#LocalNews
Published - 23 Dec 2021
ကိုဗစ်-၁၉ Vaccine မထုပ်ပိုးရသေးသောအရည် (RTF Bulk) ဝယ်ယူရေး Sinopharm CNBG နှင့် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနတို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်၊ ပေကျင်းနှစ်နေရာမှ သီးခြားစီတက်ရောက်ခဲ့ကြပါတယ်။
သံအမတ်ကြီး Mr. Chen Hai က "Sinopharm CNBG နှင့် မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာနတို့ ကိုဗစ်-၁၉ Vaccine RTF Bulk ဝယ်ယူရေးစာချုပ်လက်မှတ်ရေးထိုးတာဟာ တရုတ် - မြန်မာနှစ်နိုင်ငံက Vaccine အရည်ထုပ်ပိုးမှု ပူးပေါင်းဆောင်ရွက်မှုတွင် အပိုင်းလိုက်ရလဒ်ရရှိမှုကို သင်္ကေတဖော်ပြနေပါတယ်။ မြန်မာနိုင်ငံတွင်ထုတ်လုပ်တဲ့ ပထမဆုံးအသုတ် Sinopharm Vaccine ဆောလျင်စွာထုတ်ပိုးပြီးစီးပြီး ပိုမိုများပြားတဲ့ မြန်မာပြည်သူတွေ မိမိနိုင်ငံတွင်ထုတ်လုပ်သည့် ကိုဗစ်-၁၉ Vaccine အသုံးပြုနိုင်စေဖို့ ဖော်ဆောင်သွားမယ်လို့ " ပြောပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ Vaccine စုစုပေါင်း သန်း ၄၀ ထောက်ပံ့ပေးခဲ့ရာ မြန်မာနိုင်ငံကရရှိတဲ့ Vaccine တွေရဲ့ ၉၀% ကျော်ရှိပြီး မြန်မာနိုင်ငံကနှစ်ကုန်တွင် ဦးတည်အုပ်စု ကာကွယ်ဆေးထိုးနှံမှုနှုန်း ၅၀% ပြီးစီးလိုတဲ့ ရည်မှန်းချက်ကို အခြေခံအားဖြင့်ဖော်ဆောင်နိုင်ဖို့ ကူညီသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအစိုးရက Sinopharm Vaccine အကြိမ်ရေ (Doses) ပေါင်း ၂၆ သန်းကျော် ဝယ်ယူအသုံးပြုခဲ့ပြီး တရုတ်နိုင်ငံမှ Vaccine လှူဒါန်းမှုအများအပြား ရရှိခဲ့ပါတယ်။
"Sinopharm Vaccine သည် ဘေးထွက်ဆိုးကျိုးနည်း၍ အာနိသင်ထက်မြက်သည်ကို လက်တွေ့ဖော်ဆောင်မှုများက သက်သေထူနေကြောင်း၊ ယနေ့ မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာနနှင့် Sinopharm CNBG တို့ Vaccine RTF Bulk ဝယ်ယူရေးစာချုပ် လက်မှတ်ရေးထိုးခြင်းသည် နှစ်နိုင်ငံဆေးဝါးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောသမိုင်းဝင်မှတ်တိုင်ဖြစ်ပါတယ်" ဝန်ကြီး ဒေါက်တာချာလီသန်းက ပြောပါတယ်။
#Yangon_Media_Group