#Local_News
Published_21 June 2022
ငွေသိန်းတစ်ထောင်ဝန်းကျင်နဲ့ ပြန်ပေးဆွဲခံထားရတဲ့ မြန်မာ-ဘင်္ဂလားနယ်စပ်၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲမြို့၊ သင်္ဘောလှမူလွန်ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး အသက် ၃၉ နှစ်ဝန်းကျင် အရွယ် ဦးဘိုဝင်းနဲ့ သူ့ရဲ့လက်ထောက်ဆရာမ အသက် ၂၇ နှစ်ဝန်းကျင် အရွယ် ဒေါ်ဥမ္မာကျော် တို့ကို ရှာဖွေတာ ရပ်လိုက်ပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 21 June 2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၀ ရက်တွင် ၁၃၂ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။
ထိုသို့ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာကန့်သတ် စောင့်ကြည့် ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ် ထားရှိကာ ကိုဗစ်ရောဂါ ပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၇၆ ဦး၊ အမျိုးသမီး ၅၆ ဦး စုစုပေါင်း ၁၃၂ ဦး ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_21 June 2022
ပြည်တွင်း စက်သုံးဆီစျေးနှုန်း တစ်လီတာလျှင် ကျပ် ၁၀၀ ကျော် ဝန်းကျင်အထိ ကျဆင်းလာကြောင်း စက်သုံးဆီဆိုင်များ၏ ထုတ်ပြန်ထားသည့်စျေးနှုန်းများအရ သိရသည်။
ယမန်နေ့တွင် စက်သုံးဆီအရောင်းဆိုင်များ၏ ထုတ်ပြန်ထားသည့် စျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၃၄၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂၅၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၇၂၀ ကျပ် ရှိခဲ့ပြီး ယနေ့ စက်သုံးဆီစျေးနှုန်းမှာ၉၂ တစ်လီတာလျှင် ၂၁၄၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂၄၄၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၅၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၆၂၀ ကျပ် အထိ ကျဆင်းလာကြောင်း စျေးနှုန်းများအရ သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားစျေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီစျေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 21 June 2022
၁။ ထိုင်းနိုင်ငံသားတစ်ဦးသေဆုံးမှုတွင် လက်ဗွေရာတွေ့သည်ဆိုသော မြန်မာနိုင်ငံသားတစ်ဦးအတွက် အာမခံရရှိရေးလုပ်ဆောင်မည်
၂။ ဆရာတော်၊ သံဃာတော်များ၏ ပုံတူများကို ဆီလီကွန်ပုံတူတော်ပြုလုပ်ပြီး ပူဇော်သူများနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မက္ကဆီကိုတွင် လူအများဆုံးပါဝင်သည့် လက်ဝှေ့သင်တန်းကျင်းပပြီး ကမ္ဘာ့စံချိန်အသစ်တင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 June 2022
မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေးစခန်းများသို့ ရောက်နေကြသည့် မြန်မာနိုင်ငံသားများအား နေရပ်သို့ ဆက်လက်ပို့ဆောင်နိုင်ရန် ဆွေးနွေးနေကြကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် မလေးရှားနိုင်ငံနှင့် ထိုင်းနယ်စပ်ရှိ Tanah Merah လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းအတွင်း ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား သံရုံးဒုတိယအတွင်းဝန်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ကြောင်း အဆိုပါ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Tanah Merah လူဝင်မှုကြီးကြပ်ရေးဌာနထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံသား အမျိုးသား ၇၈ဦး၊ အမျိုးသမီး ၂၃ဦး၊ ကလေးနှစ်ဦး စုစုပေါင်း ၁၀၃ ဦး ထိန်းသိမ်းခံထားရကြောင်း၊ ယင်းတို့အား ဒုတိယအတွင်းဝန်နှင့် တာဝန်ရှိသူများက အားပေးစကားပြောကြားကာ ထိန်းသိမ်းခံထားရသည့်သူများအနက် အထောက်အထား ပြည့်စုံသူများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 21 June 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင်သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ဖယ်ရှားနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းမြို့နယ်ဖြစ်သည့် လသာမြို့နယ်၊ ၂၄ လမ်းနှင့် ရွှေတိဂုံဘုရားလမ်းတစ်လျှောက်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသော အဆိုပါ ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို မြို့နယ် လျှပ်စစ်မန်နေဂျာရုံး ဝန်ထမ်းများနှင့် တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများမှ ပူးပေါင်းရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
