#LocalBusiness

Published - 23 Dec 2021

ငါးလုပ်ငန်းကနေ ၆ ဘီလီယံကျော် နိုင်ငံအတွက် နှစ်စဉ် အခွန်ရရှိနေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းတွေအရ တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှု တန်ဖိုး(GDP)တွင် ငါးကဏ္ဍ ထုတ်လုပ်မှုအနေနဲ့ ၄ ဒသမ ၇ ရာခိုင်နှုန်းပါဝင်နေပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငါးလုပ်ငန်းနဲ့ အခွန်ငွေ ၆ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို ရေထွက်ပစ္စည်းတွေကို နယ်စပ်ဂိတ်တွေမှ တစ်ဆင့်တင်ပို့မှု အမေရိကန်ဒေါ်လာ ၃၈၇ သန်းကျော်ရရှိပြီး ပုံမှန်ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာ ၃၉၇ သန်းကျော် ရရှိခဲ့တဲ့အတွက် စုစုပေါင်း တင်ပို့မှုတန်ဖိုး ၇၈၅ သန်းကျော်ရရှိခဲ့ပါတယ်။

ဒ့ါကြောင့် ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၇၈၆ သန်းကျော်ရရှိခဲ့တဲ့အတွက် ငါးလုပ်ငန်းဖြင့် နေ့စဉ် ပျမ်းမျှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ သန်းကျော် ရရှိနေတာ ဖြစ်ပါတယ်။

ရေထွက်ပစ္စည်းတွေကို တရုတ်နိုင်ငံသို့ နှစ်စဉ် အမေရိန်ကန်ဒေါ်လာ ၂၀၀မှ ၂၅၀ ကြား တင်ပို့နေပြီး အရှေ့အလယ်ပိုင်းဒေသ GCC အဖွဲ့ဝင် ၆ နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၇၆ သန်းနဲ့ UAE နိုင်ငံကို အမေရိကန်ဒေါ်လာ ၃၆ သန်း တင်ပိုခဲ့တယ်လို့ သိရပါတယ်။

#YangonMediaGroup