#LocalNews

Published - 23 Dec 2021

 

ပဲခူးမြို့၊ ရုံးကြီးရပ်ကွက် ဟင်္သာလမ်းတွင်ဖွင့်လှစ်ထားသော ဟံသာဝတီညဈေးတွင် အရောင်းအဝယ်သိပ်မကောင်းသေးကြောင်း သိရသည်။

 

"အရောင်းအဝယ်က သိပ်မကောင်းဘူးဆိုပေမဲ့လည်း ညဈေးဆိုပြီး သီးသန့်ရှိနေတာကြောင့် ရောင်းချစားသောက်ဖို့ နေရာတစ်ခု ရှိနေတာဖြစ်လို့ တော်ပါသေးတယ်။ခေတ်ကာလကလည်း ဝင်ငွေမရှိတဲ့သူတွေများနေတာဆိုတော့ အရမ်းတော့မစည်ဘူးပေါ့။ဒါပေမဲ့လည်း မဆိုးပါဘူး"ဟု အဆိုပါညဈေးတွင် ရောင်းချနေသူတစ်ဦးက ပြောပါတယ်။

 

ဟံသာဝတီညဈေးကို ဈေးဆိုင်ခန်းပေါင်း ၁၆၇ ခန်းဖြင့် နေ့စဉ် ညနေ ၄ နာရီမှ ည ၈ နာရီ ခွဲ အချိန်ထိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာလ ၇ ရက်ကပင် ဖွင့်လှစ်ရောင်းချနေခြင်း ဖြစ်သည်။

 

အဆိုပါဈေးကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ငွေ (GRF) နှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေစုစုပေါင်း ငွေကျပ် ၄၅၁ ဒသမ ၃၅၀ သန်းဖြင့် ဟင်္သာလမ်းကို ၁၂၇၄'×၄၀'×၈" ကွန်ကရစ်ခင်း အဆင့်မြှင့်တင်ခြင်း၊ Box Culvert တိုးချဲ့တည်ဆောက်ခြင်း၊ အုတ်ရေမြောင်းနှင့် ပလက်ဖောင်းများဆောင်ရွက်ခြင်း၊ မီးတိုင်စိုက်ထူခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

(ယခင်ပုံဟောင်း ဖြစ်ပါသည်)

#Yangon_Media_Group