#LocalNews
Published_26 May 2022
ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး ကို သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်းမှသိမ်းဆည်းရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မေလ ၂၄ ရက်က အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၃၁၁၀၃၈၃) ကို သိမ်းဆည်းရမိခဲ့သောကြောင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေလ ၂၃ ရက်ကလည်း ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့် Light Truck (RHD) အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၁၄၆၈၈)ကို သိမ်းဆည်းရမိခဲ့သောကြောင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူထားကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_25 May 2022
လာမယ့် ပွင့်လင်းရာသီမှာ ပြည်ပခရီးသွားအရေအတွက်ဟာ သိန်းဂဏန်းထိ ဝင်ရောက်နိုင်မယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားပါတယ်။
#Yangon_Media_Group
#LocalNews
Published -25 May 2022
မျိုးသုဥ်းမပျောက်ကွယ်အောင်နဲ့ ထိုင်းနဲ့တရုတ်မှောင်ခိုဈေးကွက်ထဲမရောက်အောင် မော်လမြိုင်၊မြိုင်သာယာအောင်ဆန်းလမ်းမှာ ဖမ်းမိတဲ့(၂)ပိဿာရှိတဲ့ သင်းခွေချပ်ကို ဝယ်ယူပြီး ဘေးမဲ့တောထဲကိုဘေးမဲ့ပြန်လွှတ်ခဲ့တယ်လို ကိုဇင်မိုးက YMG ကို ပြောပါတယ်၊၊
သဘာဝကို မပျက်စီးစေချင်လို့ အဲဒီ့သင်းခွေချပ်ကို ဖမ်းမိတဲ့သူထံမှ ကိုဇင်မိုးနဲ့ကိုသားကြီးတို့ကျပ် (၅)သောင်းနဲ့ ဝယ်ယူပြီး ဘေးမဲ့ပြန်လွှတ်ခဲ့တာ ဖြစ်ပါတယ်၊၊
"သင်းခွေချပ်ဆိုတာ ရှားပါးပြီးတော့ မျိုးသုဥ်းတော့မယ့် သတ္တဝါထဲမှာပါတယ်၊၊ သူက လူကိုအန္တရာယ် မပြုဘူး၊၊ ဒီကောင်ကျတော့ မှောင်ခိုဈေးကွက်ရှိတယ်၊၊
အဓိကက ထိုင်းတိုတရုတ်တို့ကိုတင်ပိုတာများတယ်၊၊ ဈေးတွေကတော့သိန်းနဲ့ချီပေးဝယ်ကြတာများတယ်၊၊ သင်းခွေချပ်အသားကလည်း စားလို့ကောင်းတယ်လို့ပြောတယ်၊၊ သူ့ရဲ့အကြေးခွံတွေဘာတွေကလည်း ဆေးဘက်ဝင်တယ်ဆိုတဲ့အယူအဆကြောင့်ပေါ့လေ"လို့ ကိုဇင်မိုးကပြောပါတယ်၊၊
သင်းခွေချပ်ဟာ ၁၉၉၄ ခုနှစ်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်များကာကွယ်ရေးနှင့်သဘာ၀နယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ လုံး၀ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေစာရင်းမှာ ပါ၀င်ကာ မျိုးသုဉ်းရန်အန္တရာယ်ရှိတဲ့ မျိုးစိတ်လည်းဖြစ်ပါတယ်၊၊
မော်လမြိုင်မှာတော့ သင်းခွေချပ်တွေကို မကြာခဏ ဖမ်းမိပြီး မျိုးသုဥ်းပျောက်ကွယ်မှုမရှိအောင် ဖမ်းမိသမျှသင်းခွေချပ်တွေကို သတ်မှတ်ဘေးမဲ့တောထဲပြန်လွှတ်ပြီး ဘေးမဲ့လွှတ်ပေးကာ သစ်တောဦးစီးဌာနက တည်ဆဲဥပဒေအရကာကွယ်ပေးထားတယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_25 May 2022
မလေးရှားထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၄၀ ဦးအား မြန်မာနိုင်ငံသို့ ယနေ့ မေလ ၂၅ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက သိရသည်။
ယင်းတို့မှ မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသူများဖြစ်ပြီး ထိန်းသိမ်းရေးစခန်းများတွင် သွားရောက်တွေ့ဆုံ၍ ၎င်းတို့ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရေး သံရုံးတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများမှာ BELANTIK ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_25 May 2022
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့်ရွှေကဏန်းနှင့် ကျောက်ပုစွန်တို့တွင် Virus ပိုးတွေ့ရှိ၍ တင်ပို့မှုကို ယာယီရပ်ဆိုင်းထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
Virus ပိုးတွေ့ရှိကြောင်း တရုတ်နိုင်ငံဘက်မှ သတိပေးခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပို့ကုန်များကိုစစ်ဆေးရာ ရခိုင်ပြည်နယ်မှ ရွံ့ဂဏန်းနှင့် ကျောက်ပုစွန်တို့တွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ပိုးပါသည့် ဒေသကိုအတိအကျသိရှိစေရန်နှင့် ပိုးတွေ့ဒေသမှ ထွက်ကုန်ကို ယာယီပိတ်ထားနိုင်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ်အလိုက်မှထွက်သောရွှေကဏန်းနှင့် ကျောက်ပုစွန်များကို ရန်ကုန်ရှိဓာတ်ခွဲခန်းသို့ ပေးပို့၍ စစ်ဆေးနေကြောင်းသိရသည်။
"မေလ ၂၃ ရက်နေ့က တရုတ်ကိုတင်ပို့တာတွေ ယာယီရပ်ထားတယ်။အခု ဓာတ်ခွဲခန်းမှာ စစ်ဆေးနေပြီ၊ ပြီးခဲ့တဲ့နှစ်ကလည်း ဂုံးတစ်မျိုးမှာရောဂါပိုးတွေ့တာကို ထပ်ပြီးပို့ခဲ့တာကြောင့် ခုထက်ထိ တင်သွင်းခွင့်မရတော့ဘူး။စစ်ဆေးနေချိန်၊စစ်ဆေးနေချိန်မှာ ခိုးပြီးတော့ တင်သွင်းတာမလုပ်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ပူးပေါင်းဆောင်ရွက်ကြစေချင်ပါတယ်"ဟု ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူကပြောသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ရခိုင်ပြည်နယ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ကျောက်ပုစွန်တန်ချိန် ၁၀၀ ကျော် ၊ ရွှကဏန်းတန်ချိန် ၄၀၀ ကျော်ခန့်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published -25 May 2022
ကိုဗစ်ကာလမှာဆောင်ရွက်ဖို့ ခက်ခဲခဲ့တဲ့ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်ပြီး လုံခြုံရေးအရအဆင်ပြေတဲ့နေရာတော်တော်များများမှာ ထိုးနှံပေးနိုင်ပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_25 May 2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့မှာရှိတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်( ၁)ကို ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ မနေ့က မနက် ၁၀ နာရီခွဲအချိန် ထိုင်းနိုင်ငံ မယ်ဆိုင်ဖက်ကမ်း ချက်ပွိုင့်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1768 of 1973