Published - 11 Jan 2022
မြန်မာတွင် အိုမီခရွန်ရောဂါပိုးရှိသူ (၃) ဦးကို ထပ်မံတွေ့ ရှိခဲ့ကြောင်း နစက ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်၊ ည ၈ နာရီ အချိန်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူ မြန်မာနိုင်ငံသား (၃)ဦးမှာ Relief Flight များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူများ ဖြစ်တယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ(၄)ခုအား (၉-၁-၂၀၂၂)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စစ်ဆေးခြင်းကို အမှတ်(၁)
တပ်မတော်ဆေးရုံကြီး ခုတင်(၁,၀၀၀)တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ(၃)ခုတွင် တွေ့ ရှိရခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ
ကုသ စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး
၎င်းသူတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း အသွားအလာ ကန့်သတ်ခြင်း(Strict Quarantine)နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg/kg
#Yangon_Media_Group