မေ ၃၁၊နေပြည်တော် — နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာ တိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ပထမအပတ်အတွင်း ကျယ်ပြန့်စွာ ကျင်းပရန် စီစဉ်   ဆောင်ရွက်လျက်  ရှိကြောင်း သိရသည်။  

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်ယူ  နိုင်ရေးအတွက် အဓိကနည်းလမ်းနှစ်ခုဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်သည်။ ပထမနည်းလမ်း အနေ ဖြင့် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများအတွင်းသို့ သင့်တင့်သည့် အချိုးအစားဖြင့် ဆိုလာစနစ်အား ထည့်သွင်းနိုင်ရေး တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။  ဒုတိယနည်းလမ်းအနေဖြင့် တစ်ဦးချင်း ဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆိုလာစနစ်များကို တပ်ဆင်အသုံးပြုနိုင်ရေးအတွက်ပါ ဆောင်ရွက်သွား မည်ဖြစ်သည်။  

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဆိုလာနည်းပညာနှင့် ဘက်ထရီနည်းပညာဆိုင်ရာ ပညာရှင်များ၊ လုပ်ငန်း  ရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေး အကြံပြုနိုင်ရန် ဖိတ်ခေါ်ထားသည်။  

မြန်မာနိုင်ငံသည် နေရောင်ခြည်စွမ်းအင်ကို ပေါကြွယ်ဝစွာ ရရှိနေသော်လည်း လက်ရှိအချိန်အထိ နေရောင်ခြည်စွမ်းအင် အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်မှုပမာဏသည် နည်းပါးလျက်  ရှိနေသေးသည်။  

ထို့ကြောင့် နေရောင်ခြည်စွမ်းအင် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အပိုင်းလိုက် ကြုံတွေ့ နေရသည့် နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများကို ပူးပေါင်း ဖြေရှင်းရန် လိုအပ်လျက်ရှိသည်။ ယခုဆွေးနွေးပွဲမှတစ်ဆင့် ယင်းစိန်ခေါ်မှုများကို ဆွေးနွေးအဖြေရှာ ခြင်းဖြင့် အကျိုးရှိထိရောက်သည့် အစီအမံများနှင့် စီမံကိန်းများ လျင်မြန်စွာ အကောင်အထည် ပေါ်လာ  မည်ဖြစ်ကြောင်း မျှော်မှန်းထားသည်။  

ဆက်သွယ်ရန်

အဆိုပါ နေရောင်ခြည်စွမ်းအင် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖိတ်ခေါ်ထားပြီး၊ ဆွေးနွေးလိုသည့် ခေါင်းစဉ်များကို အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာများသို့ ပေးပို့နိုင်ကြောင်း အသိပေးထားသည်။  

ဆက်သွယ်ရန် - ဦးမျိုးသန့်ထွန်း (ညွှန်ကြားရေးမှူး)  

ဌာန - လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန  

ဖုန်းနံပါတ် - ၀၉ ၄၃၀၁၆၆၉၀၊ ၀၆၇ ၃၄၁၀၄၇၁

အီးမေးလ် - This email address is being protected from spambots. You need JavaScript enabled to view it.