#LocalNews

Published - 23 Dec 2021

 

နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃,၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေသိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် နောင်ချိုမြို့အဝင်၊ မန္တလေး-မူဆယ်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)အနီးတွင် ကျောက်မဲမှ မန္တလေးသို့ သန်းထွန်းနိုင်(ခ)ဖိုးညို(၃၇)နှစ် မောင်းနှင်ပြီး စိုင်းအောင်သူဟိန်း(ခ)အိုက်ပြား(၃၁)နှစ် လိုက်ပါလာသည့် HINO ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃,၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယိ။

 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

#Yangon_Media_Group