်သုံးဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေး ထပ်မံကျဆင်းလာတယ်လို ဈေးကွက်အတွင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 2 September 2022
၁။ စက်သုံးဆီဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးထပ်မံကျဆင်းလာ
၂။ ရွှေဒင်္ဂါးပြားများကို ရွှေဈေးကွက်တည်ငြိမ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ယနေ့မှစ၍ ရောင်းချပေးနေ
၃။ အာဆီယံနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် လာမည့်ခရီးသွားရာသီအတွက် အထောက်အကူပြုဟုဆို
၄။ လွန်ခဲ့သည့်ရာစုနှစ်(၄)ခုမှ အဝတ်ဒီဇိုင်းပုံစံအား ပြန်လည်ဖန်တီးလျက်ရှိသည့် ပြင်သစ်အိန္ဒိယလူမျိုးဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 2 September 2022
ဒီဘဏ္ဍာနှစ်အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်ကာလတူထက် ၂၄၅ သန်းကျော် လျော့ကျ နေတယ်လို စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
#Yangon_Media_Group
Page 1773 of 2209