တရားမဝင် ကေဘယ်လ်ကြိုးများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖယ်ရှားရန် ကြေညာထားသော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင် ဆက်လက် သွယ်တန်းထားနေသောကြောင့် ယင်းသို့ရှင်းလင်းခဲ့ရကြောင်း အဆိုပါဌာနမှ သိရသည်။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်က အဆိုပါ ကေဘယ်ဘ်ကြိုးများကို ဌာနဆိုင်ရာမှ ဝိုင်းဝန်းရှင်းလင်းခဲ့ကြပြီး အခြားမြို့နယ်များတွင်လည်း တရားမဝင်သွယ်တန်းထားခြင်းများရှိမရှိ လိုက်လံစစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 21 June 2022
ရန်ကုန်မြို့၏ ပထမဦးဆုံး Informative Digital Map မြေပုံစီမံကိန်းရေးဆွဲမှု ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းဌာနက သိရသည်။
ရန်ကုန်မြို့တော် တိုးတက်ရေးအတွင် ရေးဆွဲသည့် အဆိုပါမြေပုံကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် မတ်လထိ ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။
အနာဂတ်တွင် မြေတိုင်း ရည်ညွှန်းစခန်း (CORS) ငါးခု နှင့် Data Center ထွက်ပေါ်လာ ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့သော အဆိုပါ Informative Digital Map တွင် ရန်ကုန်မြို့၏ မြေပြင်ရှိ အဆောက်အအုံများဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ကောက်ခံရာတွင် အရေးပါကြောင်း သိရသည်။
ယင်းမြေပုံတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် ၃၃ မြို့နယ် ဧရိယာအတွင်းရှိ အဆောက်အဦတစ်သန်းခန့်တွင် နေထိုင်ကြသည့် လူဦးရေ ခုနစ်သန်းကျော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်သွားလာမှု၊ ကုန်စည်စီးဆင်းမှုများ ဘေးကင်းလုံခြုံမှုအပြင် မြို့ပြပြည်သူများ၏ ယာဉ်ရပ်နားနေရာများ၊ ကိုယ်ကာယကျန်းမာရေးနေရာများနှင့် မရှိမဖြစ်လိုအပ်သော အစိမ်းရောင်မြက်ခင်းများနေရာများကို လည်း ပူးတွဲထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြေပုံဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ရန်ကုန်မြို့ပတ်လမ်း အတွင်းဘက် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်ကို၊ မြေပုံစကေး ၁:၅၀၀၀ ဖြင့် လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး အနောက်တောင်ဒေသနယ်မြေကို မြေပုံစကေး ၁:၁၀၀၀၀ ဖြင့် လည်းကောင်း Digital Topographic Map ကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
ဇုန်များကို သတ်မှတ်ရာတွင် လူနေထိုင်မှု အလွှာလေးမျိုး၊ စီးပွားရေး နှစ်မျိုး၊ စက်မှုအလွှာနှစ်မျိုး ၊ စုစုပေါင်းအလွှာ ရှစ်ခုဖြင့် ဆောင်ရွက်ထားကြောင်း၊ အဆိုပါ အလွှာများထဲမှ Public Facility Layer အလွှာတွင် လက်လီလက်ကား ဈေး၊ မီးသဂြိုလ်စက်၊ သင်္ချိုင်း၊ သားသတ်ရုံ၊ အမျိုးသား အားကစားရုံ၊ အကျဉ်းထောင်၊ ပန်းခြံနှင့် အားကစားကွင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော အများနှင့်သက်ဆိုင်သည့် ဧရိယာများပါဝင်ကြောင်း သိရသည်။
Technical Infrastructure Layer အလွှာတွင် အဓိကလမ်းအဆင့်တစ်နှင့် အဆင့်နှစ် မီးရထားလမ်း၊ လေဆိပ်၊ ရေဆိုး စွန့်ပစ်စနစ်၊ မြစ်ချောင်း အင်းအိုင်၊ ရေပေးဝေခြင်း၊ အမှိုက်စွန့်ပစ်မှုနေရာ၊ လျှပ်စစ်၊ ဆိပ်ကမ်းနှင့် အခြား၊ District Plan နှင့် Big Projectproposal များကို သီးခြားအလွှာဖြင့် ဖော်ပြသွားမည်ဖြစ်ကြောင်း၊ Layer အလွှာအားလုံး စုပေါင်း၍ Overview ဖြင့် ရန်ကုန် Zoning Plan တွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1769 of 2038