#LocalNews

Published - 14 Dec 2021

 မြန်မာနိုင်ငံနဲ့ အဓိကကုန်သွယ်နေတဲ့ နိုင်ငံတချို့မှာ ကျပ်ငွေနဲ့ တိုက်ရိုက်ပေးချေနိုင်ဖို့ သဘောတူလက်မှတ်ရေးထိုးထားပြီး ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

မြန်မာကျပ်ငွေနဲ့ တိုက်ရိုက်ပေးချေနိုင်ဖို့  အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့နဲ့ သဘောတူ လက်မှတ်ရေးထိုးတယ်လို့ နေပြည်တော်မှာ မနေ့က ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ နစက ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ပြည်ပနိုင်ငံတွေနဲ့ စီးပွားရေးကုန်သွယ်မှု မြှင့်တင်ရေးနိုင်ရေးအတွက် အလေးထား ဆောင်ရွက်နေပြီး မြန်မာကျပ်ငွေနဲ့ ၎င်းတို့နိုင်ငံသုံးငွေ တိုက်ရိုက်ပေးချေနိုင်ဖို့ အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့နဲ့ သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး ပြန်လည် ကောင်းမွန် လာအောင် ဘက်ပေါင်းစုံမှ အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်” လို့ ၎င်းက ပြောပါ တယ်။

မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်ရေးလုပ်ဆောင်တဲ့နေရာမှာ ငွေပေးချေမယ်ဆိုရင် မြန်မာကျပ်ငွေကို ကန်ဒေါ်လာ လဲလှယ်ပြီး ပေးချေတာတွေ၊ ကုန်သွယ်တဲ့နိုင်ငံရဲ့ သုံးငွေကို ကန်ဒေါ်လာကို လဲလှယ်ပြီးမှသာ ပေးချေလုပ်ဆောင်ရတာ ဖြစ်ပါတယ်။