#LocalNews

Published - 23 Dec 2021

 

မြန်မာနိုင်ငံကိုရောက်နေသော အိန္ဒိယနိုင်ငံ အစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla က မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကိုယ်စားလှယ်များထံသို့ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးအလုံးရေ (၁)သန်းကို ဒီဇင်ဘာလ ၂၂ ရက်က လွှဲပြောင်းပေးခဲ့တယ်လို့ အဆိုပါသံရုံး၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ယခုလို လွဲပြောင်းပေးအပ်ခဲ့တာဟာ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ ပြည်သူများအပါအဝင် မြန်မာပြည်သူများအတွက် COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရာတွင် ကူညီထောက်ပံ့နိုင်ရန်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဆိုပါတယ်။

 

နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂၂ ရက်မှ ၂၃ ရက်ထိ ၂ ရက်တာ ခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ၊ အိန္ဒိယ-မြန်မာနယ်စပ်လုံခြုံရေး၊
မြန်မာ့နိုင်ငံရေး စသည်တို့၏ အခြေအနေများကို ဆွေးနွေးကြဖို့ရှိနေတာလည်းဖြစ်ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး။

#Yangon_Media_Group