#LocalNews

Published - 23 Dec 2021

 

ရန်ကုန်-ပဲခူး ယာဥ်လိုင်းသစ်၏ ယာဥ်ထွက်ခွာချိန်နှင့်ယာဥ်စီးခများအား ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အဆိုပါယာဥ်လိုင်းကုမ္ပဏီ၏ ထုတ်ပြန်မှုအရ သိရပါတယ်။

 

ရန်ကုန်-ပဲခူး ယာဉ်လိုင်းထွက်ခွာချိန်ကို ယခုကဲ့သို့ အချိန်ပြောင်းလဲသတ်မှတ်လိုက်တာဟာ ခရီးသွားပြည်သူတွေ သွားလာရပိုမိုလွယ်ကူစေဖို့ဖြစ်ပြီး ယာဥ်စီးခနှုန်းထားများကိုလည်း ခရီးသည်တစ်ဦးလျှင် ရန်ကုန်-ပဲခူး(ခရီးစဥ် အစ/အဆုံး)ဆိုပါက ၂,၀၀၀ ကျပ်နှင့် လှည်းကူး-ရန်ကုန်၊ လှည်ကူး-ပဲခူး ဆိုပါက ၁,၀၀၀ ကျပ်စီသို့ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်တယ်လို့ ယာဥ်လိုင်းကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

 

အဆိုပါ ရန်ကုန်-ပဲခူး ယာဥ်လိုင်းသစ်ကို ပြည်တွင်းထုတ်အဆင်မြင့် Daewoo Bus များဖြင့် ယခုဒီဇင်ဘာလ ၁၅ ရက် နေ့မှ စတင်ပြီး ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပါတယ်။

 

ရန်ကုန်-ပဲခူး ခရီးစဥ်မှာ ပြေးဆွဲသည့်ယာဥ်များသည် ကိုရီးယားနိုင်ငံ၏ နည်းပညာအတိုင်း မြန်မာနိုင်ငံမှာ ထုတ်လုပ်တပ်ဆင်ထားတဲ့ အဆင့်မြင့် Daewoo Intercity Bus BS 106 (Aircon Bus)ယာဥ်များဖြစ်ပြီး ယာဥ်လိုင်းသစ် ခရီးစဥ်လမ်းကြောင်းအနေနဲ့ ပဲခူး(ကျွန်းသာယာအဝေးပြေးဝင်း) - စော်ဘွားကြီးကုန်း - ဒဂုံဧရာအဝေးပြေးဝင်းအထိ တစ်နေ့လျှင် (၆) ခေါက် ပြေးဆွဲပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

#Yangon_Media_Group